Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း ဦးစားပေးကုန်စည်(၅)မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူများ အသုံးပြုလျက်ရှိ သည့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများမှ ကာကွယ်ရန်၊ စီးပွားရေးလုပ်ငန်းများ အတွက် မျှတသောယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန်နှင့် ယုံကြည်စိတ်ချရသော စီးပွားရေးဝန်းကျင်ကောင်းကို ဖြစ်ပေါ်စေရန်၊ ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဈေးကွက်အတွင်းတွေ့ရှိပါက ပြန်လည် သိမ်းဆည်းစေရေး အပါအဝင် ဥပဒေအရအရေးယူဆောင်ရွက်နိုင်စေရေး တို့အတွက် ဦးစားပေး ကုန်စည်များကို ရွေးချယ်ပြီး ဦးစားပေးဆောင်ရွက်ရန် လျာထားချက်အတိုင်း ဈေးကွက်စောင့်ကြည့် လုပ်ငန်းများ လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်  ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုးအား နေရာစုံဖြန့်ကျက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုမှာ  (၁၈) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါ သည်။

   DOCA(စစ်ကိုင်း)