Main menu

သရက်မြို့၌ အွန်လိုင်းစနစ်ဖြင့်ဈေးရောင်းချရာတွင် မှတ်ပုံတင်ရယူ၍ လုပ်ငန်းများဆောင်ရွက်ရန် ကလေးကစားစရာအရုပ်များနှင့် အလှကုန်ပစ္စည်း ရောင်းချနေသော လုပ်ငန်းရှင်းအား အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှဝန်ထမ်းများသည် သရက်မြို့ ရွှေဘုံသာရပ်ကွက်၊ သဟာရလမ်းရှိ ကလေးကစားစရာအရုပ်များနှင့် အလှကုန် ပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်းထံသို့ (..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ရယူ၍ လုပ်ငန်းများဆောင်ရွက်ရန် မိမိတို့ဌာနသည် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား အဆင်ပြေစေရန်ဆောင်ရွက်ပေး လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်း ချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ်သတ်မှတ်သည့် အမိန့်ကြော် ငြာစာအမှတ် (၄၉/၂၀၂၃)(၅၀/၂၀၂၃)နှင့်(၅၁/၂၀၂၃)တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး အခြားလုပ်ငန်းရှင်များ အနေဖြင့်အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်လိုပါက Sharing ပြုလုပ်ပေးစေလိုပါကြောင်း၊     ကုန်စည်များရောင်းချရာ တွင်လည်းမိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသည့်ကုန်စည်များကိုသာ ရောင်းချစေရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာဌာန၏ ရည်မှန်းချက်ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးတို့နှင့်အညီ စားသုံးသူအကျိုးမျှော်ကိုးစွာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း လက်ကမ်းစာစောင်များပေးဝေ၍ အသေးစိတ်ရှင်းလင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)