
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေး Talk Show ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ ၊ အခန်း(၁၈) ၊ ပုဒ်မ (၄၁) (၄၂) (၄၃) တို့အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြချက်(၈)ချက်မှာ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် ၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်/ သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ စသည်တို့ကို စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရန်လိုကြောင်း ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိ စေရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
