Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြွန်တန်ဆာမြို့နယ်ရှိ “ စိုး ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့နယ်၊ ကန်သာယာလမ်းရှိ “ စိုး ” မုန့်ဟင်းခါးဖတ် ထုတ်လုပ် သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ခရိုင်ဦးစီးမှူးသည် “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးစိုးအား လုပ်ငန်း အခြေအနေများ မေးမြန်းခဲ့ရာ ဦးစိုးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့နယ်ရှိ “ နေလ ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

 စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့နယ်၊ ကောလိယလမ်းရှိ “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ် သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ခရိုင်ဦးစီးမှူးသည် “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးစိုးအောင်အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးစိုးအောင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့နယ်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးမျိုးလှိုင် အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမျိုးလှိုင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်ရှိဓာတ်မြေဩဇာအရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင် အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဓာတ်မြေဩဇာအမျိုးအစားလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ကျော် ထွန်း၊ မကျီးတန်းရပ်ကွက် ပြည်တော်သာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရွှေဖိုးတေဓာတ်မြေဩဇာ အရောင်းဆိုင်နှင့် စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဓနအောင် ဓာတ်မြေဩဇာအရောင်းဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များ အား ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရာတွင် အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးအား သယ်ယူစရိတ်ပါ မိမိတို့ဒေသအရောက် ပြန်လည်ဖြန့်ဖြူးရမည့် ဈေးနှုန်းသတ်မှတ်ထားသည့် အတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ မပြု လုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ညောင်လေးပင်မြို့နယ်ရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၂၅.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီး မှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေးဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ စံဖဲကျေးရွာရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေ အနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းရှင် ဦးမင်းဇော်ဦး အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမင်းဇော်ဦးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရ သော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင် သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူး မြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးဆီအမျိုးမျိုးရောင်းချနေသော ဆိုင်များအား စစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်ပါ စားသုံး ဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကိုတွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျောက်တံခါးမြို့နယ်၊ ကန်ရွာ အ.မ.က (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ကန်ရွာ အ.မ.က (လွန်)ကျောင်းတွင် စားသုံး သူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကန်ရွာ၊ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်း စရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၂၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်မြောက်ရပ် အ.မ.က (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်မြောက်ရပ် အ.မ.က (လွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကွင်းနောက်မြောက် ရပ်၊ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့် အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၂၂ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး အတွက် (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များကုန်အညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက် ရှိ သည့် အမှတ်တံဆိပ်ပါ စားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒိုက်ဦးမြို့နယ်အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ  ၂၀.၈.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့နယ်ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးခွန် ကျော်ဝင်းထွန်းတို့သည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအရှေ့ကျေးရွာရှိ “ယွန်းနွယ်” အွန်လိုင်း အမည် ဖြင့် အထည်လက်ကားနှင့် အလှကုန်ပစ္စည်းများ ဖြန့်ချိရေးကို မှတ်ပုံတင်ထားရှိမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။ “ယွန်းနွယ်” အထည်လက်ကားနှင့် အလှကုန်ပစ္စည်းဖြန့်ချိရေးသည် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ