
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည် (၁၅.၁၂.၂၀၂၅) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ သစ်ပုတ်ကုန်းကျေးရွာအုပ်စု စိန်ရွှေဖြိုး ဆန်စက်ပိုင်ရှင် ဦးဝင်းတင်နှင့် တွေ့ဆုံ၍ ဆန်စက်အား Myro တွင် မှတ်ပုံတင်နိုင်ရန်အတွက် လိုအပ်သော ပိုင်ရှင်၏ မှတ်ပုံတင် ရှေ့၊ နောက်၊ ပတ်ပိုစ့် ဓာတ်ပုံ၊ အိမ်ထောင်စုဇယား၊ သိုလှောင်ရုံတည်နေရာမှန်ကန်ကြောင်း ထောက်ခံချက်၊ အချက်အလတ်များမှန်ကန်ကြောင်း ဝန်ခံ ကတိပြုစာ၊ သိုလှောင်ရုံဓာတ်ပုံ အရှေ့၊ အနောက်၊ သိုလှောင်ရုံဝင်ဆံ့မှုပမာဏ (အလျား၊ အနံ၊ အမြင့်)၊ သိုလှောင်ရုံတည်ဆောက်ပုံ၊ လုပ်ငန်းရှင်၏ (Gmail ) လိပ်စာ အစရှိသဖြင့် လိုအပ်သည် စာရွက်စာတမ်း များနှင့် စပါး/ဆန် လက်ကျန်၊ ကြိတ်ခွဲမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
