
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများအတွက် အသိပညာပေး Talk Showဆွေးနွေးပွဲကို မေလ စတုတ္တပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Talk Showဆွေးနွေးပွဲတွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေ (ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် မြေပြင်စစ်ဆေး ခြင်းဆိုင်ရာများအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရမည့် လုပ်ငန်းနှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထား သူနှင့် သက်ဆိုင်သည့် အချက်အလက်များ စစ်ဆေးခြင်း ကိစ္စရပ်များအကြောင်း၊ အွန်လိုင်းစနစ် ရောင်းချသော လုပ်ငန်းရှင်သည် မှတ်ပုံတင် လုပ်ငန်းအမည်၊ လုပ်ငန်းတည်နေရာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လုပ်ငန်း၏Logo၊ လုပ်ငန်းပိုင်ရှင်အမည်/ လိပ်စာ၊ လုပ်ငန်းရှင်၏ မှတ်ပုံတင်မှန်ကန်မှုရှိစေရန်၊ မှတ်ပုံတင် လျှောက်ထားသူ၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ ရောင်းချနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်အရ တားမြစ်ထားသော/ ကန့်သတ်ထားသော ကုန်စည် ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့်ငြိစွန်းခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကိစ္စရပ် များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
DOCA(ပဲခူး)
