Main menu

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များနှင့်ဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ နေ့လည် (၂း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်း များနှင့် ဘိလပ်မြေစျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန် စေရေးအတွက် ထားဝယ် မြို့ ပေါ်ရှိ ဆန်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများနှင့် ဘိလပ်မြေ စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများနှင့် ဘိလပ် မြေများအား စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှု များ ရှိ/မရှိနှင့် ဝိသမလောဘဖြင့်သိုလှောင်မှုများရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင် ထားရှိနိုင်စေရေး လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)