
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၆.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန် တွင် ရေနံချောင်းမြို့၊ အမှတ်(၁၁၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာများကို အသိပညာပေးဟောပြောပွဲ ကျင်းပရာ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ရေနံချောင်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး (၈)ချက် တို့ကို ရှင်းလင်းခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသင့်စား အစားအစာများကို ဝယ်ယူ အသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးကြရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန် ဆုံးရက်စွဲများအား သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
