Main menu

ပေါင်မြို့နယ်၌ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၅.၂.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြို့နယ်မော်တော် ယာဉ်ကြီးကြပ်ထိန်းသိမ်းမှု ကော်မတီတို့နှင့် ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ယာဉ် အန္တရာယ်ကင်းရှင်းရေး ဥပဒေအရ စစ်ဆေးအသိပေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသည်များအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ်ကျေနပ်မှုရှိ/မရှိ၊  ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ၊ ကုန်စည်များပို့ဆောင်ရာတွင် ပစ္စည်းများပျောက်ဆုံး/ပျက်စီးခြင်းရှိ/မရှိ၊  ရှိပါက စားသုံးသူစိတ်ကျေနပ်အောင် ဆောင်ရွက်ပေးခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး မော်တော် ယာဉ်လိုင်းပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအရ လိုက်နာရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)