Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဈေးရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင်  ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုး မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်နှင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက် နံနက်(၁၁:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၆)ပေပါ(သို့) (၃၉၆၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ  ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ်၆,၁၁၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။     

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ရွှေဘိုခရိုင်၏ (၁၁/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

        ရွှေဘိုခရိုင်အနေဖြင့်(၁၁/၂၀၂၅)လအတွင်း ခရိုင်ဦးစီးမှူး။ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြမိုးကျော်ဆေးဆိုင်အားလည်ကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ ဦးအောင်မြင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဒေါ်ကြင်မိ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးတောင်ရပ်ရှိ အောင်ဆုပန်အမှတ်တံဆိပ် ပဲချောင်းထုတ်လုပ် ဖြန့်ဖြူရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြသည့်အပြင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ U9ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်လုပ်ငန်းအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေး အသိပညာပေးဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၆.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မင်္ဂလာဖေမြင့်ဆန်စက်လုပ်ငန်းရှင်အား မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးအသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေး အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ()နေပြည်တော်၊ လိုင်းခွဲ()ရန်ကုန်၊ လိုင်းခွဲ()မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ဆန်တန်ချိန်(၂၅)တန်အထက် စပါးတင်း(၂၅၀၀)အထက်သိုလှောင်ပါက myroတွင် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Updateပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြပြီး စပါး၊ ဆန်လက်ကျန်စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ မေးမြန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ဘေဘီဖက်ရှင်”နှင့်“မိဘအရိပ်”   ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်ကျမ်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒုတိယလမ်းရှိ “ဘေဘီဖက်ရှင်”ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်နှင့် မိဘအရိပ်”ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ကလေးအသုံးအဆောင်ပစ္စည်းအရောင်း ဆိုင်တွင် ရောင်းချနေသော ပစ္စည်းများတွင်  သက်တမ်းကုန်ဆုံးရက်ကျော်လွန်သောပစ္စည်းများ မရောင်းချစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိသော ပစ္စည်းများရောင်းချစေရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိစားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအားစားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီတွင် မြို့နယ်တာဝန် ခံရုံး၌ ဆီဖြန့်ဖြူးရောင်းချသူ (၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပါသည်။

    ထိုအသိပညာပေး ဟောပြော ပွဲတွင်ဆီအမျိုးမျိုးတို့အား ချိတ်ပိတ်ဘူးဆီတို့တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းရှိ/မရှိနှင့် ဆီအတုအပ ရောနှောဆီများ မရှိကြောင်း၊ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း နေ့စွဲများပါသော ဗွီနိုင်းများ ချိတ်ဆွဲ၍ ပြည်သူများအား ရောင်းချပေးရန်နှင့် တရားမဝင်ကုန်စည်များနှင့် ပတ်သတ်၍လည်း ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း (၁၀ ) ပုဒ်မ (၂၁ ) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတွင် လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၁၈)ရက်နေ့မနက် (၁၂:၀၀) နာရီတွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

    ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)တို့၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁၁)ဦးဖြင့် ဥက္ကဌ၊ ဒု-ဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်၊အမှုဆောင်အဖွဲ့ ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း မြို့နယ်အနေဖြင့် ဆီလက်လီ/ လက်ကားကိုယ်စားလှယ်များအား ကျေးရွာ၊ရပ်ကွက်၊ အိမ်ထောင်စုများကိုဆီစာအုပ်များဖြင့်ရောင်း ချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အရည်အသွေးပြည့်ဝသည့်ဆီများအား အလေးချိန်ခွင် မှန်ကန်စွာ ရောင်းချရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတိုကို စားသုံးသူဌာနနှင့် ပူးပေါင်း၍ အပတ်စဉ်၊ လစဉ်ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူ များ စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းကြီးမှ ကြီးကြပ်ဆောင်ရွက်ပေး ရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ