Main menu

သဇင်လှိုင် အထည်အလိပ် အဝတ်အထည်နှင့် ဆက်စပ်ကစ္စည်းများ Online Sale ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့၊ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၄.၃.၂၀၂၆)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊မြရတနာလမ်းမှ သဇင်လှိုင် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ကစ္စည်းများ ရောင်းချသောOnline Sale လုပ်ငန်းပိုင်ရှင်ဒေါ်သဇင်လှိုင် အားမှတ်ပုံတင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Onlineစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များအားမှတ်ပုံတင် လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ခြင်းရှိ/မရှိခြင်းနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကိုတွေ့ရှိရ ကြောင်းသိရသည်။

DOCA(ပဲခူး)