Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ Online Sale လျောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (စစ်ဆေးရေးအရာရှိ)သည် အောက်တိုဘာလ (၁၆)ရက်နေ့၌ Online မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် စဉ့်ကိုင်မြို့ ၊ မြောက်မြေရပ်ရှိ Nature သစ်သီးခြောက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ ဓာတ်ပုံ၊ဖုန်းနံပါတ်၊လိပ်စာ၊ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာ စာအမှတ်(၅၀/၂၀၂၃) ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူတင်ပြလျက်ရှိရာ  နိုဝင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ကြောင်း သိရှိရသည်။ 

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကိုမျိုးသွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ အောင် မိသားစု ဆန်ရောင်းဝယ်ရေးတို့မှ ကြားပျံ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တောင်ပျံ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်၊ ဧည့်မထ (ရက်၉၀) တစ်အိတ်လျှင်(၇၉၀၀၀)ကျပ်၊ ငစိန်(ထွန်းပု) တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ခွန်နီ (မီဒုံ) တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ မြို့မဈေးသားငါးတန်းမှ ဒေါ်အေးအေးမော်၊ ဒေါ်အိအိမိုး ငါးရောင်းဝယ်ရေးဆိုင်များမှ ငါးကြင်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ ငါးဒန်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ ပင်လယ်ငါး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ယခင်တစ်ပတ်ဈေးနှုန်းနှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ဈေးနှုန်းများစွာ ကွာခြားမှုမရှိကြောင်း တွေ့ရှိရသည်။ ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ရောင်းချသောဆန်များ ဆန်အဟောင်းများဖြစ်ပြီး (၂၀၂၅-၂၀၂၆)မိုးစပါးဖြစ်ကြောင်းသိရှိရပြီး ဈေးကွက်အတွင်း ရောင်းချသော ငါးကြင်း၊ ငါးမြစ်ချင်း၊ ပင်လယ်ငါးတို့တွင် တွံတေးမြို့နယ် ငါးကန်များမှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ငါးသလောက်ကို ဧရာဝတီတိုင်း ဒေးဒရဲမှ ဖမ်းယူရရှိသောငါးများကို ရောင်းချခြင်းဖြစ်ပြီး ငါးခူ၊ ငါးရံ့ ငါးများမှာ ဒေသအတွင်း မြစ်၊ ချောင်းများမှ ဖမ်းယူရရှိသော ငါးများကို ရောင်းချကြကြောင်း ရောင်းချသူများ၏ ဖြေကြားချက်များအရ သိရှိရပါသည်။

DOCA(ရန်ကုန်)

“ စဉ့်ကိုင်မြို့ရှိ မင်းတံခွန် ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၆)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ တိုင်းရင်းဆေးအမျိုးမျိုးအား ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည် ။ စဉ့်ကိုင်မြို့ရှိ မင်းတံခွန် ဆေးဆိုင်သို့ ကွင်းဆင်း စစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ တိုင်းရင်းဆေး အမျိုးမျိုးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန် မသင့်သော ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင်သတိပေးချက် စသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 DOCA(မန္တလေး)                                

စဉ့်ကိုင်မြို့၊အုန်းပင်ခြံရပ်ကွက်၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာလ(၁၆)ရက်နေ့တွင် စဉ့်ကိုင်မြို့ ၊ အုန်းပင်ခြံရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည် ။ ဟောပြောဆွေးနွေးပွဲတွင်ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ရိုင်ဦးစီးမှူး) က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများစုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(မန္တလေး)

“ စဉ့်ကိုင်မြို့ရှိ လင်းရောင်သစ်(ကိုယ်ပိုင်အထက်တန်းကျောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာလ(၁၅)ရက်နေ့တွင် စဉ့်ကိုင်မြို့ရှိ လင်းရောင်သစ် (ကိုယ်ပိုင်အထက်တန်းကျောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ လင်းရောင်သစ်(ကိုယ်ပိုင်အထက်တန်းကျောင်း)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး)ကစားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် ခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီး  စဉ့်ကိုင်မြို့နယ် တာဝန်ခံ ဦးစိုးလွင်က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့် (အသင့်စား အစားအစာ)များကို စားသောက်လာကြကြောင်း ၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေဟာ စားသုံးသူတွေရဲ့အလိုကိုလိုက်ပြီး အရောင်အသွေးလှပရန် နှင့် အနံ့အရသာ ပြည့်စုံရန်၊မျက်စိပသာဒရှိစေရန်အတွက် အသင့်စား အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း ၊နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတွေဖြစ်ပေါ်သည့် အတွက် နိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက် ထိခိုက်လာလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဦးရဲမင်းက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ မသန့်ရှင်းသောအစားအစာ ၊ မသန့်ရှင်းသောရေ၊ ယင်နားစာများစားသောက်လျှင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တက် ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန်အတွက် သန့်ရှင်းသောရေ ၊ သန့်ရှင်းသော အစားအစာနှင့်ယင်နားစာများစားသုံးခြင်း နှင့် အစာမစားမီ လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးကြော ရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဖုံး၊သွန်၊လဲ၊စစ်ကို အသုံးပြုရမှာဖြစ်ကြောင်း ၊သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစပ်သောရောဂါဖြစ်ကြောင်း၊ ရေကြည်ရေသန့်မှာ ပေါက်ဖွားသော ခြင်ဖြစ်ကြောင်း ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ရေအိုးများကို ဖုံးအုပ်ထားရန် ၊ မလိုအပ်သောရေများကိုသွန်ရန်၊ ဘုရားပန်းအိုးတွေကိုတစ်ရက်တစ်ခါရေလဲပေးရန်၊ သွန်ရန်အခက် အခဲရှိတဲ့ရေတွေကို ရေစစ်ဖြင့်စစ်၍ ပိုးလောက်လန်းများကိုခပ်ပေးရမှာဖြစ်ကြောင်း ၊ သွေးလွန်တုပ်ကွေး၏ အဓိက ခြင်ပေါက်ရန်အတွက် ပိုးလောက်လန်းက အဓိကဖြစ်ကြောင်း ၊ ပိုးလောက်လန်းကိုကြိုတင်နှိမ်နင်းပါက ခြင်ပေါက်ဖွားမှုကိုကာကွယ်ပေးကြောင်း၊သွေးလွန်တုပ်ကွေး ရောဂါသည်အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်မှသာ အသက်ဆုံးရှုံးမှု များမဖြစ်နိုင်ကြောင်းစသည့် သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများ၊ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဈေးနှုန်းများ ကြီးမြှင့်မှုမရှိစေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ဈေးပြင်ပဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ပြည့်ဝဆန်ဆိုင်၊ ကရင်ကန်ဆန်ဆိုင်နှင့် ဈေးပြင်ပရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက်ရောင်းချသော ဈေးနှုန်းများအား ကောက်ခံခဲ့ပြီး အဆိုပါ ဆန်ဆိုင်များတွင် ဧရာဝတီပေါ်ဆန်းဆန်နှင့် ရွှေဘိုပေါ်ဆန်းဆန်များ ရောင်းချမှုမရှိဘဲ ကျောက်တန်းဒေသထွက် ကြားပျံဆန်၊ ခရမ်းဒေသထွက် ဆင်းသုခဆန်နှင့် ရွှေမန်းဆန် အမျိုးအစားများသာ ရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကျောက်ဆည်မြို့၊မြို့တော်ခန်းမ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေးဓါတ်ကြွင်း ကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကျင်းပ”

  ကျောက်ဆည်မြို့၊မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင်ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားအားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများနှင့်တောင်သူဦးကြီးများ တက်ရောက်ခဲ့ပါ သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စားသုံးသူများ၏ ကျန်းမာရေးကိုရည်ရွယ်ပြီး ယခုအခမ်းအနားအားကျင်းပရခြင်းဖြစ်ပြီး ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးအတွက် တောင်သူ ဦးကြီးများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများပိုးသတ်ဆေးဓါတ်ကြွင်းကင်စင် ပြီးနိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်မှာဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးသီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန်သီးနှံများအနေဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ပြီး ပန်းတိုင်အထွက် နှုန်းရရှိရန်အတွက် ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ဌာနများမှပန်းတိုင်အထွက်နှုန်းများရရှိရေး ဆောင်ရွက်ရမည့်အချက်များ နှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးနည်းလမ်းများ နှင့် အင်းဆက်ဖျက်ပိုးများ၏ အန္တရာယ်များအကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အရှေ့ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ အရှေ့ဒဂုံမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော(၇)ရပ်ကွက်၊ တပင်ရွှေထီလမ်း၊ အရှေ့ဒဂုံမြို့နယ်ရှိ “ပြည့်ဝ”ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ရွှေဝါထွန်၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဖျားပုံကြားပျံ၊ ဆန်များကိုဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါပုံမြို့နယ် မြို့သစ်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် အတူ ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ဒေါပုံမြို့နယ်၊ မြို့သစ်ဈေးရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်းနှင့် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချထားကြောင်း  ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

Petro APM စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဧရာဝဏ်လမ်း၊ စက်မှုလက်မှုရပ်ကွက်၊ သာကေတမြို့နယ် Petro APM စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေ များ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ