
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးတွင် အသစ်ခန့်အပ်ခံရသည့် အငယ်တန်းစာရေး၊ ရုံးအကူ၊ နေ့စားဝန်ထမ်း (၂၀)ဦးအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆောင်ရွက်လျက်ရှိပြီး သင်တန်းကို(၆-၅-၂၀၂၆)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် ဦးစီးမှူး ဦးရွှေဖြူက ဝန်ထမ်းသစ်များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူကာကွယ် ရေးဥပဒေများ ၊ စီမံရေးရာဆိုင်ရာ ရုံးလုပ်ငန်းဆောင်ရွက်မှု အကြောင်းအရာများ၊ ခွင့်အမျိုးအစားနှင့် ခွင့်ခံစားခြင်း ဆိုင်ရာ ကိစ္စရပ်များ နိုင်ငံ့ဝန်ထမ်းဥပဒေပါ အကြောင်းအရာများ ဝန်ထမ်းကျင့်ဝတ်များ၊ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများ၊ ငွေစာရင်းဆိုင်ရာ လုပ်ငန်း ကိစ္စများအား သိရှိနားလည်စေရန်နှင့် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းကို လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးမှ ပြည်တွင်း ကုန်သွယ်ရေးဘာသာရပ်အားသင်ကြားပို့ချခြင်း၊ စီးမံရေးရာဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ၊ ဒေါ်ဧဧခိုင်မှ စီမံရေးရာဘာသာရပ်အကြောင်းသင်ကြားပို့ချခြင်း၊ စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲနှင့်သတင်းအချက်အလတ်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချပြီး သင်တန်းကို (၆-၅-၂၀၂၆)ရက်နေ့မှ(၈-၅-၂၀၂၆)ရက်နေ့ထိ (၃)ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
