Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“BoB”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် (၆.၈.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ “BoB” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည် များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှီ စားအုန်းဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့်စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများတိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

       နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင်အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဩဂုတ် ၈ ရက်နေ့ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစု အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက (၃၇)သိန်း (၅)သောင်းကျော်ရှိပြီး ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းကျော်ပါဝင်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် တောင်သူများလက်ဝယ် အချိန်မီ ရောက်ရှိရန်လိုအပ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများစသည့် supply chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများတိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်သည့်အတိုင်း စနစ်တကျဆောင်ရွက်ရန်လိုပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် Drum Seeder များထုတ်လုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု ကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းစနစ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး အတွက် ရည်မှန်းချက်ပေးထားသကဲ့သို့ တောင်သူအားလုံး မျိုးစေ့ချကိရိယာ(Drum Seeder)များ ပိုင်ဆိုင်နိုင်ရေး နည်းလမ်းများရှာဖွေကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း" တက်ရောက် အမှာစကားပြောကြားခဲ့သည်။

(DOCA ဧရာဝတီ)

 

Online Sales နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း သည် အမှတ်(၂) ရပ်ကွက်၊ ဆေးရိုးတန်းလမ်းရှိ Little Collection အလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်သို့  သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက် များကို ကုန်သွယ်ရေး ဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

ဘိုကလေးမြို့ ဗိုလ်ဗထူးလမ်းရှိ “မိုး” သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

      ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် (၁) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ “မိုး” သုံးထောင့်မုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          “မိုး” သုံးထောင့်မုန့် လုပ်ငန်း မှ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် သုံးထောင့်မုန့် ဘူး(၂၅၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ တစ်ဘူးလျှင် (၅) ခုပါဝင်ပြီး ဈေးနှုန်းအနေဖြင့် (၂၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ပါဝင်ပစ္စည်းများမှာ ဂျုံ၊သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့် တို့ဖြစ်ကြ ပါသည်။ လုပ်သားဦးရေ (၄) ဦးခန့်ရှိပြီး လုပ်ခနှုန်းထားအနေဖြင့် တစ်လလျှင် (၂) သိန်းဖြင့် စားစရိတ်ငြိမ်းပေးချေရပါသည်။ဈေးကွက်အနေဖြင့် ဖျာပုံ၊ မော်ကျွန်း၊ စက်စု နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် Talk Show ပြုလုပ်ဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင် (၇.၈.၂၀၂၅) ၊ နေ့လယ် (၁၅:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများတွင် အခန်းပေါင်း (၂၅) ခန်းရှိသည့် အနက် အခန်း(၉) ဖြစ်သော စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် အသိပညာပေး ဟောပြောပွဲများ၊ ဈေးကွက်ကွင်းဆင်း စစ်ဆေးခြင်းများ၊ပြည်သူလူထုထံ သို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ထို့အပြင် စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာ၍ တိုင်ကြားလာသည့်အခါတွင်လည်း လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့နယ်တွင် မြိတ်မြို့သို့ ဆန်တင်ပို့မှု အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်/စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်တင်ပို့ ရောင်းချခြင်း လုပ်ကိုင်လျက်ရှိပါသည်။ ဒေးဒရဲမြို့နယ်၊ လမုဝကျေးရွာရှိ အောင်နန်းတော် ဆန်စက်မှ မြိတ်မြို့သို့ ဧည့်မထ ဆန်တင်ပို့လျက်ရှိသည့် လုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင်  အောင်နန်းတော် ဆန်စက်မှ ဧည့်မထ (ရက် ၉၀) ဆန် (၂၈၀၀) အိတ် ရေယဉ်ပေါ်သို့ တင်ဆောင်ထားရှိမှု၊ ရေယဉ်ကြံခိုင်မှု၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင် ခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

“တော်ဝင်” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

    ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “တော်ဝင်” ဆန်စက်သို့ ၂၀၂၅ ခုနှစ်၊ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

     မြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပက်သက်၍ ဆန်ထုတ်လုပ်ရာတွင် အရည် အသွေးပြည့်မီစေရေး၊ ထုတ်လုပ်သော ကုန်စည်ပေါ်တွင် တံဆိပ်ရိုက်နှိပ်ထားရှိမှု၊ ထုပ်ပိုးမှု နည်းစနစ် များ၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေနှင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေ အနေတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် Myro သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြော

    ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် စိုက်ပျိုးရေး ဘဏ်နှင့် ပူးပေါင်း၍ တောင်သူများအား စိုက်/ဘဏ်ရုံးတွင် Myro သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်းကို ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ (၇) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူရေးရာ မြို့နယ်တာဝန်ခံမှ Myro တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆောင် ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Online စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရကြောင်း၊ စပါး(၂၅၀၀) နှင့် အထက်၊ ဆန်အိတ် (၅၀၀) နှင့် အထက် သိုလှောင်သူ လုပ်ငန်းရှင်များ အနေဖြင့် မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ပြီး ဖော်ပြပါ ပမာဏ အထက် သိုလှောင်သူများကို ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ပြီး မိမိတို့ အင်အားရှိသလောက် လွတ်လပ်စွာ သိုလှောင်နိုင်ကြောင်း၊ Myro နှင့် ပက်သက်၍ ကောလဟာလ ထွက်ပေါ်နေသည့် သတင်းများမှာ မဟုတ်မမှန်ကြောင်း စပါးတင်း(၂၅၀၀) အောက်နှင့် ဆန်အိတ်ရေ (၅၀၀) အောက် သိုလှောင်သူများ၊ တောင်သူများ အနေဖြင့် မှတ်ပုံတင်ရန် မလိုသေးကြောင်း လွတ်လပ်စွာ သိုလှောင်နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်ရှိ စားအုန်းဆီ အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ခြင်း မရှိစေရန် လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချလျက်ရှိကြောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ