Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် ဇီကုန်း အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ၉-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန် က  ပန်းတနော်မြို့နယ် ချောင်းကလေး ဇီးကုန်း အထက်တန်းကျောင်းတွင် မြို့နယ် ကျန်းမာရေး ဦးစီး ဌာနနှင့် အတူ ကျင်းပပြုလုပ်သည်။

  အသိပညာပေး ဟောပြောမှု အစီအစဉ်တွင် ပန်းတနော်မြို့နယ် ဇီးကုန်းကျောင်းသားကျောင်းသူများကို ဟောပြောရာ  စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က  စားသုံးသူ ရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးရာ ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ် များကိုလည်းကောင်း၊ စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များ အကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

     စားသုံးသူထိခိုက်နစ်နာမှုများအတွက် အလွယ်တကူတိုင်ကြားနိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) များကို ဖွင့်လှစ်ဆောင်ရွက်ထားသကဲ့သို့ DOCA Website၊ DOCA Myanmar Mobile Application နှင့် Consumer Call Center များမှတစ်ဆင့် အဆင်ပြေသည့်နည်းလမ်းများကို ရွေးချယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

            (၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(ဌ/၄၂)၊ ဗောဓိညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် ဒေါ်ယမင်းသန့်စင်(ကူးကူးစာအုပ်ဆိုင်)နှင့် ဒေါ်နွယ်နီထွန်း(ထွန်း ပညာရေးဝန်ဆောင်မှု)တို့အား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၄)၊ပုဒ်မခွဲ(ဂ)အရအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်စနစ်ဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခင်စီးပွားရေး လုပ်ငန်း ရှင်များအား မြေပြင်စစ်ဆေးခြင်းမပြုဘဲ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့ရာ ယခုအခါတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားလာသည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ မှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမည်ဖြစ်ခြင်းကို ဟောပြောဆွေးနွေးခဲ့ပြီးဆွေးနွေးပွဲကိုစီးပွားရေးလုပ်ငန်းရှင်(၂)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၂:၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)     

အ.ထ.က အခြေခံပညာအလယ်တန်းကျောင်း(ရွှေလှေ)၊ နန်းတော်ကုန်းကျေးရွာ တွင် စားသုံးသူအသိပညာပေး ဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာ ရွှေလှေ အ.ထ.ကကျောင်း၌ ၉-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၀၉း၄၅)အချိန်တွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပသည်။
          ဟောပြောပွဲတွင် မအူပင်ခရိုင် ၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောရာ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ၊အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲ သူပြည်သူအများရရှိခံစား ရမည့် အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောကြသည်။

    အဆိုပါဟောပြောပွဲတွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှုစွမ်းရည် အခြေအနေများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများ တက်ရောက်ကျောင်းသား/ကျောင်းသူ-၁၇၀ ဦး ဆရာ/ဆရာမ- ၆ဦး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းနည်းပညာပေး ကွင်းလက်တွေ့စိုက်ပျိုးပွဲကျင်းပ

           (၁၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၈:၁၅)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥတို ကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ တောင်သူဦးတင်လှ၏ လယ်မြေ(၂၇)ဧကပေါ်တွင် နေကြာ သီးနှံတိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းနည်းပညာပေး ကွင်းလက်တွေ့စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၅၀) တက်ရောက်ခဲ့ ပါသည်။ဆက်လက်၍ စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများမှ တောင်သူများအား နေကြာစိုက်ပျိုးနည်း စနစ် များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ရေရရှိရေးနည်းလမ်းများအား ဆွေးနွေးခြင်း၊ ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဌမှ လိုအပ်သည်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)     

ညောင်တုန်းမြိုနယ် ကြက်တူရွှေးတောင် အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    (၉.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြိုနယ် ကြက်တူရွှေးတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းတွင် စားသုံးသူရေးရာဦးစီဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံး မှ ဒေါ်ချိုမီဇင်(ဒုဦးစီးမှုး)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သိရသည်။

          ဟောပြောဆွေးနွေးရာတွင် ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ကို စတင်ရှင်းလင်းဆွေးနွေးပြီး ၊ လူငယ်များ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်သမျှ တစ်ဦးချင်း ဆွေးနွေးစေခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများမှ သိရှိနားလည်သမျှ တင်ပြဆွေးနွေးပြီး မရှင်းလင်းသည်များကို ဒေါ်ချိုမီဇင်မှ ပြန်လည်ဖြေကြား ပေးခဲ့ရာ  စားသုံးသူကာကွယ်‌ေရးလုပ်ငန်းများသည် လူနေမှုဘတ အကျိုးစီးပွားနှင့် လူ့အခွင့်အ‌ရေး ကာကွယ်မြင့်တင်ဖို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူကြား က စားသုံးသူနစ်နာမှုကို ကာကွယ်ရန်၊ အခြေခံလိုအပ်ချက် ၈ချက်ကို ကာကွယ်ပေးရန်၊ သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ကို ပိုမို နားလည်စေ ဖို့အရေးကြီးကြောင်း စားသုံးသူများ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးခြင်းများ စဉ်ဆက်မပျက် ပြုလုပ်ဆောင်ရွက်ဖို့ ယခုလို လာရောက်ဟောပြောခြင်းဖြစ်ကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများမှ စားသုံးသူအခွင့်အရေးနစ်နာမှု ရှိပါက တိုင်ကြားလို့ရသည့် ဖြစ်စဉ်ကို မေးမြန်းရာ တာဝန်ရှိသူမှ တိုင်ကြားနိုင်သည့် ပုံစံ ၇မျိုးထဲမှ ၁ခုကို အသေးစိတ်ရှင်းလင်းခဲ့ရာ  ကုန်စည်နှင့် ဝန်ဆောင်မှုစပ်လျဉ်း၍ နစ်နာမှုရှိကြောင်း တိုင်ကြားလိုသူသည် သက်ဆိုင်ရာဦးစီးမှူးရုံး သို့မဟုတ်  ဦးစီးဌာနက သတ်မှတ်ထားသည့် နေရာများတွင် တိုင်ကြားစာ ပုံစံ (From- 2.docx) ပြည့်စုံစွာ ဖြည့်စွပ်၍ သက်သေအထောက်အထားများ သို့မဟုတ် စာရွက်စာတမ်းများနှင့်အတူ တိုင်ကြားရသည့် အချက်များကို လက်တွေ့ချပြရှင်းလင်းပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ဆက်လက်၍ ကျောင်းမုန့်ဆိုင်များတွင် ရက်လွန်မုန့်များရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါသည့် မုန့်များကိုသာရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သန့်ရှင်းသပ်ရပ်စွာ ဖုံးအုပ်ထားရန်၊ လက်အိတ်စသည်များဖြင့် သန့်ရှင်းစွာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များ ပေါ်တွင် ကုန်စည်အမျိုးအစား အလိုက် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်း လတ်ဆတ်သည့် ကုန်စည်များကိုသာ ရောင်းချရန်  ကျန်ရှိနေသော အခြေခံပညာကျောင်းများမှ ကျောင်းမုန့်ဈေးဆိုင်များ အား ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုန့်ဈေးတန်း ဆိုင်ရှင်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Rangoonhomeappliances အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် Rangoonhomeappliances အမည်ဖြင့် စားသောက် ကုန်လုပ်ငန်းတည်ရှိရာ အမှတ်(၃)၊ ပြည်လမ်း၊ ဆပ်သွားတောကျေးရွာ၊ မှော်ဘီ မြို့နယ် သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်ဖြစ်သည့် ဦးမြင့်ကျော်ကို ဆွေးနွေးရာ e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက် များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့်လူသုံးကုန်(အစားအသောက်)လုပ်ငန်းဖြစ်သည့်အတွက်စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ အတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)     

Wise Chinese အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

                   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်နီလာ ဝင်း၊ နှင့်ဝန်ထမ်းများသည် အမှတ်(စီ-၁၇၀)၊ မြို့ပတ်လမ်း၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန် မြို့နယ်ရှိ Wise Chinese Online လုပ်ငန်းသို့ (၁၅.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားသည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)     

                                       

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ SPA DESIGN & PROJECT SERVICES LIMITED လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၇) ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)                                             

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ YL SERVICES (MYANMAR)COMPANY LIMITED လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန် များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦး တို့သည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် YL DEVELOPMENT (STAR CITY) COMPANY LIMITED လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

  DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ