Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးနေဝေယံဦး (စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့် အချက်များ ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိတို့ကို (-၁၂-၂၀၂၅)ရက်နေ့၊   နံနက် (၁၀:၄၀)နာရီအချိန်တွင် အိမ်အမှတ်(၃/၄)၊ ဦးသုံးလမ်း၊ ယောက်သွားအင်းရပ်ကွက်၊ ပျဉ်းမနားမြို့နယ်ရှိ  “ထွန်းတောက် သစ်ခွဲသားရောင်းဝယ်ရေး  (Tun Tauk Lumber Shop)” ဆိုင်သို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေး မြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးနေဝေယံဦး(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့် အချက်များ ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိတို့ကို (-၁၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် ၂ ရပ်ကွက်၊ နယ်မြေ ၆၊ ဆေးရုံကုန်း၊ ဆည်မြောင်းဝန်ထမ်းအိမ်ရာ ရှိ “LAMBEST LUXURY SKIN CARE BY Tharthu Maymay ” လုပ်ငန်းသို့သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ချောင်းဝဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

          ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၅.၁၂.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ချောင်းဝဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များဖြစ်သည့် ကုန်မျိုးစုံ၊ ဆန်အိတ်၊ ပေပါခွံများ၊ ကော်ဖီမစ်၊ အချိုရည်များအား  ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၄၂-ဃ) ကျိုက်ခေါက် ဘုရားလမ်း၊ သောက်တော်တွင်းရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်း မောင်နှင့်ဝန်ထမ်းများသည် ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ၎င်းလုပ်ငန်းအနေဖြင့် ကုန်စည်များပေါ်တွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ပိုင်ရှင်နှင့် တွေ့ဆုံကာ ကုန်စည်များတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ကုန်စည်များအား ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း ပြည့်စုံစွာဖော်ပြပြီးမှသာ ရောင်းချခြင်းပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးဆီအမျိုးမျိုးတို့အား ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသော ဆိုင်များဖြစ်သည့် ဦးတင်ဦး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ဦးစန်းငွေ ကုန်စုံဆိုင်နှင့် ဒေါ်မိုးစန္ဒာကုန်စုံဆိုင်တို့တွင် ရောင်းချသော ရွှေပဲဆီသန့် (သဘာဝမြေပဲဆီစစ်စစ်)၊ အမေထွား (သဘာဝမြေပဲဆီ)၊ Meizan (ရာနှုန်းပြည့်သဘာဝမြေပဲဆီစစ်စစ်)၊ Dudk (အဆင့်မြင့်သန့်စင်ထားသောစားအုန်းဆီ)တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့ နှင့် ကိုက်ညီမှုရှိ/ မရှိ စိစစ်ဆောင်ရွက်ခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးဆီများကို လူတိုင်းမဖြစ်မနေ နေ့စဉ်နေရသောကြောင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကို ဝယ်ယူ ရောင်းချကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဆန်ဈေးနှုန်းတည်ငြိမ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန်အတွက် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ(၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာဈေးအတွင်းရှိ ကရင်ကန်ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ဈေးပြင်ပရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်၊ ရွှေခြင်္သေ့ဆန်ဆိုင်၊ ငြိမ်းဆန်ဆိုင်များတွင် ရောင်းချနေသော ကြားပျံဆန်၊ ဆင်းသုခ၊ အနောသုခ၊ ပခမ်း၊ အညာသားဆန်များ၏ အဟောင်း/အသစ် (၁)အိတ်ဈေးနှုန်းများ ယခင်အပတ်၊ ယခုအပတ်ဈေးနှုန်းများအား ကောက်ခံခြင်းနှင့် ဝယ်ယူဈေးနှုန်း ရောင်းချဈေးနှုန်းများအား ကောက်ခံစစ်ဆေးခဲ့ပြီး ဆန်ဆိုင်ပိုင်ရှင်များအား ဆန်များကို ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင် ရောင်းချမှုများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဆေးဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေးအတွက် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင် ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍  ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆေးမျိုးစုံရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စွယ်တော်ဆေးဆိုင်၊ ဦးမြင့်လွင်ဆေး ဆိုင်နှင့် ဦးမြဝိုင်း+ ဒေါ်တင်ရွှေတို့၏ ဆေးဆိုင်များတွင် ရောင်းချနေသော လူသုံးများသော ဆေးဝါးဖြစ်သည့် အာရုံကြောဆေး၊ သွေးကျဆေး၊ ဆီးချိုဆေး၊ အစာအိမ်ဆေး၊ နှလုံးသွေးကြေား ကျဉ်းဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ အားဆေးများ ပစ္စည်းလက်ကျန် ကျန်ရှိမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိဆေးများအား ဝယ်ယူသည့် ကုမ္ပဏီအမည်နှင့် ဆေးဝါးများ၏ ဝယ်ယူဈေး ရောင်းချဈေးနှုန်းများ အမြတ်တင်ရောင်းချနေမှုများအား စာရင်းကောက်ယူ စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား ဆေးဝါးများ သိုလှောင်သိမ်းဆည်း၍ ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်းရှိ မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းကျော်လွန်နေမှု ရှိ/ မရှိနှင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်၏ လိပ်စာပြည့်စုံများ ဖော်ပြထားခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီး မုန့်မျိုးစုံရောင်းချသော  ဈေးဆိုင်ပိုင်ရှင်များအား မိမိတို့ ဆိုင်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် သက်တမ်းလွန်နေသော မုန့်များအား ရောင်းချခြင်းမပြုလုပ်ကြရန် မြို့နယ်တာဝန်ခံက အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့ရှိ စွဲလမ်းကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်  ဝန်ထမ်း များသည် ၃-၁၂-၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၃၀)နာရီအချိန်၌ မြင်းခြံမြို့၊ စက်မှုဇုံရှိ စွဲလမ်း" ကြက်သွန်ပေါင်းကြော် လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာ သာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန် တွေ့ဆုံဆွေးနွေး အသိပညာ ပေးခဲ့ကြောင်းသိရှိရသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေး နှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါ ရှိရမည် ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ပါကြောင်း စွဲလန်းအာလူး ကြော်၊ကြက်သွန်ပေါင်းကြော်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၏ အခန်း (၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ထည့်သွင်း ဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့်အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မကွေး၊ မော်လမြိုင်၊ မန္တလေး မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိမွန်မွန်ဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးဦးဆောင်၍ ဝန်ထမ်းများသည် အမှတ်(၇-ရပ်ကွက်၊)ရှိ ဆန်လက်လီလက်ကားရောင်းချသော ‌‌မွန်မွန်ဆန်ဆိုင်သို့ ၂-၁၂-၂၀၂၅ ရက် နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ မွန်မွန်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာပေါ်ဆန်း(ဧရာဝတီ) တစ်အိတ်လျှင် (၁၆၅၀၀၀)၊ ဧရာမင်း-ရွှေဘို(၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ မနောသုခဆန်ဟောင်း (၂၄) ပြည်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ် နှင့် ဖန်သီးသုခ (၂၄)ပြည် တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့်မျှတသောနှုန်းထားများအတိုင်း ရောင်းချ လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးမွန်မွန်ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ် မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်း ပြည့်ပါက MyRO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်း တိုးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ