Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏  ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအခြောက်ခံစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့လျင် စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေများနှင့် စပါးအခြောက်ထွက်ရှိမှုများ၊ မိုးရွာသွန်းမှုကြောင့် စပါးများ အခြောက်ခံရန်အတွက် အခက်အခဲမရှိစေရန် စပါးအခြောက်ခံစက်များဖြင့် စပါးအ၀ယ်ဒိုင်ဖွင့်လှစ် ၀ယ်ယူပေးနေမှုကြောင့် တောင်သူများ သင့်တင့်သည့် စပါးစျေးနှုန်းရရှိမှုများ၊ ဈေးကွက်သို့တင်ပို့မှုနှင့် ဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ရာ စပါးအခြောက်ခံစက်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ စပါးအခြောက်ခံစက်သည် တစ်နေ့လျှင်(၁၆)နာရီလည်ပတ်ကြောင်းသိရပြီး စပါးအခြောက် (၂၆၀၀)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ မြို့တော်ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေသည် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၄) ခု၏ လုပ်ငန်းတာဝန်များ၊ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး  ပြည်တွင်းထုတ်ကုန်များ၊ ဒေသထွက်ကုန်များဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံအတွင်းထုတ်ကုန်များအား နယ်စပ်ကုန်သွယ်ရေးဂိတ် (၁၄) ခုမှ တစ်ဆင့် ပို့ကုန်/ သွင်းကုန် ဆောင်ရွက်ခြင်း၊ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့၍ ပို့ကုန်ဝင်ငွေ တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံလိုအပ်သည့်နိုင်ငံခြားငွေအား ကမ္ဘာ့ဘဏ်အသီးသီးမှ ထုတ်ချေး၍ ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံအသီးသီးမှ လိုအပ်နိုင်ငံခြားငွေကို ကြွေးမြီရယူ၍ ဆောင်ရွက်ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်း စားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူပေးနေရကြောင်း၊ အထူးအားဖြင့် သွင်းအားစု (၃) မျိုး ဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ ၊ ဆန်စက်အပိုပစ္စည်းနှင့် ဘွိုင်လာတင်သွင်းမှုများအား ဆန်စပါးအသင်းချုပ်မှတစ်ဆင့် ခွင့်ပြုဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ ဆန်/ဆန်ကွဲတန်ချိန် (၁.၅၃၈) သန်း တင်ပို့ထားရှိပြီး ယခုနှစ်အတွင်း (၃) သန်း တင်ပို့ရန် လျာထားသတ်မှတ်ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဝင်ငွေသတ်မှတ် လျာထားပေးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတိုင်းသည် စပါး/ဆန် အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် စပါးကျီဖြစ်သည့်နှင့်အညီ မိုး/နွေ စပါးစိုက်ဧက (၅၂) သိန်း၊ ပဲစိုက်ဧက (၁၇) သိန်း၊ ဆီထွက်သီးနှံ နေကြာ စိုက်ဧက (၁.၃) သိန်းစိုက်ပျိုးပြီး ယခုနှစ်ကုန်ထိ နေကြာစိုက်ဧက (၂.၂) သိန်းလျာထားဆောင်ရွက်လျက်ရှိကြောင်း ပဲပုတ်ကိုလည်း စိုက်ဧက (၁) သိန်း လျာထားဆောင်ရွက်လျက်ရှိကြောင်း ၊ ပေါ်ဆန်းနှင့်ပတ်သက်၍ Brand ထုတ်ကုန်ဖြစ်အောင် အထူးကြိုးစား ဆောင်ရွက်နေကြောင်း ၊ Export Zone ထူထောင်ခြင်း ၊ Contract Farming ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့၊ တောင်သူလယ်သမားနေ့တွင် စိုက်ပျိုးရေးဆိုင်ရာ မျိုး၊ မြေ၊ ရေ နည်းအသုံးချ၍ ဧရာဝတီ ပေါ်ဆန်းဖိုရမ်တစ်ရပ်ကို ကျင်းပခဲ့ပြီး ဆွေးနွေးပွဲဖော်ထုတ်ချက်ရလာဒ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျဲခင်းစနစ်လျော့နည်းပပျောက်ရေး တစ်နှစ်ထက်တစ်နှစ် လျော့နည်းစေရန် Drum Seeder များ အသုံးပြု၍  ဆောင်ရွက်နေကြောင်း  ၊ နှစ်စဉ်ပြည်ပဆန် တင်ပို့တန်ချိန် ထက်ဝက်ကို ဧရာဝတီတိုင်းဒေသကြီးမှ တင်ပို့ပေးလျက်ရှိကြောင်း ၊ တိုင်းပြင်ပ ဆန်စီးထွက်မှုကိုလည်း တိုးလ်ဂိတ်များမှတစ်ဆင့် စိစစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ပီလောပီနံ သီးနှံကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ယခင်နှစ်ထက်ပိုမို ချိတ်ဆက်တင်ပို့လျက်ရှိကြောင်း ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်၍ ပီလောပီနံကွင်းခြောက်၊ ဆန်၊ ကြာဇံ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ MSME လုပ်ငန်းငယ်များဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးပြီး ပဲပုတ်၊ နေကြာများကို အစားထိုးဆီထွက်သီးနှံအဖြစ် ဆောင်ရွက်နေပြီး ပဲပုတ်ဆီကြိတ်စက်ရုံ ထူထောင်မည့် လုပ်ငန်းရှင်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကြောင်း သိရသည်။

          ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌမှ လျာထား သတ်မှတ်ထားသည့် မြေပေါ်တွင် အသင်းရုံးအမြန်ဆုံးတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှလည်း ကောက်ညှင်းအပြင် ပေါ်ဆန်းနွေစပါးကိုလည်း စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဆန်စက်အပိုပစ္စည်းများကိုလည်း ဆက်လက်တင်သွင်းခွင့်ပြုစေလိုပါကြောင်း၊ ဆန်ထွက်ပစ္စည်း ပြည်ပသို့တိုက်ရိုက် တင်ပို့သည့် Wilmar Co., Ltd မှ တာဝန်ရှိသူမှ ဆန်ကို E.U နိုင်ငံများ၊ ဆန်ကွဲကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်များသို့ တိုင်းအတွင်းမှ တင်ပို့နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးမှ မြန်မာပေါ်ဆန်းမွှေးဆန်များအား ရှရှား၊ တရုတ်၊ ဘီလာရုနိုင်ငံများနှင့် ဆက်သွယ်ချိတ်ထားရှိမှုနှင့် ရောင်းချရန်အတွက် စာချုပ်ချုပ်ဆိုထားကြောင်း စီးပွားရေးကောင်းမွန်ရန် လုပ်ငန်းရှင်၊ အစိုးရအဖွဲ့၊ အသင်းအဖွဲ့၊ ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိလာရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေတောင်မြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းအုပ်စု၊ (မူလွန်)အိုးထိမ်း ကုန်းကျောင်းတွင် (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု- ဦးစီးမှူးဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက (၁၅၃၅)ကို တိုင်ကြားနိုင်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ မူးယစ်ဆေးဝါးအကြောင်းနှင့် ကလေးအလုပ်သမားများအကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်ကတိုင်းရင်းဆေးဝါးများဝယ်ယူရာတွင်ဆောင်ရန်၊ရှောင်ရန်များအကြောင်းကိုကျောင်းသား/သူ (၇၀)ဦး အား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်း ပြည်ခရိုင်ရှိ ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် “MPT, MYTEL” လုပ်ငန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် “မိုဘိုင်းကင်း” ဖုန်းဆိုင်သို့လည်းကောင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကွင်းဆင်းစစ်ဆေး၍ ဆက်သွယ်ရေး (ဝန်ဆောင်မှု)(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအားအများပြည်သူများလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက ကြိုတင်အသိပေးရန်နှင့်ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများမှ ငွေပြန်အမ်းသည့် Refound Policy များထားရှိဆောင်ရွက်နိုင်ရေး အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပြည်မြို့နယ်ရှိ အွန်လိုင်းဈေးရောင်းချနေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွာဘဲရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ ကုန်မျိုးစုံနှင့် စတိုးဆိုင် ရောင်းချနေသော လုပ်ငန်းရှင်များအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်၍လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာအချက်များအားရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာတက်ရောက်လာသောလုပ်ငန်းရှင်များမှသိရှိလိုသည်များပြန်လည် မေးမြန်းခြင်းနှင့်သက်ဆိုင်ရာမြို့နယ်တာ ဝန်ခံများမှပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီးဆွေးနွေးပွဲသို့ပြည်ခရိုင်အတွင်းမြို့နယ်အားလုံးမှစီးပွားရေးလုပ်ငန်းရှင် (၁၄၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစီစစ်ခြင်း

       ဘိုကလေးမြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)ခွဲအချိန်တွင်ဘိုကလေးမြို့ ကန္နားလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့နယ် (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဗွီနှိုင်းချိတ်ဆွဲ၍ ရောင်းချပေးနေကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု့အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တာမွေမြို့နယ်၊ ဒဂုဏ်ညွန့်ဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့် ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)(၂)ဦးသည် ၈.၁၁.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ဒဂုဏ်ညွန့်ဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များရှိ ကုန်စည်များတွင် ကုန်ညွန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ၊ အခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာ သာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည် နှင့်ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိလင်းလက်ရိုးရာချည်ထည်အမျိုးမျိုးရောင်းဝယ်ရေး“လွင်လွင်အထည်ဆိုင်လုံချည်ပါတိတ်ပိုး ထည်ရောင်းဝယ်ရေး” နှင့် “နန်းထိုက်အောင် ပိုးထည်ဆိုင်” တို့အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ  ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအကြောင်းကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အထည်အလိပ်၊ အဝတ်အထည် နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့်“A S W Fashion Koera Japan Europe Vietnam Made Second Clothes”ရွှေနန်းမဒီ အထည်မျိုးစုံ လက်လီလက်ကားဖြန့်ချီရေး နှင့် “Kumudra Chels Clothing Room” ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ထားပြီးသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထား သည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ (၂၉.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူ မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များ သည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ် ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်ထားသောကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက် လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းကိုလုပ်ကိုင် ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ၅အရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများ ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ မြောက်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက် ရှိရာ (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၂း၀၀)နာရီ အချိန်တွင်  ဒဂုံမြို့သစ်ခရိုင် ၊ မြောက်ဒဂုံမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ကား ရောင်းချနေသော အမှတ် (၄၃၅)၊ ဘုရင့်နောင်လမ်း၊ (၃၂)ရပ် ကွက်)ရှိ “လှမိသားစု” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည်    ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဆင်းသွယ် ၊ ကြားပျံ၊ ဧရာပဒေသာ၊ ဇီယာ၊ နှံကား၊  ဧရာဝတီပေါ်ဆန်း စသည့်ဆန်များ ရောင်းချ လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိ  တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချခြင်းများကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရ မှာဖြစ်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ