Main menu

ဈေးကွက်အတွင်းရှိ ရောင်းချနေသော အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)တို့သည် ၂၀၂ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် Macro၊  တာမွေ City Mart နှင့် တာမွေ Orange တို့ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ မင်္ဂလာတောင်ညွန့်မြို့နယ် Macro၊  တာမွေ City Mart နှင့် တာမွေ Orange Mart အတွင်း ရောင်းချလျှက်ရှိသော အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)