Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

             မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေး ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ပါသည်။ ညောင်ဦးမြို့နယ်တွင် အဓိကသီးနှံများဖြစ်သော မိုးစပါး(၁၆၆၄)ဧက၊ မိုးပဲမျိုးစုံ(၃၂၉၈၁)ဧက၊ မိုးဆီထွက်သီးနှံ(၁၆၇၇၆၃)ဧကတို့အား အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပြီး ဆောင်းဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲလျားထား(၁၈၈၆)ဧက၊ ဆောင်းနှမ်း(၂၅၂၃)ဧက၊ ဆောင်းနေကြာ(၉၅၀၀)ဧက စိုက်ပျိုး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နေကြာမျိုးစေ့ထုတ် စံပြကွက်မှ တောင်သူများမျိုးကောင်းမျိုးသန့် သုံးစွဲရေးအတွက် ဆင်းရွှေကြာ-၂ မျိုးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် တို့က မျိုးများပေး အပ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ က ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ စံပြကွက်တောင်သူများအား ပံ့ပိုးပစ္စည်းများပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါနည်းပညာပေးဆွေးနွေးပွဲအား စိုက်ပျိုးသီးနှံထုတ်ကုန်များပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်ထွက်ရှိလာသောသီးနှံများပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပန်းတိုင်အထွက်နှုန်ုးရရှိအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ခရိုင် မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ၊ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန် မှ ပဲတီစိမ်းသီးနှံ၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)    

                                                                                               

ညောင်ဦးမြို့တွင် My RO ဆန်ပွဲရုံနှင့် သိုလှောင်ရုံများသို့ ကွင်းဆင်း 

                               မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ညောင်ဦးခရိုင်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဒေါ်အိပိုင်ဆက်(သီတာစိုး ဆန်ရောင်းဝယ်ရေး)၏ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံအလုံး(၁၀)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ကုန်ရ/ ကုန် ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့်အချက် အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 DOCA(မန္တလေး)                          

ညောင်ဦးမြို့တွင် My RO သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

       မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ညောင်ဦးခရိုင်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဒေါ်သဲစုအောင် (သူ့စိတ်ကြိုက် ဆန်ရောင်းဝယ်ရေး)၏ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ညောင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံအလုံး(၁၀)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့်အချက် အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၀၈:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၉၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၁၅)ကျပ် များကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်တစ်လီတာလျှင်(၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ လျှင်(၆၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ဈေးနှုန်းတည်ငြိမ်စေရေး၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ဆန်ဆိုင်များသို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချစေရေးကွင်းဆင်း 

                စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ သန့် ဆန်ပွဲရုံသို့ ၅.၁၁.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကျော်ကြား ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချ နေသော ဆန်အမျိုးအစားများမှာ အညားသားဆန်(၂၄)ပြည်တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ကရင်မဆန်(၂၄)ပြည်တစ်အိတ်လျှင်(၆၈၀၀၀)ကျပ်၊ ရက် ၉၀ ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဆင်းသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၈၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်လှလှဝင်းအား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိ စေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြား ခဲ့ပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ အာလူးကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ   

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း၊ ဒု-ဦးစီးမှူးသည် ၈.၁၀.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၅:၀၀)အချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ ပူစူးမအာလူးကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ် သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့တွင် My RO သိုလှောင်ရုံများ ကွင်းဆင်းဆောင်ရွက်

     မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၇-၁၁-၂၀၂၅)ရက်နေ့တွင် နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် ဒေါ်လှလှဝင်း၏ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံအလုံး(၁၆)ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့် အချက်အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် My RO သိုလှောင်ရုံများ ရ/ထုတ်/ကျန်စာရင်းများ မှန်ကန်စွာ ဖြည့်သွင်းရေး ကွင်းဆင်း

        မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့တွင် နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် ဦးကိုကိုအောင်၏ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး(၁၆)ရှိပြီး တစ်နှစ်ပြည့် မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်း တိုးဆောင်ရွက်နိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့် အချက်အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA(မန္တလေး)

                                                                                      

ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်  

               စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ် ယူသုံးစွဲတတ်စေရေး၊ ထုတ်လုပ်လာစေရေး၊ တို့အတွက် စားသုံးသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ အသိပညာပေးလျက်ရှိရာ ၈.၁၁. ၂၀၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးတွင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ နစ်နာဆုံးရှုံးမှုနှင့် ကုန်အညွှန်းအမှတ်အသားတို့၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများနှင့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များကိုး အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၆၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                  

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

                     ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ MSME လုပ် ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆွေးနွေး ပြောကြားရာတွင်  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည် သယ်ယူ ရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများ ကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာ စေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၇) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နေ့လည် ၁၃:၃၀  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ