Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၂၅ တွင် ပါဝင်မည်

          အမြဲတမ်းဒုဝန်ကြီးချုပ် Vongsey Vissoth သည် ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာ ရှိသော ထုတ်ကုန်များကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၂ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ၁၅-၉-၂၀၂၅ ရက်နေ့က ကိုယ်စားလှယ်အဖွဲ့ အားဦးဆောင်၍ ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် စျေးကွက်ရှာဖွေရန်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ၏ နိုင်ငံတကာကွန်ရက်ကို အားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ “အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ် တီထွင်မှုဖြင့် အနာဂတ်ကိုဦးဆောင်ရန် အခွင့်အလမ်းသစ်များနှင့်အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (CAFTA) Version 3.0” ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား၏ ပူးပေါင်းပါဝင်မှုသည် ကမ္ဘောဒီးယား နိုင်ငံ၏ အလားအလာရှိသော ထုတ်ကုန်များကို မြှင့်တင်ရန်၊ ပို့ကုန်စျေးကွက်ချဲ့ထွင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ၏ နိုင်ငံတကာကွန်ရက်များ အားကောင်းစေရန် ရည်ရွယ်ထားသည်။  စီးပွားရေး ဖိုရမ်များနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ခရီးသွားများကို ဆွဲဆောင်ရန်နှင့် ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို မြှင့်တင်ရန် ရည်ရွယ်ထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

RCEP သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း ဒေါ်လာ ၆.၆ ဘီလီယံကျော်ရှိ

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများသို့ ကုန်စည် ကန်ဒေါ်လာ ၆,၆၂၈ သန်းဖိုး တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ သန်း ၆,၀၅၀ ထက် ၁၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(MoC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP နိုင်ငံများသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် စုစုပေါင်း ပို့ကုန်၏ ၃၁.၈ ရာခိုင်နှုန်းဖြစ်ပြီး ယင်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၀,၈၃၀ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံသို့ RCEP နိုင်ငံများမှ ဒေါ်လာ ၁၉,၇၂၈ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁၆,၈၆၉ သန်းမှ ၁၆.၉၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် အခြားသော RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၂၆,၃၇၅ သန်းအထိ ရှိလာကာ တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က နိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် RCEP သဘောတူညီချက်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များမှာ အထည်ချုပ်လုပ်ငန်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်ထုတ်ကုန်များ၊ သားရေပစ္စည်းများ၊ စပါး၊ ပရိဘောဂ၊ ရော်ဘာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပုလဲများ၊ အရုပ်များနှင့် အထည်အလိပ်များဖြစ်သည်။ ကမ္ဘောဒီးယား၏ အဓိကသွင်းကုန်များမှာ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်း၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လူသုံးကုန်များနှင့် အစားအသောက်နှင့် အဖျော်ယမကာများ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှု အားကောင်းလာရေး တွေ့ဆုံဆွေးနွေး 

    ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ ချိတ်ဆက်မှုဆိုင်ရာ အဓိကဆွေးနွေးပွဲသို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Tith Rithipol သည် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။ အဆိုပါပွဲကို ဗီယက်နမ်နိုင်ငံ၊ Tay Ninh ပြည်နယ် Tan An မြို့တွင် ကျင်းပခဲ့ပြီး ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Phan Thi Thang က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။  တွေ့ဆုံစဉ်နှစ်နိုင်ငံစလုံးမှ အကြီးတန်းအရာရှိ များနှင့်ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သွင်းကုန်-ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် လုပ်ငန်းရှင် များ စီးပွားရေးကိုယ်စားလှယ်များကိုနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများ၏ တိုးတက်မှုအကဲဖြတ်ရန်နှင့် ပိုမိုနက်ရှိုင်းပြီး ရေရှည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရည်မှန်းချက်များကို ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ဒေသတလျှောက် ပါဝင်ဆွေးနွေးခဲ့ကြ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ စည်းဝေးပွဲသည် နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် နယ်စပ်တစ်လျှောက် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ချဲ့ထွင်ရေး အတွက် နှစ်နိုင်ငံတူညီသော ကတိကဝတ်များပြုခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

 

ဂျပန်နိုင်ငံစက်ရုံများနှင့်အတူ ပီဆို ၅၁ ဘီလီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်တော့မည့် ဖိလစ်ပိုင်နိုင်ငံ

       ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီး ၃ ခုနှင့်အတူ ပီဆို ၅၁ ဘီလီယံခန့် တန်ကြေး ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဖလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုလက်မှုဌာန (DTI) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါ သည်။ ကုန်သွယ်ရေးအတွင်းရေးမှူးဆိုသူ Cristina Roque က အဆိုပါရင်းနှီးမြှုပ်နှံမှုများကို ဖိလစ်ပိုင် နိုင်ငံ ကိုယ်စားပြုအဖွဲ့နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အလုပ်အမှုဆောင်များ၏ တွေ့ဆုံပွဲ အတွင်းတွင် အဆုံးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ Koshidaka Holdings Co. Ltd. ကုမ္ပဏီက နောင်လာမည့် ဆယ်စုနှစ်အတွင်းတွင် အဝတ်အထည်ဆိုင် ၃၀၀ ဆိုင်ဖွင့်လှစ်ရန် အတွက် ပီဆို ၃၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ Koshidaka ၏ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင်ပေါင်း ၁၅၀၀ ခန့် ခန့်ထားနိုင်မည်ဖြစ်ပြီး ဆောက်လုပ် ရေးနှင့် ပစ္စည်းပို့ ဆောင်မှုများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ Marubeni Corp သည် အိမ်ခြံမြေနှင့်ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းများအတွက် ပီဆို ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် Sojitz Corp သည် AI၊ လျှပ်ကူးပစ္စည်း ဒီဇိုင်း၊ ဆော့ဝဲလ်နှင့် ကျန်းမားရေးစောင့်ရှောက် လုပ်ငန်းများအတွက် ပီဆို ၂ ဘီလီယံမှ ၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ Roque က DTI သည် အရည်အသွေးပြည့်ဝသော အလုပ်အကိုင်များ၊ ပစ္စည်းပို့ဆောင်ရေးသန်မာစေရေးနှင့် နိုင်ငံ၏စီးပွားရေးပိုမိုကျယ်ပြန့်လာစေရန်အတွက် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ သေချာစွာပြုလုပ်ရန်အတွက် စီးပွားရေးအသင်းအဖွဲ့များနှင့်အတူ အလုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံစီးပွားရေးအရှိန်အဟုန်မြင့်တင်ရန်အတွက် မလိုအပ်သော အစိုးစာရွက်စာတမ်း လုပ်ငန်းစဥ်များကို ဖြတ်တောက်မည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် Anutin ကတိပြု

     ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် ဗျူရိုကရေစီအတားအဆီးများကို ဖျက်သိမ်းပြီး လေးလတာ ကာလအတွင်း ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ပြန်လည်အသက်ဝင်လာအောင် ပြုလုပ် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆိုသူ Anutin Charnvirakul နှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဆိုသူ Supajee Suthumpun အပါအဝင် ထိုင်းနိုင်ငံ အနာဂတ်စီးပွားရေးဝန်ကြီးများနှင့် အကြံပေးအဖွဲ့တစ်ဖွဲ့သည် ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ် နှင့်‌ တွေ့ဆုံကာ နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍတွင် ပြန်လည်ရှင်သန်လာစေရန် ကတိပြုခဲ့ပါ သည်။ စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်သည် အစိုးအရအသစ်တစ်ရပ်ကို အပြည့်အဝဖွဲ့စည်းမည်ဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း စတင် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၎င်းက ထိုင်းနိုင်ငံစီပွားရေးပြန် လည် ဦးမော့လာစေရေးအတွက် မူဝါဒများနှင့် နည်းဗျူဟာများကို ရေးဆွဲရန်အတွက် အစိုးရကို တစ်ပတ်အတွင်း အစည်းအဝေးခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စက်မှု လက်မှုကဏ္ဍကို အရေးပါသောအခန်းကဏ္ဍအဖြစ် သတ်မှတ်ခြင်းသည် စီးပွားရေးတိုးတက်မှု အတွက် အဓိကဖြစ်ကြောင်းနှင့် အစိုးရ၏ ဦးစားပေးသည် ဗျူရိုကရေစီအတားအဆီးများကို ဖယ်ရှားရန်နှင့် စီးပွားရေးတိုးတက်မှုကို ဖွင့်လှစ်ပေးရန်အတွက် များစွားသော အစိုးရစာရွက် စာတမ်းလုပ်ငန်းစဥ်များကို ဖယ်ရှားရန်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းက အုပ်ချုပ်စီမံရေးအဖွဲ့ သည် ရေရှည်တည် တံ့သောတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို အလျင်အမြန်တည်ဆောက် နေစဥ်အတွင်းတွင် တိကျပြီး ဦးတည်ချက်ရှိသာဖြေရှင်းချက်များထောက်ပံ့ပေးရေးကိုသာ ဦးစား ပေး‌ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအစိုးရသည် ထိုင်းနိုင်ငံကို ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများအတွက် စစ်မှန်သော ထုတ်လုပ်ရေးအချက်အချာနေရာတစ်ခုအဖြစ် တည်ဆောက်သွားမည်ဟု ရည်ရွယ် ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် နယ်နိမိတ်ဒေသများ၏ စီးပွားရေးကို ထောက်ပံ့ရန် အတွက် ထိုင်းနိုင်ငံနယ်နိမိတ်များဖွင့်လှစ်မှုကို အရှိန်မြှင့်တင်သွာမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ သို့ရာတွင် ၎င်းက အဆိုပါဖွင့်လှစ်မှုသည်  ထိုင်းနိုင်ငံအတွက် ဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ မခံစားစေရန်အတွက် ထိုင်းနိုင်ငံ လုံခြုံရေးစံနှုန်းသတ်မှတ်ချက်များနှင့် အညီ ပြုလုပ်သွားမည် ဖြစ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။

   DOCA (ရန်ကုန်)

 

ထိုင်းနိုင်ငံမှကမ္ဘောဒီးယားနိုင်ငံသို့ ရွှေတင်ပို့မှု မြင့်တက်လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ ငွေကြေး Riel မတည်ငြိမ်မှုများနှင့် ဆက်စပ်လျက်ရှိ

           ထိုင်းနိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေတင်ပို့မှုမြင့်တက်နေ ခြင်းအပေါ် အသေးစိတ်လေ့လာစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ၎င်းဌာနမှ အရာရှိများ က ကမ္ဘောဒီးယားနိုင်ငံ၏ ငွေကြေးများသည် ယခုအခါတွင် ယုံကြည်မှုနည်းပါးလာခြင်းကြောင့် ကမ္ဘောဒီးယားပြည်သူများသည် ထိုင်းနိုင်ငံမှ ရွှေများကို လက်ဆုပ်လက်ကိုင်ပြုနိုင်ရန်အတွက် ယခင်ထက်ပိုမို ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကိစ္စသည် ထိုင်းနိုင်ငံ၏  ငွေကြေး ဘတ် ခိုင်မာလာမှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ ဘဏ္ဍာရေးမူဝါဒဦးစီးဌာနမှ ညွှန်ကြားရေးမှူးဆိုသူ Pornchai Thirraveja က အာဏာပိုင်များသည် ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေတင်ပို့မှု သိသိသာသာမြင့်တက်နေမှု အစီရင်ခံစာအပေါ် လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း Post Today သို့ ပြောကြားခဲ့ပါသည်။ အဆိုပါမြင့်တက်မှုသည် ပုံမှန်မဟုတ်သော ဘတ် လဲလှယ်မှု နှုန်းမြင့်တက်မှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၎င်းက ကမ္ဘောဒီးယားနိုင်ငံ၏ ထိုင်းနိုင်ငံမှ ရွှေတင်သွင်းတိုးမြှင့်ခြင်းသည် ပြည်တွင်း Riel တည်ငြိမ်မှုများနှင့် ပတ်သက်နေနိုင်ပြီး ကမ္ဘောဒီးယားပြည်သူများကို ရွှေများပိုမိုရရှိစေရန် နှင့် နိုင်ငံခြားငွေကြေးများ ပိုမို စုဆောင်းနိုင်စေ ရန်ဖြစ်ကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံကြား နယ်နိမိတ်နီးစပ်မှုများကြောင့် ထိုင်းနိုင်ငံသည် အဆိုပါ ဝယ်ယူမှုများအတွက် အရင်းအမြစ်တစ်ခုဖြစ်လာကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ဘတ် ၇၁.၃၁၂ ဘီလီယံ တန်ကြေးရှိသော ရွှေများကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပေါ်နေ သော အခြေအနေများအရ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဘတ် ၁၆၀ ဘီလီယံခန့်တန် ကြေးရှိ သော ရွှေများကို တင်သွင်းနိုင်လိမ့်မည်ဖြစ်ပြီး ယခင်နှစ်ထက် ပိုမိုတင်သွင်းမှုများနိုင် ကြောင်း သိရပါသည်။   

 DOCA (ရန်ကုန်)

 

ထိုင်းနိုင်ငံ၏မော်တော်ကားထုတ်လုပ်မှုသည် သြဂုတ်လတွင် ၆.၁၁ ရာခိုင်နှုန်းကျဆင်း

  ထိုင်းနိုင်ငံ မော်တော်ကားထုတ်လုပ်မှုသည် သြဂုတ်လတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပြည်ပသို့တင်ပို့မှုကျဆင်းလာခြင်းကြောင့် နှစ်လဆက်တိုက် ကျဆင်းခဲ့ကြောင်း တိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) ၏ စက်တင်ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော အချက် အလက်များအရ သိရှိရပါသည်။

    ထိုင်းမော်တော်ကားထုတ်လုပ်သူများသည် ပြီးခဲ့သည့်လက ယာဥ်အစီးရေ 112366 စီးထုတ် လုပ်ခဲ့ရာ ယခင်နှစ်ကထက် ၆.၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၁၁.၃၉ရာခိုင်နှုန်း ကျဆင်း မှု မှလျော့နည်းခဲ့ကြောင်း FTI ပြောကြားခဲ့ပါသည်။

      ထုတ်လုပ်မှုကျဆင်းရခြင်း၏ အကြောင်းရင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စက်ပစ္စည်း များ တပ်ဆင်ရန်အတွက် ပိုမိုတင်းကြပ်သောစည်းကမ်းများနှင့် ကုန်သွယ်ဖက်များမှ ချမှတ်ထား သော ကာဗွန်ထုတ်လုပ်မှုဆိုင်ရာ စည်းမျဥ်းများကြောင့်ဖြစ်ကြောင်း FTI ကပြောကြားခဲ့ပါသည်။

      အစိုးရ၏ အခွန်လျော့ချမှုနှင့် ထောက်ပံ့ကြေးအောက်တွင် ယခင်တင်သွင်းမှုများကို ဖြည့်ဆည်းနိုင်ရန်လျှပ်စစ်ကား (EVs) များထုတ်လုပ်မှုကြောင့် ပြည်တွင်းစျေးကွက် ထုတ်လုပ်မှု မှာ ယခင်နှစ် ထက် ၄.၁၁ ရာခိုင်နှုန်းတက်လာ ခဲ့ကြောင်းသိရှိရပါသည်။

        ၂၀၂၅ ခုနှစ်ပထမ၊ ရှစ်လအတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ၅.၇၇ ရာခိုင်နှုန်း ကျဆင်းကာ ၉၄၇၆၉၇ စီးသာ ရှိခဲ့ပါသည်။ ပြည်တွင်းမော်တော်ကားရောင်းအားသည် သြ ဂုတ်လတွင် ၅ လဆက်တိုက် မြင်တက်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်ကထက် ၅.၃၈ ရာခိုင်နှုန်း တိုးတက် ကာ ၄၇၆၂၂ စီးရှိခဲ့ပါသည်။

          ထိုင်းနိုင်ငံ၏ ကားတင်ပို့မှုသည် သြဂုတ်လတွင် ယခင်နှစ်ထက် ၁၇.၃၀ ရာခိုင်နှုန်းကျဆင်း ၍ ၇၁၁၇၉ စီးရှိခဲ့ပါသည်။ ၎င်းသည် လောင်စာဆီသုံးယာဉ်များ တင်ပို့မှုလျော့နည်းသွားခြင်း ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘင်္ဂလား‌ဒေရှ့်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ဇူလိုင်လတွင် တင်သွင်းမှုများမြင့်တက် လာခြင်းကြောင့်ကျယ်ပြန်လာ

  ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမလ ဖြစ်သည့် ဇူလိုင်လတွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃.၄၂ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ အထိ‌ရောက်ရှိခဲ့ကြောင်း ဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန် ချက်များအရသိရှိ ရပါသည်။

    ဘင်္ဂလားဒေရှ့်ဘဏ်၏ အချက်အလက်များအရ ဇူလိုင်လတွင် နိုင်ငံ၏ သွင်းကုန်ပေးချေမှု သည် အမေရိကန်ဒေါ်လာ ၅.၉၂၉ ဘီလီယံရှိပြီး ၁၉ ရာခိုင်နှုန်းတိုးလာခဲ့ပါသည်။ ထိုကာလ အတွင်း ပို့ကုန်မှ ရသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄.၄၂၅ ဘီလီယံရှိပြီး ၂၇.၁ ရာခိုင်နှုန်းတိုးလာခဲ့ပါ သည်။

      ပြည်ပမှ ငွေလွဲဝင်ရောက်မှုကို တိုးလာခြင်းက နိုင်ငံ၏ ကျယ်ပြန့်လာ‌သော ကုန်သွယ်မှု လိုငွေ ၏သက်ရောက်မှုကို အမြဲထိန်းညှိ‌ပေးခဲ့ပါသည်။ နိုင်ငံအတွင်းသို့ ပြင်ပမှ ငွေလွှဲဝင်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ဖြင့် စံချိန်တင် မြင့်တက်ခဲ့ပြီး နိုင်ငံ၏နိုင်ငံခြားငွေ အရင်းအမြစ်များအတွက် အသက်ရှူချောင်စေခဲ့ ကြောင်းသိ ရှိရပါသည်။

DOCA(ရန်ကုန်)

စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် သြဂုတ်လတွင် ၀.၃ ရာခိုင်နှုန်းသို့လျော့ကျ

   စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် တရားဝင်ထုတ်ပြန်သည့် အချက်လက်များ အရ သြဂုတ်လတွင် ယခင်နှစ်အလားတူကာလထက် ၀.၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရသိရှိရပါ သည်။

          ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန နှင့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့၏ ပူးတွဲ ကြေညာချက်တွင် ဝန်ဆောင်မှုလုပ်ငန်းငွေကြေးဖောင်းပွမှုလျော့နည်းခြင်းကြောင့် နှေးကွေးသွား ရခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားပါသည်။

          တစ်လချင်းအလိုက် အခြေခံစားသုံးသူစျေးနှုန်းများသည် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ သည်။ အခြေခံစားသုံးသူစျေးနှုန်းညွှန်ကိန်းသည် နေထိုင်စရိတ်နှင့် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး စရိတ်များ မပါဝင်ဘဲ အခြေခံကျသော ဝယ်လိုအားကြောင့် ဖြစ်ပေါ်သည့် ငွေကြေးဖောင်ပွမှုကို တိုင်းတာသည့် အဓိက ညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

          အထွေထွေ ငွေကြေးဖောင်းပွမှုသည် လျော့ကျခဲ့ပြီး ယခင်နှစ်ကထက် သြဂုတ်လတွင် ၀.၅ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၀.၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ ထုတ်ပြန်ချက်တွင် အဓိက ငွေကြေး ဖောင်းပွမှုလျော့ကျခြင်းအပြင် နေထိုင်စရိတ် ငွေကြေးဖောင်းပွမှုမှာလည်း ကျဆင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။

 DOCA (ရန်ကုန်)

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၄.၆၅ သန်းခန့်ရှိ

  တရုတ်နိုင်ငံရှိ 5G အခြေစိုက်စခန်းအရေအတွက်သည် သြဂုတ်လကုန်တွင် ၄.၆၅ သန်းနီးပါးအထိ ရောက်ရှိခဲ့ကြောင်း စက်တင် ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော တရားဝင် အချက်အလက်များ အရ သိရှိရပါသည်။

          စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အဆိုအရ ၎င်းအရေအတွက် သည် တစ်နိုင်ငံလုံးရှိ မိုဘိုင်းအခြေစိုက်စခန်းစုစုပေါင်း၏ ၃၆.၃ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါသည်။

          တရုတ်မိုဘိုင်းဖုန်း အသုံးပြုသူများလာပြီး 5G ဝန်ဆောင်မှုကို အသုံးပြုလာကြပါသည်။ သြဂုတ်လကုန် အထိနိုင်ငံ၏ အဓိကဆက်သွယ်‌ရေးလုပ်ငန်းကြီးသုံးခုနှင့် China Broadnet တို့၏ မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်သည် ၁.၈၂ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ကြောင်း အချက် အလက်များအရ သိရှိရပါသည်။

          ၎င်းတို့ထဲတွင် ၁.၁၅ ဘီလီယံကျော်သည် 5G မိုဘိုင်းဖုန်းအသုံးပြုသူများဖြစ်ပြီး ပြီးခဲ့သည့် နှစ် ကုန်မှစ၍ သန်း ၁၄၀ တိုးလာခဲ့ကာ စုစုပေါင်း မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ၆၃.၄ ရာခိုင်နှုန်းရှိခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ