ညောင်တုန်းမြို့နယ်၏ သိုလှောင်ရုံမှတ်ပုံတင် လုပ်ငန်းများ၏ အောက်တိုဘာလ စပါး/ဆန် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သိုလှောင်ရုံ မှတ်ပုံတင်ပြီး လုပ်ငန်း ၇၅ ခုရှိပြီး သက်တမ်းတိုးလုပ်ငန်းများကို တစ်နှစ်ပြည်မီသူလုပ်ငန်းရှင်များ သက်တမ်းတိုးဆောင်ရွက်လျက်ရှိသည်။ ၁၀-၁၁-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ညောင်တုန်းမြို့နယ်မှ ကွင်းဆင်း၍ စပါးဆန် လက်ကျန်စားရင်းများကို အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တင်ပြလာသောစာရင်းများ အရသိရသည်။
ညောင်တုန်းမြို့နယ် အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ သက်တမ်းပြည်မီသူ လုပ်ငန်းရှင်များကလည်း သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သလို လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင်များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၅၁၈၅၀၈ တင်း၊ ဆန် ၆၄၂၀အိတ်၊ ကုန်သည် စပါး ၁၀၅၁၅၀တင်း၊ ဆန် ၆၀၀၀အိတ်၊ ဆန် စက်ပိုင်ရှင် ၁၁၅၀၄၀၀ တင်း၊ ဆန် ၆၉၄၇၄၀အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၁-၆၂၀အိတ်၊ စုစုပေါင်း စပါး ၁၇၇၄၀၅၈တင်းနှင့် ဆန်ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှုအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)





