
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားလာသည့် “ Ma Aye Aye Toe (Cosmetic Online) အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားစဉ်က တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ရှိ/ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “Ma Aye Aye Toe (Cosmetic Online)အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အား ၅၀/၂၀၂၃နှင့် ၅၁/၂၀၂၃ အမိန့်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
