Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

My Ro မှတ်ပုံတင်နိုင်ရေး “စိတ်တိုင်းကျ”ဆန်ဆိုင်၊ “ဒေဝီ”ဆန်ဆိုင်နှင့် “ရွှေပလိုင်း”ဆန်ဆိုင် များသို့ ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးဝင်းဇော်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်း များသည် (၁၂-၁၁-၂၀၂၅)ရက်နေ့တွင် “စိတ်တိုင်းကျ”ဆန်ဆိုင်၊ “ဒေဝီ”ဆန်ဆိုင်နှင့် “ရွှေပလိုင်း” ဆန်ဆိုင်များသို့ My Ro မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်း စစ်ဆေးရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅နှင့်အထက် သိုလှောင်ရုံ(သို့) စပါးတင်း၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ပြီး My Ro မှတ်ပုံတင်နိုင်ရေးအတွက် ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

“ရွှေ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ယန်းခမ်း၊ ရပ်ကွက် (၁)အတွင်းရှိ “ရွှေ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် “ရွှေ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အ.မ.က မူလွန်ဖရဲကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

            ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဦးခွန်ကျော်ဌေး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည်(၁၃.၁၁.၂၀၂၅)ရက်နေ့ ညနေ(၂:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ် အ.မ.က မူလွန်ဖရဲကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအား အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဦးခွန်ကျော်ဌေး လက်ထောက်ညွှန်ကြား ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး  ဦးတင်ဌေး(ရုံးအုပ်)မှ ကုန်စည်/ဝန်ဆောင်မှုများနှင့် ပတ်သက် သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များနှင့်    နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်ခြင်းနှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်တင်တင်အေးမှ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

              ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၁၂)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲ အား ကျင်းပပြုလုပ်ခဲ့ပါသည်။

                   ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့် အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့် သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  (၁၁:၀၀)နာရီအချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်(၁၄)လမ်းရှိ အမကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည်  (၁၃.၁၁.၂၀၂၅)ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီက မော်ကျွန်းမြို့နယ် (၁၄)လမ်းရှိ အမကကျောင်းတွင်  ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့ စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများလွန်ကဲစွာ ပါဝင်နေခြင်း၊ သက်တမ်းလွန်အစား အသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ၊နစ်နာဆုံးရှုံးမှုများရှိပါက1535 consumer call centerအားဆက်သွယ်တိုင်ကြား နိုင်ကြောင်းအသိပညာပေးဟောပြောခဲ့ပါသည်။ထို့နောက် ကျောင်းမုန့် ဈေးတန်းအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

လပွတ္တာခရိုင်အတွင်းရှိ လက်လီ/ လက္ကား ရောင်းချနေသော ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မှ တာဝန်ရှိသူများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ လက်လီလက္ကား ရောင်းချနေသော ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်အား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

( Doca ဧရာဝတီ )

တောင်ကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော လက်လီအရောင်းဆိုင်များ မြေပြင်တွင် အမှန်တကယ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂5 ခုနှစ်၊ နိုဝင်ဘာ၁၁ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ  ဦးဇော်ဇော်လတ်(ဒုတိယဦးစီးမှူး)နှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်()ဆိုင်အား ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင်မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများ အတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီ များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ်ရောက်ရှိအောင်ရောင်းချပေးရန်နှင့်မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

ဖြည့်စွက်စာအမျိုးမျိုးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁1.၁1.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်၌ ပင်လုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော ဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဈေးကွက် အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁1.11.၂၀၂၅) ရက်နေ့၊ နံနက် (၁1:၀၀) နာရီအချိန်တွင် ပင်လုံမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံးဆေးဝါများ ဈေးကွက် အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်အတွင်းရှိ လက်လီ/ လက္ကား ရောင်းချနေသော ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၃.၁၁.၂၀၂၅) ရက်နေ့တွင် ခရိုင်အတွင်း လက်လီလက္ကား ရောင်းချနေသော ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်အား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

( Doca ဧရာဝတီ )

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ