Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် ထန်းပင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆.၁၁.၂၀၂၅)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၅ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့် အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ် အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်း လင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

“ချစ်သုဝေ”ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

 ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅)နေ့(၁၁:၃၀)နာရီ အချိန်တွင် (စစစ)ဌာန၊ မီးသတ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့ ၊မြို့မဈေးကြီးအတွင်းရှိ “ချစ်သုဝေ”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသောရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး အရေးယူ ဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ဦးလန်ဘား”ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅)နေ့(၁၁:၀၀)နာရီအချိန်တွင် (စစစ)ဌာန၊ မီးသတ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့၊မြို့မဈေးကြီးအတွင်းရှိ “ဦးလန်ဘား”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသောရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး အရေးယူဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“အီလက်ထရောနစ်ပစ္စည်းများ” အရောင်းဆိုင်သို့ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အုတ်လှငယ်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ “gadgets4U” Online shop  မှ “အီလက်ထရောနစ်ပစ္စည်းများ”Online Sale အားမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ်အတွင်းရှိ ပူတင်းပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ်၊နိုဝင်ဘာလ( ၇ )ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ၉ ရပ်ကွက် (၁၁) လမ်းရှိ ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းသို့ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

  ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်ကုန်စည်ပါဝင်ပစ္စည်းများတွင် (ဂျုံ၊သကြား၊ဆားကြက်ဥ၊ဟင်းသီးဟင်းရွက်ဆီ၊ကလေးသောက်ရေသန့်များပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအထုတ် (၆၅၀)ထုတ်လုပ်လျှက်ရှိပြီး မုန့်တစ်ထုတ်လျှင် (၁၃၀၀) ကျပ်ဖြစ်ပြီးလက္ကားဈေးနှုန်းအနေဖြင့် ၁၅၀၀ကျပ်ဖြင့် ရောင်းချပေးပါသည်။လုပ်သားဦးရေ (၄)ဦးနှင့်မိသားစုမှဝိုင်းဝန်းပြီးလုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။တစ်ဦးလျှင်နေ့စားခ( ၈၀၀၀ )ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်းသာမက မြင်းကကုန်း၊ ကဒုံဧရာကျေးရွာများသို့လည်းဖြန့်ဖြူး ရောင်းချလျှက် ရှိပါသည်။

 ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ၄၁/၄၂/၄၃ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မျာကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိဦးသက်နိုင်စားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခြင်းး

ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀:၃၀)နာရီတွင် ဘိုကလေးမြို့မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင်ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့် ထိုတစ်လအတွင်း (၅၀) ကျပ်သား ၃ကြိမ် အပြည့်အဝထုတ်ပေးမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုအပေါ်သ တင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၂.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ အမှတ်(၆၂)၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ “ရွှေညီကို” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) က  ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့ပေါ်ရှိဒေါ်စန်းစန်းစားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀)နာရီတွင် ဘိုကလေးမြို့စံပြဈေးထိပ်ရှိဒေါ်စန်းစန်း ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့မ( ၄ )ရပ်ကွက်၊စံပြဒေါ်စန်းစန်းကုန်မျိုးစုံအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့်အိမ်စုများအလိုက် ဆီစာအုပ်များဖြင့် ဝယ်ယူရာတွင်ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ ရူခင်းသာလမ်း၊ (၇) အရှေ့ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မိမိရရှိသောခွဲတမ်း များကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးခြင်းရှိ/ မရှိ  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်/ အလေးချိန်မှန်ကန်မှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ် စားသုံးဆီအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်မှညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ