Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းများအား စက်တင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်သော ဓာတ်မြေ ဩဇာဆိုင်များ စစ်ဆေးရာတွင် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အကြီးတန်းစာရေး ဦးသန့်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်စိန် နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ယုမွန်နှင့်ဝန်ထမ်းများ၊ မြို့နယ်စား သုံးသူရေးဦးစီးဌာန ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ဓာတ်မြေဩဇာ ရောင်းချသည့် ဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက်ရှိ ဒေါ်လာဝင်း ဓာတ်မြေ ဩဇာ အရောင်းဆိုင်၊ စန်းသော်တာ စိုက်ပျိုးရေးဓာတ်မြေဩဇာနှင့် မျိုးစေ့အရောင်းဆိုင်၊ ကိုကျော်မင်းသူ+ မသုန်သုန်ဖြိုး ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်စိုက်ပျိုးရေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များတွင် ယူရီးယား ဓာတ်မြေဩဇာ၊ တီစူပါ(သံကွင်း) ဓာတ်မြေဩဇာ၊ ပိုတက် ဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ၏ ရောင်းချသည့် ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(  ရန်ကုန်)                                     

“ မရမ်းကုန်းမြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဆက်သွယ်ရေးဝန် ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Sterament Co.ltdအား စက်တင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့ နယ် No (a9) Shwe gabar nousing, mindana Street, Mayangone, ygn ရှိ Steram Net Co,ltd သို့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)နှင့်အညီ ဆောင်ရွက်နေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လိုအပ်သည့်အထောက်အထား စာရွက်စာတမ်းများ အားရယူခြင်းနှင့် စားသုံးသူအား သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာ စွာ ဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အလေးထား  လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(  ရန်ကုန်)                                                                                

 

မြစ်သားမြို့ရှိ ဆေးဆိုင်နှင့် စတိုးဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး Dumex Dupro နို့မှုန့်အား စျေးကွက်စောင့်ကြည့်စစ်ဆေး”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် စက်တင်ဘာလ(၂၃)ရက်နေ့တွင် မြစ်သားမြို့ရှိ ဆေးဆိုင်နှင့် စတိုးဆိုင်များသို့ DKSH Myanmar Ltd မှ တင်သွင်းသည့် ထောက်ခံချက်ရရှိထားသော Dumex Dupro Brand (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ)များကို ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှု ရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်နှင့် စတိုးဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာ ဖော်ပြရ မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ မြစ်သားမြို့ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၂၃)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည် ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ နှင့် တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းများနှင့် မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာ များအား ပြင်ပရည်ညွှန်းဈေးနှုန်းဖြစ်သည့် ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၁၁၉၉၀၀/-) ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် (၁၅၃၀၀၀/-)ကျပ် ဖြင့် သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

DOCA(မန္တလေး)

မြစ်သားမြို့နယ်၊ ကူမဲမြို့ အမှတ် (၅) ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ အမှတ်(၅) ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်သူ/ရပ်ကွက်သားများ စုစုပေါင်း(၂၀၀)ဦး တက်ရောက် ခဲ့ကြပြီး တက်‌ရောက်လာသော ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစိစစ်”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည်စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ကုန်စုံဆိုင်များတွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည် ။

     ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။         

 DOCA(မန္တလေး)

တောင်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင် လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက် နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့် ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ် ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိ မှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်ဒဂုံမြို့နယ်၊ (၅)၊ (၁၃)၊ (၁၄)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက်နှင့် (အထက်)ရပ်ကွက်၊ စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချ သည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီ ၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင်စု များအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက် နှင့် (အထက်)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  စားအုန်းဆီရရှိမှု ပိဿာတို့ကို သိုလှောင်ခြင်း/ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦး စီးမှူးဦးတင်မိုးအောင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စား အုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မ ဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တာမွေမြို့နယ်၊ ပုဏ္ဏကျွန်းရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အိမ် ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းနှင့် အသင်းအဖွဲ့ ရှင်သန်းစေရေး တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၄..၂၀၂)နေ့တွင် (၁၀း၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် အသင်းအဖွဲ့ရှင်သန်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးမျိုးဆက်နှင့် သွားရောက်တွေဆုံ၍ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေ၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်မှသာ စိုက်ပျိုးထုတ်လုပ်သူများ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မည်ဖြစ်ကြောင်း၊ သို့မှသာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဈေးကွက်ဝင် အရည်အသွေးမြင်မားတိုးတက်မည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန်ပိုမိုအားကောင်းလာလျှင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ပြီး  ဆန်စက်ကြိုတ်ခွဲမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စက်များပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ဈေးကွက်ရရှိရေး မိတ်ဖက်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ကောင်းမွန်သောအကျိုးရလာဒ်ကို စားသုံးသူပြည်သူများသာမက လုပ်ငန်းရှင်များပါ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ