Main menu

အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်   ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)အတွင်းရှိ အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော်သည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)