Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့တွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း

    စားသုံးရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် ၂၇-၁၁-၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် ၊ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်၊ ရွှေကံ့ကော် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တွင် ရောင်းချလျက်ရှိသော ဘိလပ်မြေ၊ သံပန်း၊ သံပင်၊ ထုံး၊ သံ၊ သွပ်၊ ပိုက်အမျိုးမျိုး၊  စသည့် အိမ်ဆောက်ပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ၊ ရောင်းချနေသောကုန်ပစ္စည်း များတွင် ပစ္စည်းပြတ်လပ်မှု ရှိ/ မရှိ၊ သယ်ယူပို့ဆောင်ခအပါအဝင်  သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချစေရေး အတွက် ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။ 

DOCA(မန္တလေး)  

ကျောက်ပန်းတောင်းမြို့၊ လေးရွာ အ.ထ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ လေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တိုင်းရင်းဆေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာ ပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန် နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက် တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများ အား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်တိုင်းရင်း ဆေးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၁၀)ဦး၊ ဆရာ/ ဆရာမ(၅၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၂၆)ဦး၊ စုစုပေါင်း (၃၈၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့၊ လေးရွာ အ.ထ.ကကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ လေးရွာ  အခြေခံပညာအထက်တန်း ကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် တိုင်းရင်းဆေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစား အသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာ ဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်းခရိုင်)အတွင်းရှိ ဈေးများ၊ ဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      (၃.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်ဈေးတွင် ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နဝရတ်ဈေးတွင် ရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းများ ကောက်ယူခဲ့ပြီး ဈေးနှုန်းမြင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် သက် ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် (၄.၁၂.၂၀၂၅) ရက်နေ့ နံနက်(၁၁:၄၀)နာရီအချိန်တွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီး မောင်ပျိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center သို့ သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် Ocean Super Center မှာ တာဝန်ခံ ဦးမျိုးခိုင်ဦးမှ ပူးပေါင်းပါဝင် လျက် ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့မှာ ဧရာတီ၊ နှစ်သက်၊ စံတော်ဝင်၊ ရွှေ၊ ငွေသဇင်မင်း၊ သူကြီးကတော်၊ ရန်ကုန်၊ ရွှေအုံ၊ Meizan အမှတ်တံဆိပ်တို့တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များလည်းပါရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြိတ်မြို့၊ ကန်ဖျားရပ်၊ အမှတ်(၅)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိ ကြောင်း ထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ်ဆေးရန်၊ စားသုံးရန်ခွင့်ပြုချက်(ထောက်ခံချက်)ရရှိထားသော စားသောက်ကုန်များသာဝယ်ယူရန် နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင် နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ မိမိနှင့်ဆက်စပ်နေသူဖြစ်စေတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အချက်အလက်များအား ရှင်း လင်းပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၁၂.၂၀၂၅) ရက်နေ့ နံနက်(၀၉:၄၀)နာရီအချိန်တွင် မိသားစုအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံ တင် လျှောက်ထားသည့် အင်းစိန်မြို့နယနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း (၁၁) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

   အုတ်ဖိုမြို့ဆေးဝါးဆိုင်များကွင်းဆင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန် တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ အုတ်ဖိုမြို့နယ်အတွင်း ဆေးဝါးရောင်းချလျက်ရှိသော ဆေးဆိုင်များသို့ ဆေးဝါးများ ဈေးနှုန်း မြင့်တက်မှု့အခြေအနေများ ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသော ဆေးဝါးအမည်စာရင်းများ တင်သွင်း ရောင်းချသော ကုမ္ပဏီအမည်များအား ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါသည်။

          မြို့မ(၁)လမ်းရှိ ငွေမိုးဆေးဆိုင်၏ ဖြေကြားချက်အရ Decolgen,Bioggsis ကဲ့သို့ဖျားနာ ပျောက်ဆေးများ လေဆေးအမျိုးအစားအချို့နှင့် Betex,neuromac ကဲ့သို့ အကြောတက်ပျောက် ဆေးများ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဆေးဝါးပြတ်လပ်မှုရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်ရ၊ကုန်ထုတ်၊ဖြည့်သွင်းရေးကူညီဆောင်ရွက်ပေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် MyRo၌မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို မှန်ကန်စွာထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအတိုင်း သိုလှောင်ထား ရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား သာယာဝတီခရိုင်ဦးစီးမှူးရုံးအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ (၁.၁၂.၂၀၂၅) ရက်နေ့တွင်လက်ပံတန်းမြို့နယ် ရွှေကြည်သန်း ဆန်စက် (၂.၁၂.၂၀၂၅) ရက်နေ့တွင် လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာ ဦးညိုဝင်းဆန်စက်နှင့် ဓနုသဟာရဆန်စက် ဦးကျော်နိုင်ဦး သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊လက်ကျန်အခြေအနေများကို ကူညီဖြည့်သွင်းဆောင်ရွက်နိုင်အောင် လက်တွေ့သင်ကြား ပြသပေးပြီး စာရင်းရေး သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံ လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အခက်အခဲများရှိပါက လာရောက်မေးမြန်းနိုင်ပါကြောင်း ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါးမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ညွှန်ကြား ချက်များကို သိရှိစေရန်ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/လတိုင်း၊ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် များဖြည့်သွင်းရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အောင်မင်္ဂလာ သောက်ရေသန့်စက်သို့ကွင်းဆင်းလေ့လာခြင်း

        တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ဒု-ဦးစီးမှူးနှင့် ဦးအောင်ဝင်း၊ ဌာနခွဲစာရေး တို့သည် (၁-၁၂-၂၀၂၅) ရက်နေ့တွင် အုတ်တွင်းမြို့နယ်ရှိ အောင်မင်္ဂလာရေသန့်စက်သို့ ရေသန့်ထုတ်လုပ်ပုံ၊ ပါကင်ဘူးသွပ်မှုအဆင့်ဆင့်နှင့် ဈေးကွက်အတွင်းသို့ ရောင်းချမှုအခြေအနေ တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          အောင်မင်္ဂလာတံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်ရာတွင် ပေ ၅၃၀ နှင့် ပေ ၅၈၀ နက်သော ရေတွင်း (၂) တွင်းရှိပြီး ထိုတွင်းရေများကို RO & UV Systemဟုခေါ်သော၊ (Reverse Osmosis) ရေထဲရှိ အမှုန်ဓာတ်၊ ဓာတုဖော်မြူလာများ၊ ဆားဓာတ်များနှင့်ဘက်တီရီးယားအချို့ကို စစ်ထုတ်ပေးခြင်း၊ UV (Ultraviolet) အလင်းရောင်ကိုအသုံးပြုပြီး ဗိုင်းရပ်စ်၊ ဘက်တီးရီးယား များကိုသန့်စင်၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် အကောင်းဆုံးရေအရင်းအမြစ်မှ ခေတ်မီစက် ကြီးများဖြင့် ထုတ်လုပ်ထားပြီး၊ ဗူးခွံကုန်ကြမ်းများကို နေပြည်တော်မှ မှာယူ၍ ကိုယ်တိုင် တံဆိပ်ရိုက်ရောင်းချခြင်းဖြစ်သည်။ ယခုလက်ရှိအနေဖြင့် လုပ်သား (၆) ဦးဖြင့်သာ လုပ်ကိုင် လျက်ရှိ သည်။

          အောင်မင်္ဂလာအမှတ်တံဆိပ်ပါသောက်ရေသန့်1 Litre ၁ ဘူးလျှင် ၂၂၅ ကျပ်၊ 600 ml ၁ဘူးလျှင် ၁၉၅ ကျပ်၊ 20Litre (ဘူးခွံပါ) ၁ ဘူးလျှင် ၁၃၀၀၀ ကျပ်ဖြင့် အုတ်တွင်းမြို့နယ်အတွင်း၌ ဖြန့်ဖြူးရောင်းချပြီး သုံးဘီး၊ အခြားအငှားယာဉ်သမားများကလည်း ရေသန့်စက်မှတဆင့် အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်း ရေသန့်စက်ပိုင်ရှင်၏ ပြောပြချက်အရသိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ