
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၈.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်ကား အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန််းရှင် များအား ခေါ်ယူတွေ့ဆုံ၍လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြ ထားသေကုန်ပစ္စည်းများကိုသာရောင်းချကြရန်စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှသိရှိလိုသည့်မေးမြန်းချက်များအားမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊၊ဟောပြောပွဲသို့ စားသုံးဆီလက်ကားအရောင်းဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
