Main menu

HighLight News

Powered by Drupal

ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ် ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ ဆန်စက်လည်ပတ် ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ခေတ်မီ စက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး အလုပ်သမား မိသားစုဝင် များ၏ စားဝတ်နေရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှု အပေါ် သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၈.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်သကြားဘုရားကုန်းရှိ(စတား)မုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသောမုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစိစစ်

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်သကြားဘုရားကုန်းရှိ(စတား)မုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသောမုန့်များအား ဈေးကွက်မရောက်မီ ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်အမှတ်(၇)ရပ်ကွက် သကြားဘုရားကုန်းရှိ မုန့်မျိုးစုံလုပ်ငန်းတွင်  ရောင်းချနေသော မုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ လုပ်ငန်းရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွား ပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိမုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသောမုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၇.၂၀၂၅) ရက်နေ့ ညနေ (၁၅:၃၀)နာရီက လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိမုန့်မျိုးစုံလုပ်ငန်းတွင် ရောင်းချနေသော မုန့်များအားဈေးကွက်မရောက်မီ ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ မုန့်မျိုးစုံလုပ်ငန်းတွင်  ရောင်းချနေသော မုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ လုပ်ငန်းရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၆.၇.၂၀၂၅) ရက်နေ့ မွန်လွှဲ(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိ ပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေအခန်း(၁၄) ပုဒ်မ-၂၇ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် (အာမခံ)ချက်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက် များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဝန်ထမ်းများအား ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြပ်မတ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရုံးလုပ်ငန်းများကို အပါတ်စဉ် အချိန်ဇယားရေးဆွဲ၍ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

           မအူပင်ခရိုင်ဝန်ထမ်းများ ဝန်ထမ်းစွမ်းဆောင်ရည် ပြည်မှိစေရေးအတွက် ဝန်ထမ်းတစ်ဦးခြင်း ဌာနခွဲအလိုက် လုပ်ငန်းများ Thurday Talk စောပြောခြင်း၊ အခြားဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများလိုက်ပါဆောင်ရွက်ခြင်း၊ အပါတ်စဉ် ရုံးလုပ်ငန်း ဝင်စာ/ထွက်စာ ဖိုင်များ စနစ်တကျ ဖိုင်တွဲထားရေး၊ ရုံးဘီရိုများ စစ်ဆေးခြင်း၊ ရုံးဝန်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ၊ နိုင်ငံတော်သစ္စာ အဓိဌာန (၆)ချက်ရွက်ဖတ်ခြင်း၊ နိုင်ငံတော်အလေးပြုခြင်းများ၊ ကွန်ပြူတာ စာဝင်စာထွက်များ စိစစ်တက်စေရန်၊ ဌာနတွင်းစာများ မပေါက်ကြားစေရေး ထိန်းသိမ်းတက်စေရန်လေ့ကျင့်သင်ကြားခြင်း၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်အပါး ၃၀ကို လေ့လာကျက် မှတ်နိုင်ရေး၊ ကွန်ပြူတာ နာရီဝက်အတွင်း အလုံး ၁၅၀၀ ရိုက်နှိပ်နိုင်ရေး လေ့ကျင့်သင်ကြားခြင်းများ၊ Shot Video ကျွမ်းကျင်စွာပြုလုပ်တက်စေရန် နှင့်  အထက်ဌာနမှ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို ဝန်ထမ်းများ လိုက်နာဆောင်ရွက်တက်စေရန် အသိပေးပြောကြားခြင်းတို့ကို ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဝန်ထမ်းများ သက်သာချောင်ချီရေးနှင့် လုပ်ငန်းခွင့်ပျော်ရျွင်စွာ စုပေါင်းလုပ်ကိုင်နိုင်ရေးအတွက် ဝန်ထမ်းများအား ထောက်ပံပေးအပ်ခြင်း

          ၁၈.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား ခရိုင်ဦးစီးမှူးနှင့် ဒုခရိုင်ဦးစီးမှူးတို့မှ ခရိုင်ဝန်ထမ်းများအား ဆန် ၄ ပြည် ဆီ ၅၀သားနှင့် ပံ့ပို့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးဆို့သည် ဝန်ထမ်းများအား စုပေါင်းကြိုးစားဆောင်ရွက်မှုနှင့် စည်းလုံစွာနေထိုင်ပြီး မြို့နယ်၊ ခရိုင်အတွက် စုပေါင်းကြိုစားအားထုတ်မှုကို ဂုဏ်ပြုသော အနေဖြင့် ခရိုင်ရုံးအတွင်း ဝန်ထမ်းများ သက်သာချောင်ချီရေးနှင့် လုပ်ငန်းခွင် ပျော်ရွင်စေရန်အတွက် စုပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ဝန်ထမ်း ၁ဦးလျှင် ဆန် ၄ပြည် ဆီ ၅၀ကျပ်သားနှင့် ထောက်ပံ့ငွေအချို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ ယခုကဲ့သို့ လုပ်ငန်းခွင့်တွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ဝါတွင်းကာလ ထောက်ပံပေးအပ်ခြင်း ပြုလုပ်ခဲ့သလို ကြိုစားအားထုတ်မှုများကို မကြာခဏ ဝန်ထမ်းမိသားစု သက်သာချောင်ချိရေး ‌ထောက်ပံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

နတ်သုဒ္ဓါ စိမ်းစားပုဇွန်ငါးပိ မှ စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စိစစ်ပေးနိုင်ရန် တင်ပြခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် (၁)ရပ်ကွက် ရှိ နတ်သုဒ္ဓါ လုပ်ငန်းမှ ပုဇွန်ငပိထောင်းနှင့် စိမ်းစားငပိရှယ်လုပ်ငန်းမှ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျှဉ်း၍ ကုန်စည်တွင် လိုအပ်ချက်များဖြည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် (၁၅-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် စိစစ်နိုင်ရန် တင်ပြလာကြောင်း သိရသည်။

           မအူပင်ခရိုင်ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ နတ်သုဒ္ဓါ လုပ်ငန်းမှ ပုဇွန်ငပိထောင်းနှင့် စိမ်းစားငပိရှယ် ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ အချက်အလက်များ ပြည်စုံမှန်ကန်စေရန်အတွက် ကုန်အမှတ်တံဆိတ် နမူဏာပုံစံများ၊ ကုန်စည်နမူဏာဓါတ်ပုံများ၊ ကိုယ်တိုင်လျှောက်လွှာတင်ပြစာ၊ လိပ်စာနှင့် ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာများ ထောက်ခံချက်များနှင့်အတူ လျှောက်ထားရန်ကို လုပ်ငန်းရှင်အား အသိပေးပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်မှ တင်ပြလာသည့် အချက်အလက်များကို အထက်အဆင့်ဆင့်သို့ တင်ပြပြီး စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို (၁၇-၇-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူလူထုအခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေူကွက်မရောက်မှီ ကုန်စည်များကို စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး./ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှုး ရုံးတွေမှာဖွင့်လှစ်ထားသော(CICC) စားသုံးသူသတင်းပြန့်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ၊ Online မှတစ်ဆင့်တိုင်ကြားလိုသည့် ပြည်သူများအနေဖြင့် www.doca,gov,mn website တို့မှာပါတဲ့ Consumer Complaint System ရဲ့ တိုင်ကြားလွှာပုံစံမှာ အချက်အလက် တွေဖြည့်သွင်းပြီးတော့ တိုင်ကြားနိုင်သလို MPT, Mytel, Atom, Ooredoo ဖုန်းဆင်းကဒ် အသုံးပြုသူအနေနဲ့ Consumer Center (၁၅၃၅) သို့ တိုက်ရိုက် ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် စားသုံးသူ မိဘပြည်သူ တွေနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါက ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ အမြဲတမ်းကူညီ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရိုင်စိုက်တိုးမြှင့်အဖွဲမှ ပြည်ပပို့ကုန်ဆန်များ ပိုမိုကြိတ််ခွဲတင်ပို့နိုင်ရေး ညောင်တုန်းမြို့နယ် ဆန်စက်များသို့ ကွင်းဆင်းဆောင်ရွက်

            (၁၇-၇-၂၀၂၅)ရက်နေ့ တွင် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ပြည်ပဆန်ကြိတ်ခွဲတင်ပိုနေသည့် ရွေဝါနဒီဆန်စက်၊စိမ်းလဲ့မြေဆန်စက်၊ Good Brother ဆန်စက်များအား ပြည်ပပို့ကုန်ပိုမိုကြိတ်ခွဲ တင်ပိုနိင်ရေးမအူပင်ခရိုင်အုပ်ချုပ်ရေးမူး၊ ခရိုင်/မြို့နယ် စိုက်တိုးမြင့်အဖွဲများနှင့်အတူဆန်စက်များလုပ်ငန်း ဆောင်ရွက်ရာတွင်အဆင်ပြေချောမွေ့ရေးအတွက် ကွင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်သည် ဒေသထွက် ဆန်များကိုအများဆုံးတင်ပို့သော မြို့နယ်ဖြစ်ပြီး စပါးကြိတ်ခွဲနေသော ဆန်စက်များ ကြိတ်ခွဲမှု အဆင့်အတန်းမြှင့်မားစေရေး ဆန်စပါးကြိတ်ခွဲမှု နည်းပညာဖွံဖြိးတိုးတက်ရန်လိုအပ်ကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက်(Supply Chain) တစ်လျှောက် ဟန်ချက်ညီညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း ညောင်တုန်းဆန်စက်တာဝန်ခံများကို ခရိုင်စိုက်တိုးမြှင့် ဥက္ကဌမှ ဆွေးနွေးပြောကြားခဲ့ပြီး အစားအစာဘေးကင်းလုံခြုံရေး နှင့် အရည်အသွေးကောင်းမွန်သည့် ဆန်များထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီဆန်စက် များစသည့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်းစသည့်များလည်း သိရှိနိုင်ရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်ရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှီရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News