Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သရက်မြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုများကို စားသုံးသူများသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဝန်ဆောင်မှုများရရှိစေရေးတို့အတွက် သရက်ခရို်ငတာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၄..၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သရက်မြို့၊ ဈေးရပ်ကွက် ရှိ ရွှေသရက် သယ်ယူပို့ဆောင်ရေးအဝေးပြေးယာဉ်လိုင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက်ကြီးကြပ်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီး ယာဉ်လိုင်းတာဝန်ခံဂိတ်မှူးနှင့် ယာဉ်မောင်းတို့အား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ခရီးသည်များ ယုံကြည်စိတ်ချရသောဝန်ဆောင်မှုဖြစ်စေရန် ယာဉ် မောင်းသည် ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားထားခြင်းမပြုလုပ်ရန်၊ ကျန်းမာရေး ကောင်းမွန်သူဖြစ်နေရန်နှင့် ယာဉ်မောင်းနေစဉ်တွင် ဖုန်းပြောဆိုခြင်းမပြုလုပ်ရန် မိမိ၏ယာဉ် မထွက်ခွာမီ ယာဉ်ကြံ့ခိုင်ရေး အထူးဆောင်ရွက်ထားရှိရန်၊ ကုန်စည်တန်ဆာခများ ဝန်ဆောင်မှုပေး ရာတွင် ပြေစာဖြတ်ပိုင်းများဖြင့် သင့်တင့်သော ဈေးနှုန်းဖြစ်စေရန်၊ ခရီးသည်များအဆင်ပြေစေရန် အတွက် ဝန်ဆောင်မှုပြေစာတွင် ဖုန်းနံပတ်များဖော်ပြပေးရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ခရီးသွားအဝေးပြေးယာဉ်လိုင်းအား ကြီးကြပ်စစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရ ပါသည်။

DOCA(မကွေး)

ချောက်မြို့ပေါ်ရှိ လုပ်ငန်းသုံးဆီသုံးစွဲနေသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ပေါ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး ဦးဆောင်၍ (၂၅.၂.၂၀၂၆) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စက်မှုလုပ်ငန်းသုံးဆီကိုယ်စားလှယ် ဦးရဲမြင့်(ပခုက္ကူသား ဆန်၊ ဆီရောင်းဝယ်ရေး)တို့က လုပ်ငန်းရှင်များအတွက် ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်ရရှိမှု၊ သုံးစွဲမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်/စားသောက်ဆိုင်လုပ်ငန်းများ၊ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအား ခွင့်ပြုပေးထားသည့် စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်ရရှိမှု၊ သုံးစွဲမှု၊လုံလောက်မှု ရှိ/မရှိ ကွင်းဆင်းမေးမြန်းခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

သာယာဝတီခရိုင်တွင်အသေးစားစက်မှု၊လက်မှုလုပ်ငန်းဌာနမှသင်တန်းဖွင့်လှစ်ပို့ချခြင်း

                 ပဲခူတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာနရုံး၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊နေ့လည် (၁:၀၀) နာရီအချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းမြင့်ဇော်၊ ဦးစီး အရာရှိ ဒေါ်သီတာစိုး၊ဦးစီးမှူး ဦးစိုးမြင့်နိုင်တို့မှ လာရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

                လက်ထောက်ညွှန်းကြားရေးမှူး ဦးငြိမ်းမြင့်ဇော်မှ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းဦး စီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ခရိုင်ရုံး(၄၀) ရုံးထိ တိုးချဲ့ဖွင့်လှစ်နိုင်ကြောင်း၊အသေးစားစက်မှု၊လက်မှု လုပ်ငန်းဌာနမှ (Incubation Center ) များဖွင့်လှစ်ထားရှိပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းရှင်များကို ကူညီပံ့ပိုးမွေးထုတ်ပေးနေ ကြောင်း၊အသေးစားစက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကူညီပံ့ပိုး မွေးထုတ်ပေးနေကြောင်း၊အသေးစားစက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။မှတ်ပုံတင်သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး မှတ်ပုံတင်ကြေး (၁၀၀၀၀) ကျပ်၊မှတ်ပုံတင်ခြင်းသက်တမ်း (၂)နှစ်ကျော်လွန်ပြီး (၆) လဖြစ်လျှင် သက်တမ်း လွန်ကြေး(၅၀၀၀)ကျပ်၊(၂) နှစ်ဖြည့်ပြီးသက်တမ်းများကိုလည်း ၃၀၀၀၀ ကျပ်နှုန်းနှင့် မှတ်ပုံတင် လျှောက်ထားမှုပုံစံကြေးမှစတင်၍ သက်တမ်းလွန်ဒဏ်ကြေးပေးဆောင်မှု အဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

                   ဦးစီးအရာရှိဒေါ်သီတာစိုးမှ အ.စ.လုပ်ငန်းလိုင်စင်နှင့် ပတ်သတ်၍ အ.စ ပုံစံ (၅)မျိုး ရှိကြောင်း အ.စနံပါတ်ဆိုတာကတော့ ထုတ်ကုန်များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်းဖြစ်ကြောင်း၊ အ.စလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သတ်၍ အကျိုးခံစားခွင့်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။စီမံ ချက်များကိုတစ်နှစ်လျှင် တစ်ကြိမ်ရေးဆွဲထားရှိပြီး ကျေးရွာများရပ်ကွက်များသို့ သွားရောက်ပြီး ကွင်းဆင်း၍ သင်တန်းများပို့ချပေးခဲ့လျက်ရှိရာ သင်တန်းသား (၉၅)ဦးကို တစ်ဦးလျှင် (၁၄)သိန်းနှုန်း ဖြင့် (၇၀) သိန်းကျပ်ဖြင့် လုပ်ငန်းမတည်ပေးခဲ့ပြီး၊MSMEs ချေးငွေရရှိရေးတို့ကို အထောက်အကူပြု ကြောင်း ဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ ဦးစီးမှူးဦးစိုးမြင့်နိုင်မှလည်း အ.စ လိုင်စင်များကို Online ဖြင့်လျှောက်ထားနိုင်မှု့ အခြေအနေများကို အဆင့်ဆင့်သင်ကြားပြသပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

  အုတ်ဖိုမြို့တွင်စိုက်ပျိုးရေးဆေးဆိုင်များကွင်းဆင်းစစ်ဆေး

                        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၂၀၂၆ခုနှစ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု့ဖြင့် မြို့နယ်စည်ပင်သာယာရေး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော  စုပေါင်း  မိတ်ဖက်အဖွဲ့ဝင် များသည် အုတ်ဖိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေ ဩဇာအရောင်းဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းမှု့ ပြုလုပ်ခဲ့ကြပါသည်။ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးဆေးဆိုင်များတွင် အင်ဒိုဆာဖန်၊ ဖန်သိုအိတ် စသည့်အမှတ်တံဆိပ်များဖြင့် ဗျိုင်းငှက်၊ငါး ပုဇွန်ကဲ့သို့ သတ္တဝါများ  သေစေနိုင်သည့် ပိုသတ်ဆေးများ ပိုတက်အုပ်စုဝင်ဆေးများအား ရောင်းချခြင်း သိုလှောင်ခြင်း မပြုကြရန်နှင့် ထုတ်ကုန်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှုရှိ မရှိအား စစ်ဆေးပြီး ရောင်းချမှု စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးပြောကြား  ခဲ့ပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

              မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအားထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာနှင့် အသီးအနှံများကောင်းမွန်စွာဖြစ်ထွန်းစေရန် ပိုးသတ် ဆေးများကိုအသုံးပြုကြပါသည်။

          (၂၉.၁.၂၀၂၆) ရက်နေ့တွင်ကျင်းပခဲ့သော (၄၇)ကြိမ်မြောက် “ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေး” ဆုံးဖြတ်ချက်အရ ပိုးသတ်ဆေးအိပ်ရှိပစ္စည်းဖြစ်သော Paraquat ကို မြန်မာနိုင်ငံတွင် သုံးစွဲရန်တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေး(Banned Pesticide)အဖြစ် သတ်မှတ်ထားပြီး ဈေးကွက် တွင် ဖြန့်ဖြူးရောင်းချခွင့်မပြုကြောင်း ကြေငြာချက်အရ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များတွင် တားမြစ်ပိတ်ပင်ထားသော ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ဆိုက်ပါမီသရင်း 1 OEC ပိုးသတ်ဆေးသည် ရေထုတစ်သန်းပုံ၏ ၀.၀၀၄၂ ပုံ (ppm)ပျော်ဝင်ရုံဖြင့် ၄ လက်မ ရွှေဝါငါးကြင်းကို သေဆုံးစေနိုင်ကြောင်း၊ အယ်လ်ဆန်း 5 OEC ပိုးသတ်ဆေးသည် ရေထုအပုံ တစ်သန်းပုံ၏ ၀.၀၂ပုံ(ppm) ပျော်ဝင်ရုံဖြင့် ၃.၅ လက်မတီလားပီးယားကို သေစေနိုင်ကြောင်း၊ အင်ဒရင်း ပိုးသတ်ဆေးသည် ပတ်ဖျန်းပြီးနောက် တစ်လကြာသည်အထိလည်းကောင်း၊ DOTပိုးသတ်ဆေးသည် ၄၅ရက်ခန့်အထိလည်းကောင်း အာနိသင်ကြာရှည်စွာတည်ရှိသဖြင့် ရေသတ္တဝါများအား ချက်ချင်းသေစေ ရုံသာမက အချို့ရေသတ္တဝါများအား တဖြည်းဖြည်းချင်းသေဆုံးစေနိုင်သဖြင့် ပိုးသတ်ဆေးများအား စိုက်ပျိုးရေးလုပ်ငန်းအတွက်သာအသုံးပြုကြရန်နှင့် အင်း၊ အိုင်၊ ချောင်း၊ မြောင်းများအတွင်းရှိငါးများ အားအဆိပ်ချ၍ငါးဖမ်းခြင်းမပြုလုပ်ကြရန် အသိပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

​​​​​​​နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်နေသော တောင်သူများနှင့်တွေ့ဆုံ

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၂.၂.၂၀၂၆ ရက်နေ့၊ နံနက် ၁၁ နာရီတွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ကြယ်နီ ဆန်စက်၌ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အတူလိုက်ပါ၍နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လုပ်ကိုင်ဆောင်ရွက်နေသောတောင်သူများနှင့်တွေ့ဆုံပွဲသို့လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

                 အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌက လူမှုစီးပွားဘဝတိုးတက်စေရန်အတွက် ဈေးကွက်ဝင်သောပေါ်ဆန်းစပါးများကို တိုးချဲ့စိုက်ပျိုးကြရန် တောင်သူကြီးများအားလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့တွင်Online စနစ်ဖြင့်ရောင်းချရာတွင် လိုက်နာရမည့်အချက်များ

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်မိုးစန္ဒာ သည် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ ၁၉ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၊လူထုအခြေအနေပြု ဗဟိုဌာန (C0mmunity Centre)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာဖြင့် Talk Show အစီစဉ်ဆောင်ရွက်ခဲ့ပါသည်။

            စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းမှ သိလိုသည်များကို မေမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံမှ Online Sale ရောင်းချရာတွင် လိုက်နာရမည့် အချက်များအား အသိပညာပေး Talk Show အား  ပြန်ဆက်ဌာနနှင့် ပူပေါင်း၍ အသိပညာပေး ဆောင်ရွက် ခဲ့ပါသည်။

DOCA(ပဲခူး)

ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (၁၉.၂.၂၀၂၆)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သာကေတမြို့  နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူများနှင့်ပူးပေါင်းပြီး  သာကေတမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက် ကားရောင်းချနေသော ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အဖွဲ့စုံဖြင့် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီး မှူး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေး နိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည် ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် ဆန်များကိုသို လှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လို အပ်ကြောင်း၊ ဆန်တန်ချိန်(၂၅)တန်အထက်သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online)တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မကွေးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်ချခြင်း ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက် အရ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်၍ တိုင်း/ ခရိုင်ဝန်ထမ်း(၅)ဦးနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်အတီ တို့နှင့်ပူးပေါင်း၍ (၂၁..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသည့် လက်လီ/ လက်ကားကိုယ်စားလှယ်အရောင်းဆိုင်များသို့ ဆီရောင်းချမှု အခြေအနေများအား သွားရောက်၍ ကွင်း ဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိမိရရှိသည့် ဆီခွဲတမ်းအလိုက်ပြည်သူများလက်ဝယ်သို့ သတ်မှတ် ထားသည့် ပမာဏ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချပေးနေမှုများ ရှိ/မရှိ၊ အရောင်းဆိုင်များတွင် ပြည်သူများသို့ရောင်းချရန် သတ်မှတ်ထားသောရည် ညွှန်းဈေးနှုန်း ဗီနိုင်းများ ချိတ်ဆွဲထားခြင်းရှိ/မရှိ၊ လက်လီ/လက်ကားများမှာ ထုတ်ယူရမည့် ဆီခွဲတမ်းအလိုက် အမှန်တကယ် ထုတ် ယူရရှိမှု ရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချနေသည့် လက်လီ/ လက်ကားကိုယ်စားလှယ်များအား လက်ကား/လက်လီစာရင်းမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက် မှန်၊ အချိန်အတွယ်မှန်နှင့် အရည်အသွေးမှန်စသည်ဖြင့် မှန်(၆)မှန် အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် သတ်မှတ်ပမာဏ၊ သတ်မှတ်အရည်အသွေးဈေးနှုန်းဖြင့် မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချစေရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ လုပ်ငန်းသုံးဆီသုံးစွဲနေသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးတို့ ပူးပေါင်း၍ (၂၄-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူရရှိသည့် စားသောက်ဆိုင် နှင့် မုန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ဆိုင်လုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများဖြစ်ကြသည့် ကိတ်မုန့်၊ ငါးမုန့်ကြော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ အတွက် ထုတ်ယူရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းခွင်တွင် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ၊ လုပ်ငန်းခွင်အသုံးပြုရာတွင် လုံလောက်စွာရရှိမှု ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသောက်ကုန်ထုတ် လုပ်သည့် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော စားသောက်ကုန်များသည် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိတို့ကိုပါ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေရေးနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များစသည် တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ