Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

                      Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေး၍လျှောက်ထားသည့်အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့ ဦးဆောင်၍(၆-၁၁-၂၀၂၅)၊ (၁၁-၁၁-၂၀၂၅)၊(၁၇-၁၁-၂၀၂၅)နှင့်(၁၈-၁၁-၂၀၂၅)ရက်နေ့တို့တွင်မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်း (၃၄) ဆိုင်တို့မှလျှောက်ထားသည့် ကုန်စည်များဖြစ်သည့်ဖန်စီပစ္စည်းများ၊အထည်အလိပ်အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊အလှကုန်များနှင့်လူသုံးကုန်များ၊လက်မှုပစ္စည်းများ၊စားသောက်ကုန်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းသုံး၊ လက်ဝတ်ရတနာများ၊ ပညာရေးဝန်ဆောင်မှု၊ အခြားသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ စသည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

DOCA(မန္တလေး)

(Premium) သောက်ရေသန့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၂၄-၁၁-၂၀၂၅ ရက်နေ့ နေ့လည်(၃း၀၀)နာရီ အချိန်တွင်  “Premium” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံ ခြုံစိတ်ချရမှု ဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

           ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(မန္တလေး)

(ငြိမ့်ရွာငံကော်ဖီ)လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်ခင်သူဇာ၊ ဒု-ဦးစီးမှူးသည် ၂၄-၁၁-၂၀၂၅ ရက်နေ့ နေလည်(၂း၀၀) နာရီအချိန်တွင်  “ငြိမ့်” အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

                ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များနှင့်အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်းသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ DOCA(မန္တလေး)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးခင်ဇော်မှ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီ ရောင်းချနေမှုအား သထုံမြို့နယ်တာဝန်ခံ သွားရောက်စစ်ဆေးခြင်း

    ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် ပိဿာ (၂၂၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

      ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ဖြင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ Future Net အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းအသိပညာ‌ပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။         

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

      ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ စျေးကြို စျေးဝင်းအတွင်းရှိ ဧရာဝတီဆန်ဆိုင်အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

 ၂၆.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ အောက်လမ်းမကြီး၊ စတားဆန်ဆိုင် အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့နယ်အတွင်းရှိ  ရွှေနိုင်ငံ (ဆေးဆိုင်)၊ ဇာနည်လျှမ်း (ဆေးဆိုင်)နှင့် အထက်တန်းလမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင် များအား ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA (မွန်)

သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

      ၂၆.၁၁.၂၀၂၅ ရက် နေ့လယ်  (၁၃း၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အထက (၁) မုဒုံ ကျောင်း၌  ကျင်းပပြုလုပ်သော သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

    ဦးစွာ အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား (၁၁၀) ဦး၊ ကျောင်းသူ(၉၀)ဦး ဆရာမ(၁၀) ဦး တက်ရောက် ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်မျိုးမင်းမှ လေထုညစ်ညမ်းခြင်း၊ မီးခိုးမြူငွေ့အန္တရယ်နှင့် မီးခိုးမြူငွေ့ လျော့ချရေး၊ တောမီးကာကွယ်ရေးအစီအစဉ်များအားလည်းကောင်း၊ တောအုပ်ကြီး ဦးမြင့်‌ထွေးမှ  သစ်တောထိန်းသိမ်းရေး ဆိုင်ရာများအားလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းစိုးမှ ရေသယံဇာတနှင့်ပတ်သက်သော အကြောင်းအရာများအားလည်းကောင်း ဟောပြောဆွေးနွေး ခဲ့ပါပြီးကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ