Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နေပြည်တော်အတွင်းရှိ ဆီလက်ကားကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊  နေ့လယ်(၁၄:၀၀)အချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးခန်းမတွင် နေပြည်တော်ဦးစီးမှူး ဦးသိန်းထွန်း (ညွှန်ကြားရေးမှူး)သည် နေပြည်တော်ဆီလက်ကားကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ စားအုန်းဆီ များကို ထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစား ရန်ရည်ရွယ်ချက် ရှိရှိသိုလှောင်ခြင်းများမရှိစေရေး၊ ဆီဖြန့်ဝေရောင်းချမှု စနစ်တကျဖြစ်စေရေး၊ မှန်ကန်မှုရှိစေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၏ စားသုံးသူကာကွယ်ရေးဆောင်ရွက်ခြင်း

 

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်‌ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် စားသုံးသူအသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် အသိပညာပေးဆွေးနွေးခြင်းအား ၁၀-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဦးမြင့်နိုင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူအခွင့်အ‌ ရေးနှင့်တာဝန်များအကြောင်းအသိပညာပေးခြင်း၊ ၂၂-၁၀-၂၀၂၅ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဦးမြင့်နိုင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူအခွင့် အ‌ရေးနှင့် တာဝန်များအကြောင်း အသိပညာပေးခြင်း၊ ၂၃-၁0-၂၀၂၅ ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊  အခြေခံပညာ မူလတန်းကျောင်း(ရွှေပြည်)တွင် ဦးမြင့်နိုင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စားသုံးသူအခွင့်အ‌ရေး နှင့်တာဝန်များအကြောင်း အသိပညာပေးခြင်း၊ ၃၀-၁၀-၂၀၂၅ ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဂဲကြီးသာစည်)တွင် ဦးမြင့်နိုင် ဦးစီးအရာရှိ Online Sale မှတ်ပုံတင်လက်မှတ် ရရှိပြီးသူများ၏ တာဝန်နှင့် အခွင့်အရေးများအကြောင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းအား ၃၁-၁၀-၂၀၂၅ ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပြည် ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ ဦးနေဝေယံဦး လက်ထောက်ညွှန်ကြားရေးမှူးက စီးပွား‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများနှင့်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေးနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

360 Petro စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) သည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၅) နာရီအချိန်တွင် လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (360 Petro) စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင်  စက်သုံးဆီအရောင်းဆိုင်များ၏ ယနေ့ရောင်းဈေး တစ်လီတာလျှင်(92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်) တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

KZH စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

         (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ) ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)သည် ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ ပါသည်။

          အဆိုပါ KZH စက်သုံးဆီ အရောင်းဆိုင်တွင် (၁၈-၁၁-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီ တာလျှင် (92-၂၅၈၅ ကျပ်)၊ (95-၂၆၆၀ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၀၈၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင် ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဒေါ်ချိုချိုသင်း (ကျောင်းဈေးဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၇.၁၁.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အ.မ.က(စက်ကုန်း) သို့ ကုန်အညွှန်းအ မှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ UK MILKအမှတ်တံဆိပ်ပါ နို့ဆီချောင်း သည် နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းဈေးဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူး ရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များ ကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Myanmar Link Telecommunication Co.Ltd အား အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

           ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅)ရက် နေ့၊ နံနက်(၁၂း၀၀)နာရီအချိန်ခန့်တွင် အမှတ် (၁၂၂၃)၊ (၁၃)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော Myanmar Link Telecommunication Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင်ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍စစ်ဆေးခဲ့ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက်ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) သည် ၁၇.၁၁.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး ( ရုံးအုပ်) က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေး လုပ်ငန်းရှင် နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ၊ ကုန်စည် / ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှု လုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍တ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အကြောင်း၊ အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များ အကြောင်း၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့်သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

NTT MYANMAR Co.Ltd အား အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

          (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်  ဝန်ထမ်းများသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား အမှတ်(၃၃၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါ၊ ကျောက်တံတားမြို့နယ်တွင်ဖွင့်လှစ်ထားသော NTT MYANMAR Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)က ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအားဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ ‌နိုဝင်ဘာလ ၁၅ ရက်နေ့၊  ၁၃း၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၅) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၁၇) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 7P-7112 ISUZU မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၉၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံ ဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MSME(ထားဝယ်ခရိုင်)ပထမအကြိမ်နှစ်ပတ်လည် အခမ်းအနားအား  တက်ရောက်ခြင်း

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ Hotel Dawei (Conference Room) တွင် ကျင်းပပြုလုပ်သော MSME(ထားဝယ်ခရိုင်)ပထမအကြိမ်နှစ်ပတ် လည်အခမ်းအနားအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ထားဝယ်ခရိုင် MSME အသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများမှ ပြခန်းများအတွင်း လှည့် လည်ကြည့်ရှုခြင်းနှင့်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား အား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ