Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်မြို့ရှိ ဟိန်းထက်ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးအတွင်းရှိ ဟိန်းထက် ဆန်လက်လီ၊ လက်ကား ရောင်းချနေသော ဆန်အရောင်းဆိုင် သို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးအတွင်းရှိ ဟိန်းထက် ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

   ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ၇-၈-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို အမှာစာ နှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီး အစည်းအဝေးကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

     အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၁၃) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

                            

မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၁/၂၀၂၅)ကျင်းပ

   ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ခရိုင်စားသုံးသူရေးရာ ကော်မတီအစည်းအဝေး ကို မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်၊၊

          အစည်းအဝေးတွင် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင်  စားသုံးသူကာကွယ် ရေးလုပ်ငန်းများဆိုသည်မှာ ကုန်စည်ဝယ်ယူမှုများသာဟုတ်ဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာ ပါဝင်ပါ ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မူလသဘောတူညီ ချက်များအတိုင်း ဝန်ဆောင်မှုပေးအပ်ခြင်းများ မရှိခြင်းကြောင့် စားသုံးသူများနစ်နာရသည်များ ရှိပါ ကြောင်း၊ စားသုံးသူများကလည်း နစ်နာမှုများအပေါ် စားသုံးသူအခွင့်အရေးများအတိုင်း တောင်းဆို တတ်ခြင်းမရှိသောကြောင့် စားသုံးသူနစ်နာမှုများ ရှိပါကြောင်း ၊ သို့ဖြစ်၍ စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေး၊ စားသုံးသူနှင့်လုပ်ငန်းရှင်များအကြား အငြင်းပွားမှု လျော့နည်းစေရေး၊ အငြင်းပွားမှုများ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ထိရောက်စွာဖြေရှင်းဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ် ရေး လုပ်ငန်းများသည် လူတိုင်းနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ဆက်နွယ်သည့် ဌာနများအနေ ဖြင့် မိမိတို့ သက်ဆိုင်သည့် အခန်းကဏ္ဍမှပါဝင်၍ အားလုံးကြိုးစားဆောင်ရွက်သွားကြရန် ပြောကြား ပါသည်၊၊

          ထို့နောက် မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုုးဝင်းနိုင်က စားသုံးသူကာကွယ်ရေး ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်း ချက် ၊ ရည်မှန်းချက်၊ ပြည်နယ်/ခရိုင်စားသုံးသူရေးရာကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စပ်လျဉ်း၍ သုံးလပတ်အလိုက် လုပ်ငန်းလျာထား ချက်နှင့် မိတ်ဘက်ဌာနများနှင့်ပေါင်းစပ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စားသုံးသူအငြင်းပွားမှုများနှင့် ပတ်သက်၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်ဆောင်ရွက်ထားမှုနှင့် Consumer Call Center Hot Line No 1535 ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ်တက်ရောက်လာကြသော ခရိုင်စားသုံးသူရေး ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသော စပ်ဆက်ဌာနများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ ၍ ဆွေးနွေးချက်များမှ အစည်းအဝေးဆုံးဖြတ်ချက် (၇) ချက် ချမှတ်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ၁၃၀၀ နာရီတွင် ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။

DOCA(ကရင်)

“ပြင်ဦးလွင်မြို့၊ မြို့မစျေးအတွင်းရှိ စိတ္တသုခ ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ပြင်ဦးလွင်မြို့၊ မြို့မစျေးအတွင်းရှိ စိတ္တသုခ ဆန်လက်လီ၊ လက်ကား ရောင်းချနေသော ဆန်အရောင်းဆိုင်သို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ပြင်ဦးလွင်မြို့၊ မြို့မစျေးအတွင်းရှိ စိတ္တသုခ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန် နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဌေးဌေးကြွယ် စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

           ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၅) ရက်နေ့တွင်ပြင်ဦးလွင်မြို့နယ်ရှိ ဌေးဌေးကြွယ် စက်သုံးဆီအရောင်းအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊စျေးနှုန်းမြင့်တက်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချရန်နှင့်အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး မင်းသူဇော်ကိတ်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း အားကွင်းဆင်းစိစစ်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ရှိ မင်းသူဇော် ကိတ်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျောက်ဆည် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် မင်းသူဇော်ကိတ်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း ရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကျော်ကိတ်ခြောက်လုပ်ငန်းအားကွင်းဆင်းစိစစ်”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ မြို့ဦးရပ်ရှိ ကျော်ကိတ်ခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျော်ကိတ်ခြောက်လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက် များအားရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကံမြင့်သူကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ ဆည်ထိပ်ထန်းတောရပ်ရှိ ကံမြင့်သူ ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များပြည့်စုံစွာ ပါဝင်မှုရှိစေရေး၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကံမြင့်သူ ကြက်သွန်ပေါင်းကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေလရောင်ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ ဆည်ထိပ်ထန်းတောရပ်ရှိ ရွှေလရောင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များပြည့်စုံစွာပါဝင်မှုရှိစေရေး၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေလရောင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ဆည်ကြီးကျေးရွာတွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာစည်မြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦီးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့ သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးစားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျေးရွာမှ လူဦးရေ  (၇၆)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ