Main menu

ညောင်ဦးမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် ၂၀.၄.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် ၂၀.၄.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စသည့်မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့ရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော စားသုံးဆီတံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

                              စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ် စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့် အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကို ဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေနိုင် သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေ ဖြင့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွား စေနိုင်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်စေရေး၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိထုတ်ကုန်များနှင့်ပတ်သက်၍ အာမ ခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေညီထုတ်ပြန်ပေးစေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် ကုန်စည်နှင့်ဝန် ဆောင်မှုများကို တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်၍ ရောင်းချခြင်းများမပြုလုပ်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိ ပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များဖော်ပြရန်နှင့်ဥပဒေပါပြဌာန်းချက်၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင် ရွက်လျက်ရှိသဖြင့်ရောင်းဝယ်သူ၊ထုတ်လုပ်သူလုပ်ငန်းရှင်များမှလည်းသတ်မှတ်ချက်များနှင့်အညီလိုက်နာမှုများရှိလာကြောင်းသိရှိရပါ သည်။

DOCA(မန္တလေး)