မြိတ်မြို့အတွင်းလွယ်ကူစွာဝယ်ယူစားသုံးနိုင်သောအသင့်စားလက်ဖက်

Powered by Drupal

    မြန်မာ့ရိုးရာအစားအစာဖြစ်သော လက်ဖက်ကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် ကြပါ သည်။ လက်ဖက်ကိုရှမ်းပြည်နယ်တွင် အများအပြားစိုက်ပျိုးကြပါသည်။ လက်ဖက်ရရှိဖို့အတွက် လက်ဖက် အပင်မှခူးထားသော လက်ဖက်အရွက်နုများကို နွမ်းသွားသည်အထိရေဖြင့်ပြုတ်ပြီးနောက် အဖန်ရည် ကုန်သည် အထိရေညှစ်ပြီး‌ နှစ်လခန့်ကြာအောင်သိပ်ထားရပါသည်။ လက်ဖက်စိုကို ရေနွေးဖြင့်ဆေး၍ ကြိတ်ဆုံတွင် လက်ဖက်အသားကို ဆား၊ကြက်သွန်ဖြူတို့နှင့်ထောင်းပြီး ဆီမြုပ်နေ အောင်နှပ်ထားရပါသည်။ နှပ်ထားသော လက်ဖက်ကို ပဲကြီး၊ပဲခြမ်း၊မြေပဲ၊ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီး၊ ကြက်သွန်နီ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ သံပုရာရည်၊ ပုဇွန်ခြောက်တို့ဖြင့် ရောနှောကာစားသုံးကြပါသည်။ လက်ဖက်စိမ်းရေနွေးကြမ်းကို နေ့စဥ်သောက်သုံးခြင်းဖြင့် သွေးတိုးကျစေပါသည်။ လက်ဖက်ရွက်ကို စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကို ကျစေပါသည်။ မြိတ်မြို့တွင် ရောင်းချနေသော လက်ဖက်စျေးနှုန်းမှာ လက်ဖက်စိုတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်‌ဖြင့် ရောင်းချ ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)