
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတို့ကိုပါ ဆောင်ရွက်လျက်ရှိရာ ၁၇.၁.၂၀၂၆ ရက်နေ့တွင် တိုင်းဒေသ ကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း မြှင့်တင်နိုင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီးက ဦးစွာပထမ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီးနောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ထားသည့် လုပ်ငန်းများအနေဖြင့် ဥပဒေ၏ အကာအကွယ်ပေးမှုကို ခံစားရမည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်ထားခြင်း မရှိလျှင် လုပ်ငန်းရှင်များအနေဖြင့် နစ်နာမှုများ ရှိမည်ဖြစ်ပြီး ထိုသို့မဖြစ်စေရန် အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောရာ တက်ရောက်လာသူများကလည်း မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု တိုင်းဒေသကြီးဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
