Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စားသုံးဆီလက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

      ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  (၂၁.၉.၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) အချိန်တွင်  ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးသို့ သွားရောက်၍ စားအုန်းဆီ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား မှန်(၆) မှန်ဖြင့် ဖြန့်ဖြူးရန်၊ စားအုန်းဆီများဖြန့်ဖြူးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရန်နှင့် လက်ကား ကိုယ်စားလှယ်များ လိုက်နာရမည့် တာဝန်သတ်မှတ်ချက်များအား တွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် DUMEX DUPRO အမှတ်တံဆိပ်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉:၃၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ပြန်/ဆက်၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များ အတွက်ဖော်စပ်စာ အတုအပများ ဈေးကွက်အတွင်းရောင်းချနေကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူး ရောင်းချခြင်းမပြုလုပ်ရန်နှင့်  ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြော ကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)       

ရေကြည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါး ကောက်စောရိတ်သိမ်းခြင်း

    ရေကြည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် တောင်သူဦးကျော်ကျော်ဦး၊ ကွင်းအမှတ် (၈၉၄-က) ၊ ဦးပိုင်အမှတ် (၃၇/၂) ဧရိယာ (၅.၀၀) ဧက၊ စပါးမျိုး (GW.11) မျိုးရိတ်သိမ်းနေမှုအခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ရိတ်သိမ်းချွေလှေ့နေမှုူအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်းနှင့် စပါးအစို (၁) ဧက (၁၂၀) တင်းထွက်ရှိပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

(DOCA ဧရာဝတီ)

 

ကန့်ဘလူမြို့နယ်တွင် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည့် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုး မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအားတွင် ကုန်အညွှန်းအမှတ်အသားများကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များ နေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုသိရှိ နားလည်းထားရန်နှင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရေကြည်မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

      ရေကြည်မြို့နယ်၊ အ.ထ.က ရေကြည်တေဇသီရိခန်းမတွင် ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ဦးဆောင်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် (First Aid and Climate Change) ဆောင်ပုဒ်အား ယခုနှစ်တွင် သတ်မှတ်ဖော်ပြထားပါသည်။ ထိုအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်ပေါ်လာခြင်းအကြောင်းကို ပြောကြားခဲ့ပါသည်။ ရှေးဦးပြုစုခြင်း၏ အကျိုးများကြောင့် လူ့အသက်များကို အချိန်မီကယ်တင်နိုင်ခြင်းကြောင့် အိမ်တိုင်း၊ မိသားစုတိုင်းရှေးဦးပြုူစုခြင်းသင်တန်းများတက်ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

အရှေ့ဒဂုံမြို့နယ်၊ (၁၂၅) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊  ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး  (အတွင်းရေးမှူုး)နှင့်တာဝန်ရှိသူများ၊ သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန် ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေး မှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့် ကုမ္မ ဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင် (၁) အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အရှေ့ဒဂုံမြို့နယ်၊ (၁၂၅) ရပ်ကွက်နှင့် (၆) ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီရောင်းချပေးနေသည့် လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန် ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား မှန်ကန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်ကခွဲ တမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

“ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ”

           စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများအား ဝယ်ယူအသုံး ပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ စက်တင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေး ဟောပြောခဲ့ရာတွင် ပိန္နဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင် နိုင်စိုးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါဝင်သော စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွား ရေးလုပ်ငန်းရှင်တို့အကြား မျှတမှုရှိသော လုပ်ငန်းစဉ်များအား ကော်မရှင်နှင့်ကော်မတီအဆင့် ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသော လုပ်ငန်းများအကြောင်း ဥပဒေ၏ အခန်း (၁၈)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မဖြစ်မနေ ရေးသားဖော်ပြပါရှိရမည့်အချက်များ စားသုံးသူပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ဖော်ပြထား ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၁)ပေပါ(သို့) (၂၃၁၀)ပိဿာရောက် ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြုမြို့နယ် ဘေဘီတုံ ကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ   မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၂.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီ အချိန်တွင် အမှတ် ၆ရပ်ကွက်ရှိ ဘေဘီတုံ ကုန်မျိုးစုံအရောင်းဆိုင်အား ကုန်စည်များ ဈေးနှန်ုး တည်ငြိမ်မှု ရှိစေရေးနှင့် စားအုန်းဆီရောင်းချမှုများကို သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိမရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     ဓနုဖြူမြို့နယ် အမှတ် ၆ရပ်ကွက်ရှိ ဘေဘီတုံ ကုန်စုံဆိုင်အား မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ သွားရောက်၍ ဆီထုတ်ယူခွင့် စာအုပ်ဖြင့်  စားအုန်းဆီ များရောင်းချနေမှု ရောင်းချပြီး ဆီရထုတ်ကျန် စာရင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိ ခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် နေ့စဉ် ရောင်းချဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခြင်း၊ ကုန်မျိုးစုံဆိုင်မှ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်း စာရင်းများကို စာရင်းကောက်ယူစစ်ဆေးခြင်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ရှိမရှိကို စစ်ဆေးခြင်း၊ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသားနှင့် သက်ဆိုင်ရာဌာန၏ ခွင်ပြုချက်များ ပါဝင်ခြင်း ရှိမရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များကို ဌာ၏ လမ်းညွှန်ချက်၊ အမိန့်ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ