Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်၊စည်ပင်သာယာမြို့မဈေးအတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၌ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် စည်ပင် သာယာမြို့မဈေးတာဝန်ခံ ကောင်းထက်ကိုကို တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသောဆိုင်များသို့ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်း အမျိုးမျိုး(၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မဖြစ်မနေဖော်ပြရမည့် အချက်(၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပန်းတနော် မြို့နယ် Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ များသည် ၂၂-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ ဦးအောင်ကျော်သက် သည် မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် (၁၄)စက်မှ ဆန်စက်လည်ပတ်မှု အခြေအနေများ၊ ရေစစ်ကန်ပြုလုပ်ဆောင်ရွက်မျုအခြေအနေများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး လစဉ် စစ်ဆေးဆောင်ရွက်ပြီး ဆန်စက်မှ လျှပ်စစ်ဓာတ်အား ထွက်ရှိမှု အခြေ‌အနေများ၊ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှုများအား  စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု တစ်ပိုင်တစ်နိုင်အသုံး ပြုလျှက်ရှိနေကြပြီဖြစ်သည်။Gasifier များဖွံဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတော်မှလိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးအတွင်း အနာဂတ်မှာလည်း စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်‌ရေး ဆွေးနွေးပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း‌ ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာနမှ  ဦးအောင်ကျော်သက် နှင့်အဖွဲ့က စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မြန်မာ ဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချရာတွင် ဘောင်ချာ/ဖြတ်ပိုင်းပေး၍ စနစ်တကျရောင်းချရေး၊ ဘေးအန္တရာယ် ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်း ချရေး၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ တွံတေးမြို့နယ်၌စားသုံးဆီအမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ”

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးတို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စည်ပင်သာယာမြို့မဈေးအတွင်း ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေဖော်ပြရမည့် အချက်များဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် စားသုံးဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၂၉)၊ တပင်ရွှေထီးလမ်း(၂)ရပ်ကွက်ရှိ မိုးကောင်း အီလက်ထရောနစ်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်စန်းစန်းမော်သည် စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ် ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့်အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာအမှတ်(၅၁/၂၀၂၃)အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါရှိသည့် အီထရောနစ်ပစ္စည်းများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ eComReg System တွင်2FAစနစ် အသုံးပြုထားမှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများ အသိပညာပေးခြင်း အီလက်ထရောနစ်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၇. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်း(၃)ဦးသည်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  One Stop  Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိကိုသက် ဆိုင်ရာအဖွဲ့များဖြင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေသတွင်း အသေးစားလုပ်ငန်း ထုတ်ကုန်ဖြစ်သည့် ဇော်ပျံမရွေး မုန့်လုပ်ငန်း ထုတ်လုပ်မှု

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ရုံးမှ ဦးခိုင်လွမ်းမိုးအငယ်တန်းစာရေးသည် ဓနုဖြူမြို့ (၁၁)ရပ်ကွက် (၃)လမ်းရှိဇော်ပျံမရွေးမုန့်လုပ်ငန်းသို့ (၁၇.၉.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်က သွားရောက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် တစပိုင်တစ်နိုင် မုန့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးမှုတွင် ဇော်ပျံမရွေးမုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ မရွေးလုပ်ငန်း ပြုလုပ်ပုံအဆင့်ဆင့် ကိုမေးမြန်းလေ့လာခဲ့ပြီး ပါဝင်ပစ္စည်းများမှာ နန်းဝါ၊ သကြား၊ ထန်းညှပ်၊ ကပ်စေးနှဲ၊ နှမ်းတို့ဖြစ်ပြီး ကုန်ကြမ်းများကို ရန်ကုန်မှ မှာယူကြောင်းသိရသည်။ မုန့်လုပ်ငန်းကို ၁၉၉၀ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ မုန့်ထုတ်လုပ်မှု ၏ တစ်ကြိမ်ရင်းနှီးကုန်ကျစရိတ်မှာ ၇သိန်းခန့်ကုန်ကျကြောင်း၊ တစ်နေ့ထုတ်လုပ်မှု အနေဖြင့် ၁၀ထုတ်တွဲတစ်ထုတ် အထုတ် ၅၀၀ ထုတ်လုပ်နိုင်ပြီး တစ်လလျှင် အထုတ်ရေ ၁၃၀၀၀ထုတ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဈေးကွက်ဖြန့်ချီမှုအနေဖြင့် ဇော်ပျံမရွေး ဆယ်ခုပါ တစ်ထုတ်လျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချပြီး လက်ကားဈေးအနေဖြင့် ၂၅၀၀ကျပ်ဖြင့် ရောင်းချသည်။ တစ်နေ့အကျိုးအမြတ်အနေဖြင့် ၃၀၀၀၀ကျပ် ကျန်ရှိကြောင်း သိရသည်။ တင်ပို့ရောင်းချမှု အနေဖြင့် ဓနုဖြူ၊ဇလွန်၊ အဖျောက်၊ ဇကာကြီး၊ နှင့် ရန်ကုန်မြို့အထိ ရောင်းချဖြန့်ဖြူးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

တောင်ဥက္ကလာပမြို့နယ် ရွှေမိုးသွန်း (ဆန်ရောင်းဝယ်ရေး)အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့်  ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၁၆.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဓမ္မရာဇ(၂၈)လမ်း၊ (၁၀)ရပ်ကွက်ရှိ ရွှေမိုးသွန်း  ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀) ၊‌ဆင်းသွယ်၊ ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး ၁၆-၉-၂၀၂၅ရက်နေ့ နံနက် ၁၀နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန၊  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ စားသုံးသူများ ကျသင့်ငွေ အဖိုးအခများကို ကြိုတင်သိရီနိုင်ရန် ကြေငြာထားခြင်း၊ ဝန်ဆောင်မှု အခွန်အခ ပါဝင်မှုကို သိရှိနိုင်ရန်ကြေငြာထားခြင်း၊ မှာယူသည်အချိန်အတွင်း အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်ရန်ကို ဆောင်ရွက်မှု ၇ှိမရှိ၊ စားသုံးသူ ပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးနှင့် စာသောက်ဆိုင်အတွင်း အမှိုက်ပုံးများ ၄မျိုးခွဲခြား စွန်ပစ်မှု လုပ်ဆောင်ထားခြင်း ရှိမရှိကို အတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

တောင်ဥက္ကလာပမြို့နယ် သီးသန့် (ဆန်ရောင်းဝယ်ရေး) အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

           (၁၆-၉-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာ ရေး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး အမှတ်(၈)၊ မေတ္တာလမ်း၊ (၁၂)ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်ရှိ  သီးသန့် (ဆန်ရောင်းဝယ် ရေး)  အရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)က ဆန်များသတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းချရန်နှင့် ဈေးကစားရန်အလို့ငှာ ဆန်များကိုသိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ