Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်း ဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံ စာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၂၀) ဦး တက်ရောက်ပြီး နံနက် ( ၁၁:၀၀ ) အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

  စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် နံနက် (၁၁:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  အဆိုပါ ဆွေးနွေးပွဲတွင် Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်  လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာ စာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှုဆိုင်ရာချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြောင်း၊ အသိပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၂၅) ဦး တက်ရောက်ပြီး (၁၁း၄၅) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

သာစည်မြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ မြို့မစျေးနှင့် ရပ်ကွက် များအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) စားသုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

     သာစည်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan ၊ အမေထွား စိန်စီနှင့် ရွှေတောင် ကုန်အမှတ်တံဆိပ်ပါဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန် ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြ ထားသည့် အလေးချိန်နှင့်ကိုက်ညီမှုရှိခြင်း ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်းပါရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၇) ရက်နေ့တွင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဖိုးသင်္ကြန် ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့စစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဖိုးသင်္ကြန်ဆန်အရောင်းဆိုင်အား စားသုံးသူ ရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း ၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များ ကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ လွင် ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် မြစ်သားမြို့နယ်အတွင်းရှိ လွင်ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း ၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် စားသုံးသူရေးရာသင်တန်းကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် စားသုံးသူရေးရာသင်တန်းကျင်းပခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မုံရွာခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကလေးခရိုင်ဉီးစီးမူးရုံး၊   စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများက Online စနစ်ဖြင့် တက်ရောက် ခဲ့ကြပြီး စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

    သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  စားသုံးသူအခွင့်အရေးများ အပြည့်အဝ ကာကွယ်ပေး နိုင်ရေး၊ အသိပညာပေးခြင်းအားဖြင့် လုပ်ငန်းရှင်များက စည်းစနစ်တကျရှိလာပြီး စားသုံးသူ ပြည်သူများ အား အရည်အသွေးအဆင့်ရှိထုတ်ကုန်များ ထုတ်လုပ်ပြီးကောင်းမွန်သော ဝန်ဆောင်မှုပေးလာစေခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးသူများ၏ ပညာပေးခြင်းနှင့် စစ်ဆေးခြင်း အရည်အသွေးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။

    အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ  ဦးစီးအရာရှိ၊ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)တွင် ပြဌာန်းထားသည့် အမည်၊ စတင် အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များအား ရှင်းလင်းပို့ချခဲ့ရာ ဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(က)နှင့် (ခ)ပါ အမည်၊ စတင် အာဏာတည်ခြင်း၊ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)မှ (ပ)အထိပါ အဓိပ္ပါယ်ဖော်ပြချက် (၂၁)ချက်တို့အား မှတ်သားရလွယ်ကူစေရန် အတိုကောက်စကားလုံးများဖြင့်လည်းကောင်း၊ လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေမှုများနှင့်ချိတ်ဆက်၍လည်းကောင်း ဥပမာများပေး၍ ဝန်ထမ်းများ စိတ်ဝင်စားအောင် အသေးစိတ်  ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်စားရေးတို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “အောင်မြင့်”ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်နှင့် ဆောင်း မြေပဲပေါ်ချိန်၌သာ အများဆုံးလည်ပတ်ကြိတ်ခွဲရကြောင်း၊ တာဝန်ခံက လုပ်ငန်းရှင်များ အနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ၂၅ ရက်နေ့ နံနက် ၁၁:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

         

ပုသိမ်မြို့၊ မြို့သစ်ဈေးအတွင်းရှိ ကြက်သား၊ ဝက်သားအရောင်းဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူး‌ပေါင်း၍ မြို့သစ်ဈေးအတွင်းရှိ ကြက်သား၊ ဝက်သားအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကြက်သား၊ ဝက်သား ရောင်းချသာဆိုင်များ၏ ဘေးပတ်ဝန်းကျင်တွင် သန့်ရှင်းမှုရှိ/ မရှိ၊ ကြက်သား၊ ဝက်သားများအား စည်ပင်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူး‌ပေါင်း၍ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ အာလူး၊ စားအုန်းဆီ အစရှိသော အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ၊ ဈေးကွက်ဈေးနှုန်း အခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ