Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့နယ်အတွင်းရှိကျေးရွာများသို့စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအားကျေးရွာအုပ်ချုပ်ရေးမှူးများထံစနစ်တရကျထုတ်ပေး

  ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်အတွင်းရှိကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအားယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ဆောင်ရွက်ခဲ့ပါသည်။
       ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်အထက်ဌာနများ၏လမ်းညွှန်ချက်များနှင့်အညီ စားအုန်းဆီများ ပြည်သူများလက်၀ယ်မှန်ကန်စွာ ရရှိစေရေးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာမြို့ပေါ် ရပ်ကွက်များအား ဆီထုတ်ယူခွင့်စာအုပ်များ ထုတ်ပေးပြီးဆီများကို လက်လီအရောင်းဆိုင်များမှစနစ် တကျရောင်းချပေးလျက်ရှိပါသည်။
    ကျေးရွာနေပြည်သူများအားစားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့်စားအုန်းဆီများအသုံးပြုနိုင်စေရန် အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆီစာအုပ်များစနစ်တကျပေးအပ်ခဲ့ပြီး ကျန်ကျေးရွာများသို့လည်း ဆီစာအုပ်များစနစ်တကျ ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး စားအုန်းဆီထုတ်ယူခွင့်စာအုပ်  များအား‌ အုန်းပင်ကျေးရွာရှိ အိမ်ထောင်စု(၁၅၇၄)အား ဆီစာအုပ်(၁၅၇၄ )အုပ်ကျေးရွာ
ပြည်သူများသို့ စနစ်တကျပြန်လည်ထုတ်ပေးရန်နှင့် ဆီရောင်းချရာ၌ သတ်မှက်ချက်များနှင့်အညီ ရောင်းချနိုင်ရေးစားသုံးသူရေး ရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာ၀န်ခံမှကျေးရွာအုပ်‌ချုပ်ရေးမှူးအား အသိပညာ ပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ၊ “ဆန်းလှဝေ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်း

ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ( ၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘုရားကလေးကွင်း ကျေးရွာ၊ “ဆန်းလှဝေ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

             ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်အတွင်း ခေတ်မီ စက်ယူနစ်များ တပ်ဆင်အသုံးပြု မှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါး သိုလှောင် ထားရှိမှုအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်း နှင့် ပက်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ အခြေ အနေ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှုပြည့်မီ စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေါ်သင်းသင်းခိုင် လက်လီစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၁၅) နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးရှိ ရုံ (၂၁)၊ အခန်း(၅၅)ရှိ ဒေါ်သင်းသင်းခိုင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်လျက် ဒေါ်သင်းသင်းခိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျအလှည့်ကျ အပိုင်းလိုက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးပါကြောင်း၊ လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသောဈေးနှုန်းအတိုင်း ရောင်းချပေးပြီး အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(၉)၊ အခန်း(၇)ရှိ ဒေါ်ညိုဆိုင်သို့ရောက်ရှိခဲ့ရာ မိမိသည်ရပ်ကွက်နေ ပြည်သူများသို့ နေ့စဉ်စာအုပ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချမှု မရှိကြောင်း၊ ရောင်းချမှုလက်ခံများထားရှိခြင်း တစ်အိမ်ထောင်လျှင် (၅၀)ကျပ်သားနှင့် တစ်လကို (၂.၅၀)ပိဿာရရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ ဒေါ်မြမြစိုး စားအုန်းဆီအရောင်းဆိုင်နှင့် ဒေါ်နွယ်နွယ်အောင် စားအုန်းဆီအရောင်းဆိုင်တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဒေါ်မြမြစိုးအား ရရှိသောခွဲတမ်းအား ရပ်ကွက်နေပြည်သူများသို့ အလှည့်ကျစနစ်တကျ ရောင်းချပေးစေလိုကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချပေးခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရောင်းချရက်စွဲ၊ ပိဿာ၊ ဈေးနှုန်းနှင့်ရောင်းချသူအမည်ကို ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

City Mart (ဖော့ကန်)နှင့် Sein Gay Har (အောင်ဆန်း)သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ City Mart နှင့် Sein Gay Har သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စားသုံးသူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြင့်တက်မှုရှိ/ မရှိနှင့် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်‌ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ ဗိမာန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော်အခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် သံဃာတော်များမှ တရားတော်များ ရွတ်ဖတ်ကာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးများ၊ ပဒေသာပင် ဆက်ကပ်လှူဒါန်းသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တကွ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရန်ကုန်မြို့မှ ထားဝယ်မြို့ ဆိပ်ကမ်း ဝင်းဖူးခိုင်တံတားသို့ရောက်ရှိလာသော ကုန်စည်များအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရန်ကုန်မြို့မှ ထားဝယ်မြို့ ဝင်းဖူးခိုင်တံတားသို့ ဆိုက်ကပ်လာသော MV ‌‌‌ဂေါ်ဇီလာ သင်္ဘောြဖင့် တင်ဆောင်လာ သော စားသောက်ကုန်ပစ္စည်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြစ်သော ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတက်ရောက်ခြင်း

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နေ့လယ်  (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်‌ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ ရှင်းလင်းဆွေး နွေးခြင်း၊ တက်ရောက်ကြသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ ဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ရုံးချုပ်မှကျင်းပပြုလုပ်‌‌သော စားသုံးသူကာကွယ်ရေးဥပဒေနှင့်ငြိစွန်းမှုရှိ‌သော ထူးခြားဖြစ်စဉ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးဥပဒေနှင့်ငြိစွန်းမှုရှိ‌သော ထူးခြားဖြစ်စဉ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ တာဝန်ရှိသူမှ စားသုံးသူကာကွယ်‌ရေး ဥပဒေပြင်ဆင်ဖြည့်ဆွက်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ