Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁)ဦးသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂၈ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း တွင် ကျင်းပပြုလုပ်သော စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် များအား ထောက်ပံ့ခြင်းအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြပါသည်။ 

     အဆိုပါအခမ်းအနားတွင် တပ်မတော်စစ်ဆေးရေးစာရင်းချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီးသတ်ပုံ က ၂၈.၃.၂၀၂၅ နေ့လယ် (၁၂း၅၀) အချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ မန္တလေးကိုအခြေပြု၍ လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးငလျင်ဟု အမည်ပေးထားပြီး စစ်ကိုင်းမှာလည်း မန္တလေးနှင့်နည်းတူ ငလျင်၏ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပါကြောင်း၊ ငလျင်၏ရိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက် အဦများနှင့် လူနေအိမ်များပါ ထိခိုက်ပျက်စီးရုံသာမက ပြည်သူတို့၏ အသက်များသည်လည်း ထိခိုက်ပျက်စီးခဲ့ရပြီး ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှစ၍ နိုင်ငံတော်စီမံကိန်းအစီအစဉ်ဖြင့်  မိမိမှဦးစီးပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါကယ်ဆယ်ရေးစခန်းများတွင် ဌာနဆိုင်ရာများ၏ ထောက်ပံ့ပစ္စည်း၊ ထောက်ပံ့ငွေကြေးများအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပရဟိတအဖွဲ့များကလည်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ရေ၊ ဆေးများလှူဒါန်းခဲ့ကြပြီး မိမိ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ပျက်စီးသွားသော ဘာသာရေး အဆောက်အဦများ၊ နေအိမ်များအား ကွင်းဆင်းစစ်ဆေးပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများ ပြည်လည်ထူထောင်ရေး လုပ်နိုင်ရန်အတွက် နိုင်ငံတော်စီမံကိန်းအစီအစဉ်ဖြင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် မြန်မာ့တပ်မတော်နှင့် ကြက်ခြနီအဖွဲ့များမှ ဆေးဝါးကုသမှုများ အခမဲ့ ကုသပေးလျက်ရှိပြီး မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည်လည်း ခြေ၊ လက်အင်္ဂါ ထိခိုက် သော ပြည်သူများအတွက် ခွဲစိပ်မှုများအထိပါ လုပ်ဆောင်ခဲ့ပါကြောင်း၊ စစ်ကိုင်းမြို့သည် ဘာသာ၊ သာသနာထွန်းကားရာ မြို့ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လည်ပတ်မှုများရှိသည် ဖြစ်ရာ စစ်ကိုင်းရွှေမြို့တော်ကြီး ပြန်လည်ဖွံ့ဖြိုးစည်ကားလာစေရန် မိဘပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး လူမှုဝန်ကြီးနှင့် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှလည်း တက်ရောက် လာသော ပြည်သူများအား လိုအပ်သည်များ မှာကြားပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

BOC (မြင်းခြံ) စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်း

    မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် (၂၂.၇.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်အခွန်ဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်စည်ပင်သာယာရေးအဖွဲ့ စသည့်ဌာန များပါဝင်သော ခရိုင်စက်သုံးဆီနှင့် စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့သည် BOC စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ အလေးအချိန် အတွယ် မှန်ကန်စေရေး စံချိန်ခွက်ဖြင့် ချိန်တွယ်၍ စစ်ဆေးခြင်းများ၊ သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး၊နေ့စဉ် မိမိတို့ဆိုင်ရောင်းချသော ဈေးနှုန်းများကိုသာ ဌာနသို့ စာရင်းပေးရန် စသည်ဖြင့် အသိပညာပေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Denko(မြင်းခြံ) စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်း

   (၂၂.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီး ဌာနသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်အခွန်ဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်စည်ပင်သာယာရေးအဖွဲ့ စသည့်ဌာန များပါဝင်သော ခရိုင်စက်သုံးဆီနှင့် စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့သည် Denko စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ အလေးအချိန် အတွယ် မှန်ကန်စေရေး စံချိန်ခွက်ဖြင့် ချိန်တွယ်၍ စစ်ဆေးခြင်းများ၊ သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး၊နေ့စဉ် မိမိတို့ဆိုင်ရောင်းချသော ဈေးနှုန်းများကိုသာ ဌာနသို့ စာရင်းပေးရန် စသည်ဖြင့် အသိပညာပေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်း

   မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် (၂၂.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင် အခွန်ဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်စည် ပင်သာယာရေးအဖွဲ့ စသည့်ဌာနများပါဝင်သော ခရိုင်စက်သုံးဆီနှင့် စားသုံးဆီရောင်းချမှု ကြီးကြပ် ရေးအဖွဲ့သည် REGENCY စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး၊ အလေးအချိန် အတွယ်မှန်ကန်စေရေး စံချိန်ခွက်ဖြင့် ချိန်တွယ်၍ စစ်ဆေးခြင်းများ၊ သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေး တို့ကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၂၃)ရက်နေ့တွင် မြစ်သားမြို့နယ် ၊ မိုင်းမောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည် ။ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး) က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့်ကျောင်း သား/ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ပဲကြော်နှင့်ပဲလှော်လုပ်ငန်းအားကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိန်နဂါး၊ နီလာနှင့် မြ ပဲကြော်နှင့် ပဲလှော်လုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စိန်နဂါး၊နီလာနှင့်မြ ပဲကြော်နှင့်ပဲလှော်လုပ်ငန်း အမှတ်တံဆိပ် ထုတ်လုပ်သည့် လုပ်ငန်းရှင် များအား စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများစနစ်တကျ သိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ စီးပွားရေး လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြ ထားရှိရန်နှင့် လုပ်ငန်းရှင်မှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရန် အလေးထား ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၀ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်ရှိ Pucci စားသောက်ကုန်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

   ဇူလိုင်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  စဉ့်ကိုင်မြို့နယ် အတွင်းရှိ စက်မှုကုန်ကြမ်းလုပ်ငန်းသုံး စားအုန်းဆီများ လာ‌ရောက် လျှောက်ထားသည့် Pucci စားသောက်ကုန်လုပ်ငန်းအား  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးအရာရှိက ပြောကြားရာတွင်   စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လာ‌ရောက်  လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်းစားအုန်းဆီမျာအား ပြင်ပသို့ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအပေါ်၌လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်  (၂/၂၀၁၉)နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင် များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ  နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်ရှိ မြသော်တာ ပဲကြော်၊ ပဲလှော် စားသောက်ကုန်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

ဇူလိုင်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  မြစ်သားမြို့နယ် အတွင်းရှိ စက်မှုကုန်ကြမ်းလုပ်ငန်းသုံး စားအုန်းဆီများ လာ‌ရောက်လျှောက်ထားသည့် မြသော်တာ ပဲကြော်၊ ပဲလှော် စားသောက်ကုန်လုပ်ငန်းအား  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးအရာရှိက ပြောကြားရာတွင်   စားသောက်ကုန် လုပ်ငန်းရှင် များအနေဖြင့် မိမိတို့လာ‌ရောက်  လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်းစားအုန်းဆီမျာအား ပြင်ပသို့ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအပေါ်၌လည်း  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်  (၂/၂၀၁၉)နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင် များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။  

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်ရှိ မြဘုရင်နို့ချက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

   ဇူလိုင်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  ကျောက်ဆည် မြို့နယ်ရှိ  စက်မှုကုန်ကြမ်းလုပ်ငန်းသုံး စားအုန်းဆီများ လာ‌ရောက် လျှောက်ထားသည့် မြဘုရင် နို့ချက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။  ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးအရာရှိက ပြောကြားရာတွင်   စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လာ‌ရောက်  လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်းစားအုန်းဆီမျာအား ပြင်ပသို့ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအပေါ်၌လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်  (၂/၂၀၁၉)နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင် များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ  နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကျိုက်လတ်မြို့နယ် ရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းများသို့MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ “ဦးလေးဝင်း” မုန့်ဟင်းခါးဖို လုပ်ငန်းနှင့် “မိသားစု” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဈေးကွက်မရောက်မီ ကုန်စည်များ၏ ထုတ်လုပ်နေမှု  အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု အခြေအနေ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိ နိုင်မှု အခြေအနေနှင့် ကုန်စည်အပေါ်တာဝန်ရှိမှုတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက် မရောက်မီ ကုန်စည်များအား MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ