Main menu

HighLight News

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအ‌ဝေးကျင်းပဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်‌နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးတွက် ညှိနှိုင်းအစည်းအဝေးကို (၁၀.၁.၂၀၂၆)ရက် စနေနေ့၊ နံနက် (၁၀း၃၀)နာရီခွဲအချိန်တွင် ရုံးချုပ်(နေပြည်တော်)၊ ပြည်ထောင်စုနယ်မြေနှင့်  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ဆောင်ရွက်ရမည့် အခမ်းအနားအစီအစဥ်များမှာကြားခြင်းနှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ ကျင်းပဆောင်ရွက်မည့်အစီအစဥ်(မူကြမ်း)များ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို (၁၂း၀၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

       ဆက်လက်၍  ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များအား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးမှ အရာထမ်းများအား ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်‌နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးတွက်  ကြိုတင်ပြင်ဆင်ထားရန်၊  လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

       (၈.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဗိုလ်တထောင်မြို့နယ်၊ ချမ်းမြေ့ဈေးရှိ ဆန်ဆိုင်များသို့ ဆန်ရောင်းချမှုအခြေအနေများကိုသွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး   ဆန်၊ စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mmတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်ရှိ ဆန်ဆိုင်များသို့  အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင် ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေးအတွက် (၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် ဗိုလ်ကလေးဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မူလွန်တိုက်ကြီး ဆင်ဦးကျေးရွာကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် ကုသနိုင်သည့် ရောဂါများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကုန်စည်များဝယ်ယူခြင်းမပြုမီ ကြိုတင်သတိပြုရမည့်အချက်များ အကြောင်းတို့ကို အသီးသီးဆွေးနွေးဖော်ပြခဲ့ကြသည်။

        အဆိုပါ အသိပညာပေးဟောပြောသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူမှ ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ဈေးကွက်များအတွင်းဆပ်ပြာခဲ အမျိုးမျိုးတို့အားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း စစ်ဆေးရမည့် ဆပ်ပြာခဲအမျိုးမျိုးတို့အား  ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချသော နွေးနွေး အလှကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး၊ ဒေါ်ငြိမ်းငြိမ်းသူ အလှကုန်နှင့်ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာ ကုန်စုံဆိုင်တို့မှ NUVO (ပိုးမွှားကင်းစင်ရေချိုးဆပ်ပြာခဲ)၊ DOMI (ကြည်လင်အေးမြ ပြင်သစ်မွှေးရနံ့ဆပ်ပြာ)၊ Family Care (မိသားစုဆပ်ပြာ)၊ PARIS (ဆပ်ပြာမွှေး)၊ Life Plus (ဆပ်ပြာမွှေး)တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် နေ့စဉ်သုံးစွဲနေရသော ဆပ်ပြာခဲအမျိုးမျိုးတို့အား ရောင်းချရာတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ City Martများ၊ ဆီအရောင်းဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများဖြစ်သော သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ရွှေ(မြေပဲဆီသန့်)၊ City Selection(မြေပဲဆီ)၊ ရွှေအုံ (မြေပဲဆီသန့်)၊ ဧရာဝတီ(မြေပဲဆီသန့်)နှင့် Meizan (အဆင့်မြင့်ဟင်းသီးဟင်းရွက်ဆီ) စသည့်အမှတ် တံဆိပ်များတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁.၂၀၂၆) ရက် နေ့ နံနက်(၀၉:၄၀)နာရီအချိန်တွင် သဲကော်လရှင်အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၂၂/က)၊ ရွှေဝါ(၁)လမ်း၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်တွင် တရားမဝင်ဆင်းကတ်ရောင်းချမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်အတွင်း တရားမဝင်ဆင်းကတ်များ ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်ရှိ ဦးနေသူရိန်၏ “AEC Mobile” ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ပရိက္ခရာတန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဒေါ်သဉ္ဇာစိုး၏ “ရွှေစည်ဟိန်း” ဆင်းကတ် အမျိုးမျိုးရောင်းချသည့်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်မေဖြိုးနိုင်၏ “ဖြိုးဖြိုးမိုဘိုင်း” ဖုန်းအမျိုးမျိုးရောင်းချမည့်ဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဆင်းကတ်အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/ မရှိ သက်ဆိုင်ရာအော်ပရေတာနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် ဆင်းကတ်အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များမှ ဆင်းကတ်ရောင်းချခြင်းမပြုစေရန် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့် ဆင်းကတ်များကို ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှုရှိ/ မရှိ၊ ဆင်းကတ်ရောင်းချသူများမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် မှန်ကန်စွာဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့် ပတ်သက်၍ လိုက်နာရမည့် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်ရာများတွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်ရောက်ကုန်စည် အသင့်သောက်အချိုရေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၅.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မအူပင်မြို့၊ ၁၂ရပ်ကွက်ရှိ အချိုရည်လက်ကား ဆိုင်(၅)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်သောက်များတွင် အချိုရည်ဗူးများ တွင်   ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ လက်ကားဆိုင်ကြီးများတွင် ရောင်းချနေသော အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  Asia သီးစုံအချိုရည်အမျိုးမျိုး၊ Caraboa အားဖြည့်အချိုရည်၊ V Coode အချိုရည်၊ SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင်  ကုန်အညွှန်အမှတ်အသားစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ၊ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ် ကင်းဝေးစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း ဆိုင်ရှင်များကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(..၂၀၂) နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် စပါးရောင်းဝယ်မှုအခြေအနေများ၊ စပါး/ ဆန်ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရာတွင် ကုန်ပို့လွှာနှင့် အတူ တင်ပိုဆောင်ရွက်ရန်ကိုလည်းကောင်း တင်ပြမေးမြန်းဆွေးနွေးပြီး၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo တွင် လစဦ်ကုန်ရ၊ ကုန်ထုတ် စာရင်းများကို လဆန်းရက်များတွင် မဖြစ်မနေဖြည့်သွင်းရန်၊ သက်တမ်းတိုးပြည့်မီသူ လုပ်ငန်းရှင်များက သက်တမ်းတိုးလုပ်ငန်းကို ဆောင်ရွက်ရန်ကိုလည်းကောင်း၊  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ် ပေးရေးဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News