Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပျော်ဘွယ်မြို့နယ် Talk Show ကျင်းပပြုလုပ်ခြင်း

        မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊စားသုံးသူရေးရာဌာနတာဝန်ခံ ဒေါ်သိမ့်သူဇာ မောင် ၊ ဒု-ဦးစီးမှူးက Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက် ရသည့် ရည်ရွယ်ချက်များ၊ Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန်(၂၅)တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com. mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့် လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာ စာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှုဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ ကြက်မောက် အ.လ.ကတွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှု ဖြင့် စားသုံးသူ ရေးရားဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှအဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန် တွင် သာစည်မြို့နယ်၊ ကြက်မောက်အုပ်စု၊ ကြက်မောက် အ.လ.က၌ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟော ပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သူဇာမောင် (ဒု-ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့် အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက် စေရန် ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်း သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း  (၁၇၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

                   

 

မင်္ဂလာတောင်ညွန့်မြို့နယ်၊  City Express သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊  City Express သို့ (၁၂-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီ အချိန် တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် City Express တွင် ရောင်းချလျှက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်း များကောက်ခံခြင်း၊ ကုန်ပစ္စည်းများ ကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ တို့ကို သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအရာရှိက ကုန်ပစ္စည်းများစစ်ဆေးရာတွင် စားသုံး သူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည် နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ် Yadancrpon Teleport အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Yadancrpon Teleport   အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာတွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ် Telecom (Mytel) အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Telecom (Mytel)   အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ် Ocean Wave အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

         စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Ocean Wave  အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်၊ City Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၂. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊တို့နှင့်ပူးပေါင်း၍ တာမွေမြို့နယ် City Martသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ် လပ်မှုရှိ/မရှိနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ /မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ် Myanmar Net အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Myanmar Net အင်တာ နက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့အတွင်း မိုးကောင်းစားသောက်ကုန်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများအား ဈေးကွက်မရောက်မီ ဖော်ပြရာတွင်မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မိုးကောင်း စားသောက် ကုန်လုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက် မရောက်မီကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်း များ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိ စေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့အတွင်း CM လူသုံးကုန်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများအား ဈေးကွက်မရောက်မီ ဖော်ပြရာတွင်မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်း များသည်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ CM လူသုံးကုန်လုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာန များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသား များ ပြည်စုံစွာပါရှိ စေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက် အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ