
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာအုပ်စုအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဧပြီလ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင် အသိပညာပေးနှင့် စားသုံးသူကာကွယ်အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရွာတန်းရှည်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မင်းက ကျေးရွာအုပ်စုအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများအနေ ဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက် တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၉ အရ အတည်ပြုပြဌာန်းပေးခဲ့ပြီ ၎င်းဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား သိရှိနိုင်ရေးအတွက် ယခုလိုစားသုံးသူကာကွယ်ရေးနှင့် လုပ်ငန်းရှင်အသိပညာပေးများအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို ပုဒ်(၄) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အသိပညာပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
