Main menu

ပေါင်မြို့နယ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၂၆.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မင်္ဂလာဈေးရှေ့ရှိ လက်လီ/လက်ကား ရောင်းဝယ်နေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မင်္ဂလာ ဈေးရှေ့ရှိ လက်လီ/လက်ကား ရောင်းဝယ်နေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင် များ၌ ရောင်းချနေသော လျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ၊ ကြိုတင်သတိပေးချက်ဖော်ပြပါရှိခြင်း ရှိ/မရှိ၊ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိ၊ စားသုံးသူများအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်ခြင်း ရှိ/မရှိနှင့် ထုတ်ကုန် ဘေးကင်းလုံခြုံမှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ စံချိန်စံညွှန်းပြည့်မီပြီး ထုတ်ကုန်ဘေးကင်း လုံခြုံမှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

     DOCA (မွန်)