Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Myat Ay Kan Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးပါ (၃)ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၆:၂၀)အချိန်တွင် အမှတ်‌(၂၇)၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာမြို့နယ်ရှိ စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Myat Ay Kan Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ဒေါ်မေအိမ့်သူမှ မိမိတို့စက်ရုံသည် ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “ရွှေမြတ်” အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအလိုက် ထောက်ခံချက်များအနေဖြင့် (၂၉.၈.၂၀၂၅)ရက်နေ့တွင် မြန်မာ့ကုန်ပစ္စည်း  စစ်ဆေးရေးနှင့် အရည်အသွေးစမ်းသပ်မှု ကုမ္ပဏီ(MITS)မှ စမ်းသပ်စစ်ဆေးချက်ရရှိကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ထောက်ခံချက်လည်းရရှိပြီးဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၃) ဦးတို့သည် (၂၅.၁၁.၂၀၂၅)ရက်နေ့ ညနေ (၁၆:၀၀) နာရီအချိန်တွင် အမှတ်‌(၂၇)၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေမြတ်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီဘူးသွင်း ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူ များသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် အမှတ် (၂၄၂)၊ ဒါးပိန်လမ်းခွဲ၊ ပြည်တော်သာရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ ဟနာ့ခရက်လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် (၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၅၀) နာရီအချိန်တွင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်းပေါ်ရှိ One Stop Mart သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် One Stop Mart သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ မိမိတို့ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၊ အသင့်သောက်အချိုရည်များ၊ အရန်သင့် အစားအစာများ အဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ သွားတိုက်ဆေးများ၊ ဆပ်ပြာအမျိုးမျိုးတို့ တွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များအား မြန်မာလိုရေးသား ဖော်ပြထားပြီး အလေးချိန်တို့သည် ဂရမ်ဟုဖော်ပြထားကြောင်း၊ ဈေးနှုန်းလည်း ယခင်အပတ်ထက် မြင့်တက်နေခြင်းမရှိဘဲ ပစ္စည်းများလည်း ပြတ်လပ်မှုမရှိပါကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များလည်းပါဝင်ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းသို့  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ကျွန်းလှမြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့ဖြင့်  သွားရောက် ကွင်းဆင်း၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျော်ဇောသူမုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းမှ  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင်း ကုန်အညွှန်းအမှတ်အသား လျှောက်ထားသည့်  စာလေးခွေကြော်၊ ပဲခွေကြော်၊ မုန့်စကြာကြော်၊ ပဲလွန်းပြာကြော်၊ ငါးမှုန့်ကြော်နှင့် ဗရာကြော် အထုတ်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် Gasifierသုံးစွဲမှုများ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စက်မှု ကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၁၉-၁၁-၂၀၂၅ ရက် နေ့ နံနက် ပိုင်းက မအူပင် မြို့နယ် စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များ ကြိတ်ခွဲလည်ပတ် ထုတ်လုပ်နိုင်မှုများ တွက်ချက်နိုင်ရေးကို သွားရောက်လေ့လာ ကြည့်ရှုစစ်ဆေးသည်။

      မအူပင်မြို့နယ်အတွင်း Gasifier သုံးဆန်စက် (၄)စက်မှ  ဆန်စက်တာဝန်ခံများနှင့် ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ဓာတ်အားရရှိသုံးစွဲနေမှု၊ စပါးခွံ ကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စပါးခွံ ထွက်ရှိမှု အခြေအနေများ၊ စပါးကြိတ်ခွဲနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Gasifier အသုံးပြုမှုအတွက် တွက်ချက်နိုင်ရေးအတွက် လေ့လာကွင်းဆင်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ ဘိလပ်မြေ ရောင်းသည့်ဆိုင်၊ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ပစ္စည်းပြတ် လပ်မှု ရှိမရှိ၊ ဈေးကွက်ဈေးနှုန်း အခြေအနေများကို  သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၉-၁၁-၂၀၂၅) နေ့ နံနက်ပိုင်း (၁၀) နာရီ အချိန်က လိုက်လံစစ်ဆေးခဲ့သည်။

      ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ၊ မြို့ပေါ်နှင့် အနီးကျေးရွာ အတွင်းရှိ ဘိလပ်မြေများ၊ သံချောင်းများ၊ အထပ်သားများ ရောင်းသည့် ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား လက်ရှိအခြေအနေများကို သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး ဘိလပ်မြေများ ပြတ်လပ်မှုမ၇ှိ ဈေးနှုန်းတည်ငြိမ်၍ ဈေးနှုန်းကြီးမြင့်မှုကြောင်း တွေ့ရှိရပြီး ကုန်အညွှန်အမှတ်အသား ပြည်စုံစွာဖော်ပြပါရှိခြင်း ရှိမရှိ ဈေးကွက်အတွင်း ပစ္စည်းများ သိုလှောင်ထားခြင်းမပြုရန်တို့ကို ဆိုင်ပေါင်း ၁၅ဆိုင်အား စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များကို လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဆောင်းရာသီ ဆီထွက်သီးနှံ စိုက်ပျိုးမှုများအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာရှိ စံပြ နေကြာ(၁၅)ဧက စိုက်ပျိုးမည့်နေရာသို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ (၁၉-၁၁-၂၀၂၅ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးပညာရှင်များ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့်  ဝန်ထမ်းများ၊ ပန်းတနော် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်းသီးနှံများဖြစ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နေကြာဆီထွက်သီးနှံများ၊ နွေစပါး၊ ပဲမျိုးစုံနှင့်  အချိန်မီ နည်းလမ်းတကျ စိုက်ပျိုးရေးနှင့် လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များအား ချောင်းကလေးကျေးရွာ စံပြနေကြာ(၁၅)ဧက စိုက်ပျိုးသည့် နေရာသို့ မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ပန်းတနော်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)နှင့်  ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး  သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပန်းတနော် ထွန်းတောက်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးမှ ဦးအောင်‌ကျော်သက် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့နှင့်အတူ ပန်းတနော်၊ တောဆယ် ကျေးရွာ၊ ဒေါဝါးအုပ်စု သို့ ကွင်းဆင်း၍ (၁၉-၁၁-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)အချိန်က  ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     စစ်ဆေးရာတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးက ဆန်စက်လုပ်ငန်း လည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည်ရှုလေ့လာပြီး၊ ဆန်စက်တွင် စပါးသိုလှောင်မှု တင်း၃၀၀၀ နှင့် ဆန်အိတ်လက်ကျန် ၈၀၀အိတ်ရှိကြောင်း ၊ တစ်နေ့လျှင် ၁၅တန်ကျ ကြိတ်ခွဲနိုင်ကြောင်းနှင့် မနက် ၆နာရီမှ ညနေ ၅နာရီထိ ကြိတ်ခွဲကြောင်း၊ စပါး ၇၅၀တင်းကိုကြိုက်ခွဲပြီး ဆန်အိတ် ၁၅၀ ကြိတ်ခွဲနိုင်ကြောင်း၊ ဆန်စက်တွင် ရေစစ်ကန်ပြုလုပ်ထားရှိမှု ရေဆိုးရေညစ် ထုတ်လုပ်ရာ လမ်းကြောင်း ကောင်းမွန်စွာ စီးဆင်းစေရေးကို ကြည်ရှုစစ်ဆေးခြင်း၊ ပတ်ဝန်ကျင် အနှံဆိုး ထိခိုင်မှုကို လျော့နည်းအောင် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး MyRo တွင်  ဆန်စက်၏ စပါး/ဆန် လက်ကျန်စာရင်းကို လစဉ် လဆန်း ၇ရက်နေ့တွင် ဖြည့်သွင်းနိုင်ရန်အတွက်ကို လုပ်ငန်းရှင်အား အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

(၉၁၂)ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မအူပင်မြို့နယ်၊ တလုပ်လပ်အနောက် ရှိ ဦးတင်မြင့်အောင် (၉၁၂) ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက်ကွင်း ဆင်းလေ့လာ စီစစ်ခြင်းကို (၁၉.၁၁.၂၀၂၅) ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် (၉၁၂) ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင် ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး ဆန်စက်တွင် စပါးတင်းရေ(၂၅၀၀၀)၊ ဆန် (၁၅၀၀) အိတ်သိုလှောင်ထားရှိကြောင်း၊ တစ်နေ့လျှင် စပါးကြိတ်ခွဲမှု တင်း (၁၀၀၀)နီးပါး ကြိတ်ခွဲကြောင်း၊ စပါးဆန် သိုလှောင် ထားရှိကြောင်းနှင့်လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ