Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်း စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌  မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုးကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ကို စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် (၂၂-၉-၂၀၂၅) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်ခိုင်ခိုင်လင်းဒုဦးစီးမှူးက အမှတ် ၁စာရေးကုန်နှင့် အမှတ် ၃ရပ်ကွက် ၃လမ်းအတွင်း မုန့်ဆိုင် (၁၂)ဆိုင်မှ  ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ကုန်အညွှန်းပြည့်စုံမှု ရှိ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စား အစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ ဆိုင်ရှင်များကို ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်သည့်မုန့်များ မရောင်းချရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့်အချက်အလက်များနှင့် ကိုက်ညီသော မုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်း တို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်  Gasifier ဆန်စပ်အား ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများသည် ၂၂-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက် (၂)စက်အား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

       စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးဇော်မင်းခရိုင်ဦးစီးမှူးက မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် ဖြစ်သည့် အောင်ဗိုလ်မင်း ငါးပုံဟာလာဆန်စက်နှင့် ခိုင်ရတာနာ ငါးပုံဟာလာ ဆန်စက်မှ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှု၊ ရေစစ်ကန်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Gasifier အသုံးပြုဆန်စက်များမှ ထွက်ရှိသော ရေဆိုးများကို ပြန်လည်သန့်စင်ရန် ရေဆိုးစစ်ကန်ကို အုတ်ကျိုး၊ ဖွဲပြာ၊ ဗေဒါ၊ မီးသွေး အဆင့်လေးဆင့်ဖြင့် စနစ်တကျစစ်ထုတ်ကာ Recycle ပြုလုပ်ပြီး ရေသန့်ပြန်လည်ရရှိရေး၊ ရေဆိုးစစ်ကန်များ စနစ်တကျပြုလုပ် ၍ လည်ပတ်နိုင်ရေး၊ လျှပ်စစ်အင်ဂျင် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေး၊ Gasifier ဓာတ်ငွေ့တွင် ကတ္တရာပါဝင်မှုလျော့ကျစေရေး နည်းပညာအသစ်များအသုံးပြု၍ ဆောင်ရွက်သွားရန်ဆန်စက်ရှိဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး၊ အနံဆိုးများမထွက်စေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် Gasifier ဖွံဖြိုးတိုးတက်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီ ကုန်စည် ထုတ်လုပ်သော ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

    မအူပင်ခရိုင်အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဆို့ ပူးပေါင်း၍ ဈေးကွက်မရောက်မီ ဖြန့်ချီရောင်းချနေသော ရေသန့်စက်ရုံသို့ ကွင်းဆင်း၍ ကောင်းမွန် ထုတ်လုပ်မှု ကျင့်စည်နှင့် အညီ ဆောင်ရွက်ထုတ်လုပ်ခြင်း ရှိမရှိကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ရေလဲလမ်းပေါ်ရှိ  ကြေးမှုံရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရေသန့်စက်ရုံတွင် သတ်မှတ်ချက်နှင့်အညီ စက်ပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်လုပ်ကိုင်ခြင်း ရှိမရှိ၊ ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ရေသန့်ဗူးများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ၊ ဈေးကွက်ဖြန့်ချီသည့်အခါ သက်ဆိုင်ရာ အစိုးရဌာနများ၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိမရှိကို စစ်ဆေးဆောင်ရွက်ခြင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြချက်များ ကိုက်ညီ မှု ရှိမရှိကို စစ်ဆေးခြင်း၊ ကြေးမှုံရေသန့်စက်ရုံတွင် ထုတ်လုပ်ရန် လုပ်ငန်းလိုအပ်ချက်များ ကို တွေ့ရှိ၍ သတ်မှတ်ချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး တာဝန်ခံကို မှာကြားဆောင်ရွက်ပြီး သိရှိကြောင်း ဝန်ခံကတိမှတ်တမ်းရေးသွင်း၍ နောက်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်သည့်အခါ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDAဌာနမှ မှာကြား ရှင်းလင်း စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

    ဟောပြောဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်ဖြစ်ကို အများပြည်သူ သိရှိစေရန်အတွက်ရှင်းလင်းဆွေးနွေးရာ စားသုံးသူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ(သို့မဟုတ်) အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်တင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုခြင်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက် သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်  နေထိုင်နိုင်ခွင့် ရရှိစေခြင်း စသည့်အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

    မအူပင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ များ ရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများနှင့်အတူ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် စီစဉ်တင်ဆက်လျက်ရှိသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့ သဲဖြူကျေးရွာရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၇.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ သဲဖြူကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချ ခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

 “ကော့မှူးမြို့နယ်ဇရပ်ကုန်းကျေးရွာရှိစားအုန်းဆီလက်လီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဇရပ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ စက်တင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၄:၃၀)နာရီအချိန် တွင် စားသုံးသူပြည်သူများထံသို့ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် ဇရပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးတို့သည် ကော့မှူးမြို့နယ် စားအုန်းဆီးကိုယ်စားလှယ် ဦးဇော်လတ်စိုး ဆီမှထုတ်ယူရရှိသည့် ကျေးရွာအတွက် စားအုန်းဆီ ခွဲတမ်းအား ဇရပ်ကုန်းကျေးရွာရှိ စားအုန်းဆီကိုယ်စားလှယ် ဦးသက်နိုင်မှ ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေတို့အား စာရင်းကောက်ယူစစ်ဆေး ခဲ့ပြီး အိမ်ထောင်စုအလိုက် စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ လာရောက်ထုတ်ယူနေမှု အခြေ အနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီနှင့်ကြက်ဥများ ရောင်းချပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၂.၉.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ကြံခင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ၍ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား၊ (၁)ဗူးလျှင် (ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀၊ ကြက်ဥ(၅)လုံးလျှင် ၂၀၀၀/- ကျပ်နှုန်းဖြင့် အလုံး ၅၀၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ကူညီစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခဲ့ ကြောင်း  သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ် စားအုန်းဆီလက်လီကိုယ်စားလှယ်ဆိုင်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁၇..၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားအုန်းဆီ လက်လီကိုယ် စားလှယ်ဆိုင်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား အင်ပင်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း  သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

“ခရမ်းမြို့နယ်တွင်ဓာတ်မြေဩဇာဆိုင်များအားဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တောင်သူများ၏ သီးနှံများ စိုက်ပျိုးရာတွင် လိုအပ်သောဓာတ်မြေဩဇာများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်၊ ဓာတ်မြေဩဇာများအား သတ်မှတ်ထားသောရည်ညွှန်းဈေးများထက်ကျော်လွန်၍ ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ရဲ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် ဒေါ်ခင်သန္တာအောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မန်နေဂျာ ဦးဌေးအောင်၊ မြို့နယ်ကျေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထိန်းလင်း နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များဖြစ်သော အပျိုကြီးဆိုင်၊ ရွှေကံကော်ဆိုင်၊ အင်ကြင်းစံ၊ ဖြိုးဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချကြရန် အသိပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြန်အောင်မြို့နယ် စက်မှုလုပ်ငန်းသုံးဆီဖြန့်ခွဲထုတ်ယူရေးနှင့်ပတ်သတ်၍အစည်းအဝေးကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက် နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊   စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အခွင့်အရေးအား အပြည့်အဝရရှိစေရန်  ရည်ရွယ်ကြောင်း၊ မြန်အောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းမှ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအတွက် စားအုန်းဆီ များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့် အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန်နှင့် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ် လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် မိမိတို့အတွက် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ    အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန် ပြောကြားဆွေးနွေး ခဲ့ပြီး၊  သက်ဆိုင်ရာဌာနဝန်ထမ်းများမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအဖွဲ့မှ ဆီခွဲတမ်းရရှိမှုအပေါ် ကြီး၊ လတ်၊ငယ် စာရင်းအတိုင်း အညီအမျှ ခွဲဝေခဲ့ကြပြီး အစည်းအဝေးကို  နံနက်(၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရ ပါသည်။

EYDNS(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ