Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းအဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

      (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဉီးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်  စစ်ဆေးရေးတာဝန်ရှိသူများသည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသည့် ရတနာစမ်းချောင်းလမ်း၊ ၁၃ရပ်ကွက်၊ ဓနုဖြူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် မအေးမိုး၊ Moe Collection လုပ်ငန်းမှ  အွန်လိုင်းမှတ်ပုံတင် စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စစ်ဆေးရေးအရာရှိမှ မြေပြင်စစ်ဆေးရန် သတ်မှတ်ချက်များအတိုင်း အမှန်တကယ်ရောင်းချမှုနှင့် လုပ်ငန်းအခြေအနေများကို စစ်ဆေးခဲ့ပြီး၊ စစ်ဆေးချက်နှင့် ကိုက်ညီကြောင်း တွေ့ရှိရပြီး၊ စစ်ဆေးမှု အခြေအနေများကို ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ပြုပြင်ထုတ်ပိုးထားသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသည့်ပြန်လည်ပြုပြင်ထုတ်ပိုးထားသော  အသင့်စားသောက်ကုန်စည်အမျိုး မျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာဖော်ပြခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ  ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချလျက်ရှိကြောင်း၊ ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၉.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိ ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့နယ် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်(တ)ရပ်ကွက်ရှိ ခွဲတမ်းရလက်လီကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်း ချပေးနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့် အကြိမ်ရေနှင့်ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

အင်္ဂပူမြို့မစည်ပင်ဈေးရှေ့ တွင် အခြေခံစားသောက်ကုန် ဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ဆန်စပါးကြီးကြပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အင်္ဂပူမြို့မစည်ပင်ဈေးရှေ့ တွင် အခြေခံစားသောက်ကုန် ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀/-)ကျပ်ဖြင့် (၄၈)ပြည်အား ပြည်သူ(၁၆)ဦးနှင့် ဆင်းသုခတစ်ပြည်လျှင် (၂၀၀၀/-)ကျပ်နှုန်းဖြင့် (၁၆၈)ပြည်အား ပြည်သူ(၅၆)ဦး ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချရာတွင် ပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်ဆန်စပါးကုန်သည်အသင်း၊ အင်္ဂပူမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်း၊  ထိုသို့ရောင်းချခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍(၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရုံးပွဲ လမ်း၊ အမှတ်(၅)ရပ်ကွက်နှင့် ကြာနီကန်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ ဇင် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး နှင့် အောင်ကမ္ဘာ  ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ /မရှိနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်စစ်ဆေးတွေ့ရှိချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြု သော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ  အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ မြန်အောင်မြို့နယ်တွင် စက်ရုံမှ ဘိလပ်မြေများ ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊  ပစ္စည်းပြတ်လပ်မှုမရှိဘဲ ဒေသတွင်းသုံးစွဲမှု လုံလောက်ကြောင်း စိစစ်တွေ့ရှိရ သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်း အခြေခံစားသောက်ကုန်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် မြန်အောင်မြို့နယ် မြို့မနေခြည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချပေး

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျ အားကစားခန်းမ၌ မြန်အောင်မြို့နယ် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်စားအုန်းဆီများ သင့်တင့် မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူး လျှင် (ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၂၂၀၊  ဆင်းသုခဆန်တစ်ပြည်လျှင် ၂၀၀၀/-ကျပ်နှုန်းဖြင့် ဆန်အိတ်(၃)အိတ်အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၂၇.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီခွဲအချိန်တွင် AYA Treasure  Online Shop မှ စားသောက်ကုန်ပစ္စည်းများအား အမှတ်(၄၀၆)၊ ဇာနည်လမ်း၊ တောင်ဥက္ကလာပ မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများစနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသောကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသောစာရင်းကိုက်ညီမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်မပြည့်စုံသော ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Future Light Electronic Online Shop အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၂၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀) နာရီအချိန်တွင် Future Light Electronic Online Shop အား အမှတ်(၃၀၁)၊ ဗလ္လိက(၁၂)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် သို့သွားရောက်၍ Online Saleမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများစနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည် ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသောကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသောစာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ