
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၄.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် Online Sale ရောင်းချနေသော အလှကုန်ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန်ရောင်းချသည့် ဆိုင်ရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ Online Sale နှင့် ပတ်သက်သည့် မှတ်ပုံတင်လျှောက်ထားရန် Online Registration မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMS မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး၊ တစ်ဦးချင်းဖြစ်ပါကမလိုကြောင်း၊ ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်သည့်လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့ ) Mobile Phuon Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း Online စနစ်ဖြင့် မှတ်ပုံတင်နိုင်ရန်အတွက် www.ecomreg.gov.mm မှတစ်ဆင့်မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင် လျှောက်ထားခြင်းမရှိပဲ Onlineမှ ရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ အဝတ်အထည်လုပ်ငန်းရှင်များနှင့် အလှကုန်ဆိုင်ပိုင်ရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
