Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့နယ် ၊ တွံတီးကျေးရွာတွင် လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော Bakeryထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ၌ စားသုံးသူကာကွယ်ရေးအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ သင်တန်းသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)

 

“ သုံးခွမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းအား ဩဂုတ်လ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချ သည့်ဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင် ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက် (Vegetble Oil, Cooking Oil) နှင့်စပ်လျဉ်းသော ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသော လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသားညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများ အားရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်ရှိ (၁၂) ရပ်ကွက်၊ ချဉ်ပေါင်ခြံ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ (၁၂)ရပ်ကွက်၊ ချဉ်ပေါင်ခြံ အခြေခံ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ သက်တမ်း လွန်မုန့်များ ရောင်းချနေမှုရှိ/မရှိနှင့် ကလေးငယ်များ အန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ ရောင်းချနေမှုမရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ကျောင်းအုပ်ဆရာမကြီးတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဒေါ်ကြူကြူမွှေး၊ ဒေါ်မြင့်အေး၊ ဒေါ်တင်ငြိမ်းတို့တွင် ဈေးဆိုင်များတွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်း အမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး သက်တမ်းကျော်လွန်ခြင်း မရှိ သေးသော မုန့်များရောင်းချလျှက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အသုပ်စုံ များ ရောင်းချသူများအား ယင်ကောင်များ မနားစေရန် လုံခြုံစွာ ဖုံးအုပ်ရောင်းချကြရန်နှင့် သစ်သီး များရောင်းချရာတွင်လည်း အမှည့်လွန်နေသော သစ်သီးများ ရောင်းချခြင်း မပြုလုပ် ကြရန်တို့အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရီရှင်းရွှေသမင် အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

   ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၊ နေ့လည် (:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက်() အတွင်း ရှိ ရီရှင်းရွှေသမင်

    အမှတ်တံဆိပ် ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရီရှင်းရွှေသမင်အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရီရှင်းရွှေသမင်အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက် ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA (ရှမ်း)

သာစည်မြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

            ၁၈.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် သာစည်မြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မြို့နယ်စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မိတ္ထီလာခရိုင် ရေအရင်းအမြစ်ဦးစီးဌာနတာဝန်ခံနှင့် ချေးငွေရယူမည့် တောင်သူစုစုပေါင်း (၅၀) ဦးတို့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စိုက်ပျိုးရေရရှိရေးကဏ္ဍဖြင့် တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှု ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြာခဲ့ပြီး တောင်သူ (၂၇) ဦးအား (၂၂၈၅) သိန်း ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရှင်းရှင်း အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၊ နေ့လည် (:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် ()အတွင်းရှိ ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။

ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA (ရှမ်း)

သာစည်မြို့နယ်၌ စိုက်ပျိုးရေးအသုံးပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

          ၁၇-၇-၂၀၂၅ ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် မြို့နယ်စီမံကိန်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရက်ကွပ်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး/စာရေးများသည် သာစည်မြို့ပေါ်ရှိ  စိုက်ပျိုးရေး အသုံးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်အား တရားမဝင် ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးမှ စိုက်ပျိုးရေးလိုင်စင်များ၊ လုပ်ငန်းလိုင်စင်များ သက်တမ်းကုန်ဆုံးခြင်းရှိ/ မရှိ၊ မြို့နယ် ကျန်းမာရေးမှ ကျန်းမာရေးနှင့် အညီ ရောင်းချစေရေး၊ မြို့နယ်စားသုံးသူရေးရာမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုရှိ/ မရှိ ကုမ္ပဏီများမှ တင်သွင်းသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများအား ဈေးနှုန်းဈေးကွက် မေးမြန်းစုံစမ်းခြင်း၊ ၁၀ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နမ့်စန်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၇) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင်  နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)

လွိုင်လင်မြို့မဈေးရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၆.၈.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင် များသို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြု ရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ 

DOCA (ရှမ်း)

စိန်နှင့်မြ ဆန်/ဆီရောင်းဝယ်ရေးအား အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရှိရာ (၇.၈.၂၀၂၅) ရက် နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကံတောင်ရပ်ကွက် ၊ စိန်နှင့်မြ ဆန်/ဆီရောင်းဝယ်ရေးအား သွားရောက်၍ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ