Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်းအမှတ်တံဆိပ် အာလူးကြော်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်း အမှတ်တံဆိပ် အာလူးကြော်နှင့်မုန့်မျိုးစုံ လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ တောင်ပိုင်းရပ်ကွက်ရှိ စိန်ရွှေနန်း အမှတ်တံဆိပ် အာလူးကြော်နှင့်မုန့်မျိုးစုံလုပ်ငန်းအား MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့်ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက် အခြေ အနေများအားမေးမြန်းဆွေးနွေးခဲ့ပြီးထုတ်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြ ထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော လုပ်ငန်းရှင် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ