Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူများ အသိပညာရရှိရေး ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဟောပြောပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူ(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက် နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံး သူရေးရာ ကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထား ကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်းသိကောင်းစရာများအား  Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေများ၊ MyRoတွင်မှတ်ပုံတင်ထားခြင်းရှိမရှိတို့အား ကွင်းဆင်း စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် သရက်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များ၊ ဆန်သိုလှော်ရုံများတွင် ဧည့်မ ထဆန်နှင့် စားသုံးမှုအရည်အသွေးကောင်းမွန်သော ပြည်တွင်းစားသုံးဆန်များဖြစ်သည့် မှော်ဘီ၊ ရက် (၉၀) စသည့် ဆန်အမျိုးအစားများကို အဓိကသိုလှောင်ထားသည်ကို တွေ့ရှိရပါသည်။ ထို့နောက် ဆိုင်အရောင်းပိုင်ရှင်များအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန် အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ MyRo တွင်မှတ်ပုံတင်ထားရှိသော သိုလှောင်ရုံများ၏ ဆန်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအားလစဉ်လဆန်း (၁) ရက်နေ့မှ (၁၀)ရက် အတွင်း ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရန် အသိပညာပေး ဆွေးနွေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံဦးဆောင်သော ဝန်ထမ်းများသည် (.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အောင်လံမြို့ပေါ်ရှိ စန်းသော်တာ ဆီစက်၊ စူပါ မလှိုင်လုပ်ငန်း၊ အာချီ မလှိုင်လုပ်ငန်းနှင့် ရွက်စိမ်း ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ထုတ်လုပ်နေပုံ အဆင့်ဆင့်နှင့် ထုတ်ပိုးမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ စစ်ဆေးရာတွင် စားသောက်ကုန်များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား များအား စစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း (၁၈) ပုဒ်မ(၄၁)အရ ပါရှိရမည့် အချက်များ နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (/၂၀၂၁) တို့ နှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့ပေါ်ရှိ နို့နှင့်နို့ထွက်ပစ္စည်းစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/ အောင်လံခရိုင် တာဝန်ခံဦး ဆောင်သော ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကုန်စုံဆိုင် များ၌ ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည် စုံ မှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို သာရောင်းချ ကြောင်း စစ်ဆေးတွေ့ရှိရပြီး နို့နှင်ဓါတ်မတည့်သူများ၊ နို့နှင့်မတည့်သောအစားအစာများ များပြားလာမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၁၁.၁၂.၂၀၂၅ ရက်နေ့၊ မွန်းလွှဲပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူ ရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ကျိုက်ထိုမြို့နယ်အတွင်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော သိုလှောင်ရုံများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ ဆန်များသိုလှောင် ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူး‌ပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဥ်း၍ အသိပညာပေးသင်တန်း” ကျင်းပပြုလုပ်

 

          ၁၀.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဥ်း၍ အသိပညာပေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့်တက်ရောက်ခဲ့သည်။

          ပထမဦးစွာ ပြည်နယ်ဦးစီးမှူး၊ ဦးတင်အောင်ကျော်မှ အဖွင့်အမှာစကားနှင့် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးရှိ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးလွင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁ မှ ၆)အထိ ဆွေးနွေးပို့ချခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၆ မှ ၁၂)အထိ ဆွေးနွေးပို့ချခြင်း၊ မူဝါဒလေ့လာ‌ရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်မှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃၊၁၄၊၁၅) အထိ ဆွေးနွေးပို့ချခြင်း၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၆၊၁၇၊၁၈) ဆွေးနွေးပို့ချခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၉ မှ ၂၅) အထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။  

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌‌ကျွန်း” အမှတ်တံဆိပ် ကောက်ညှင်းမရွေးကြော် ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၀.၁၂.၂၀၂ ရက်နေ့တွင် “ကျွန်း” အမှတ်တံဆိပ် ကောက်ညှင်းမရွေးကြော် ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      ၉.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မော်လမြိုင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်း

     ၉.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ ‌ဇေယျာဆွေဆန်စက်နှင့် ခိုင်မတ္တာဆန်စက်တို့၏ သိုလှောင်ရုံ (၂) လုံးတို့အား ကွင်းဆင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ၎င်းနေ့တွင်ပင် ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာရှိ ဦးကြည်ရှိန်၏ဆန်စပါးသိုလှောင်ရုံအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MyRO တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းထည့်သွင်းနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာကူညီခြင်း၊ သိုလှောင်ရုံရှိ ဆန်စပါးလက်ကျန် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၀.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်တို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေ မှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ