ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်သူများ အပိုဝင်ငွေရရှိရေး ပဲစဉ်းငုံသီးနှံ တိုးချဲ့စိုက်ပျိုးပေး

ပဲစဉ်းငုံပင်သည်   အပူပိုင်းဒေသများနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်ပင် ဖြစ်သော်လည်း ()နှစ်ခံသီးနှံပင်အဖြစ် စိုက်ပျိုးကြသည်။ ပဲစဉ်းငုံကို မိုးသီးနှံအဖြစ် အထက်မြန်မာ ပြည်အပူပိုင်းခြောက်သွေ့သော ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ နုန်းမြေ စေးတို့တွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ ပဲမျိုးနွယ်ဝင်အပင်များတွင် ပဲစဉ်းငုံပင်သည် မိုးခေါင်ဒဏ် ကို အလွန်ခံနိုင်သော အပင်ဖြစ်ပါသည်။ သို့သော်လည်း မိုးရေချိန် (၁၆)လက်မအောက် နည်းသော ဒေသများတွင် ရေသွင်း၍ စိုက်ပျိုးသင့်ပြီး ပထမစိုက်ပျိုးချိန် ()လတွင် မြေအစိုဓါတ် ကောင်းစွာရှိရ မည်ဖြစ်သည်။

          ပဲစဉ်းငုံအား ပင်တောင်နှင့် ပင်ပြန့်ဟူ၍()မျိုးရှိပြီး အသက်ရက်အလိုက် သက်လျင်(ရေဆင်း-၃၊ ရေဆင်း -၁၀)၊ သက်လက် (ရေဆင်း -၄၊ ရေဆင်း- ၉၊ ငါးဆံ)၊ သက်ကြီး (ရေဆင်း -၆၊ ရေဆင်း- ၈ ၊ သူဌေးကုန်း၊ ကျွဲခြံ) ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြရာ ရောင်းဝယ်ဖောက်ကားချိန်တွင် ပဲစဉ်းငုံအနီ၊ ပဲစဉ်းငုံ အဖြူဟူ၍ ခေါ်ဝေါ်ကြပြီး ရောင်းဝယ်ဖောက်ကားကြသည်။ ရက်ပေါင်း (၁၆၀)အောက်ကို သက်လျင် (သက်ငယ်)၊ ရက်ပေါင်း (၁၆၀-၂၀၀)ကြားကို သက်လက်၊ ရက်ပေါင်း (၂၀၀)အထက်ကို သက်ကြီးဟု ခွဲခြားသတ်မှတ်ထားကြသည်။ စိုက်ဧက ()ဧကလျှင် သက်ကြီးမျိုး (၉၆၀၀)ပင်၊ သက်လက်မျိုး (၁၄၀၀၀)ပင်နှင့် သက်လျင်မျိုး (၄၃၀၀၀)ပင် စိုက်ပျိုးနိုင်သည်။

          ပဲစဉ်းငုံပင်အား သီးသန့် (သို့)သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တန်းရက်အလိုက် သတ်မှတ်ထားသော အပင်အရေအတွက် ဝင်အောင်စိုက်သင့်ပါသည်။ သီးညှပ် သီးနှံအဖြစ်စိုက်ပျိုးရာတွင် ()တန်းနှင့်()တန်းကြား ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာ၊ နှံစားပြောင်း ()တန်းမှ ()တန်းအထိ သီးညှပ်စိုက်ပျိုးနိုင်သည်။ ပင်ကြား၊ တန်းကြားအနေဖြင့် သက်ကြီး (၁ပေ × ၅ပေ)၊ သက်လက် (၁ပေ × ၃ပေ)၊ သက်ငယ် (၆လက်မ × ၂ ပေ) အကွာအဝေးထား၍ စိုက်ပျိုးကြသည်။ သီညှပ်သီးနှံဆိုလျှင် အပင်ကြား(၁ပေ- ၃ ပေ)နှင့် တန်းကြား (၇ ပေ - ၁၀ ပေ)အထိ စိုက်ပျိုးနိုင်ပါသည်။ ပင်ကြား၊ တန်းကြား အကွာအဝေးသည် စိုက်ပျိုးသည့်ရည်ရွယ်ချက်၊ မြေအမျိုးအစားပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။

          စိုက်ဧက () ဧကလျှင် ပင်ကြား၊ တန်းကြားမတူညီခြင်း၊ စိုက်ပျိုးနည်းပေါ်မူတည်၍ ပဲစဉ်းငုံမျိုး ()ပြည်၊ ()ပြည်၊ ()ပြည်သာ အသုံးပြုရပါသည်။ မျိုးစေ့ပေါက် ရာခိုင်နှုန်း (၈၅)အထက်ရှိသော မျိုးစေ့ကိုသာ စိုက်ပျိုးသင့်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးမျိုးကိုသာ အဓိကထားစိုက်ပျိုး၍ သီးညှပ် သီးနှံအဖြစ်အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးအစပိုင်းတွင် ကြီးထွားမှုနှေးသောကြောင့် ပေါင်းပင်၊ မြက်ပင်များ သေချာရှင်းလင်းရပါသည်။ စိုက်ပျိုးပြီး ()ပတ်မှစ၍ အပွင့်ပွင့်သည့်အချိန်အထိ အထွက် တိုးရွက်ဖျန်းအားဆေးရည် ()ကြိမ်၊ ()ကြိမ် ဖျန်းပေးနိုင်ပြီး အထွက်နှုန်းကောင်းစေရန်အတွက် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဇင့် ၊ မဂ္ဂနီဆီယမ်ဓါတ်တို့လည်း လိုအပ်ပါသည်။ ရောဂါသယ်သော စုပ်စားပိုးအမျိုးမျိုးနှင့် သီးတောင့်ကျရောက်သည့်အချိန် သီးလုံးဖောက်ပိုးများကို အပွင့်မပွင့်မီ ကြိုတင် ကာကွယ်နှိမ်နင်းထားရပါသည်။ အပွင့်ပွင့်သည့်အချိန်တွင် မိုးရွာလွန်ခြင်း ၊အစိုဓါတ်နည်းခြင်း၊ အပူချိန် မြင့်လွန်းခြင်းများနှင့် ကြုံပါက အထွက်နှုန်းလျော့နိုင်သောကြောင့် ၎င်းအခြေအနေနှင့် လွတ်အောင် စိုက်ရပါသည်။ သီးညှပ်သီးနှံဖြစ်သည့်အတွက် ထယ်ထိုးခြင်း၊ ကြောင်းဆွဲခြင်း၊ ပေါင်းနှုတ်ခြင်း၊ မြက်နှုတ်ခြင်းများအား ပဲစဉ်းငုံပင်အတွက် သီးသန့်လုပ်ကိုင်စရာမလိုသောကြောင့် ကုန်ကျစရိတ်လည်း သက်သာစေပါသည်။   ပဲစဉ်းငုံများကို သက်ကြီးမျိုးနှင့် သက်လတ်မျိုးများအား ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် နောက်ဆုံးထားစိုက်ပျိုး၍ သက်ငယ်မျိုးများကို ဩဂုတ်လမှ အောက်တိုဘာလ (ပထမပတ်)တွင် နောက်ဆုံးထားစိုက်ပျိုးကြသည်။ ပဲစဉ်းငုံပင်များသည်  ဒီဇင်ဘာလမှစ၍ မက်လအထိ အများဆုံးသီးနှံ ပေါ်ချိန်ဖြစ်ပြီး သီးနှံမပေါ်မီ ကြားသီးနှံများ နှုတ်သိမ်းရသဖြင့် အပိုဝင်ငွေများလည်း ရရှိနိုင်ပါသည်။

          စိုက်ဧက ()ဧကလျှင် မျိုးစေ့ ()ပြည်၊ ()ပြည်၊ ()ပြည်သာ ကုန်ကျပြီး အထွက်နှုန်းအနေ ဖြင့် သက်ကြီးမျိုး စိုက်ဧက ()ဧကလျှင် တင်း(၃၀)မှ (၄၀)နှုန်း၊ သက်ငယ်မျိုး စိုက်ဧက ()ဧကလျှင် တင်း (၂၀)အောက် ထွက်ရှိပါသည်။ ထိုသို့ အရင်းအနှီးနည်း၍ အထွက်နှုန်းကောင်းမွန်သောကြောင့် တောင်သူကြီးများအနေဖြင့် ယခင်နှစ်ကထက် ယခုနှစ်တွင် စိုက်ပျိုးမှုပိုမိုများပြားလာသည်ဟု သိရှိရပါ သည်။ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလ သီးနှံပေါ်ချိန်တွင် ကုန်သည်များအနေဖြင့် ပဲစဉ်းငုံနီ ()တင်းလျှင် ကျပ်(၁၀၀၀၀၀)မှ စတင် ‌ရောင်းဝယ်မှုရှိခဲ့ပြီး ယခုနှစ်တွင် ပဲစဉ်းငုံနီ ()တင်းလျှင် ကျပ်(၀၀၀၀)မှ စတင် ရောင်းဝယ်ဖောက်ကားခဲ့ကြောင်း သိရှိရပါသည်။

          မကွေးမြို့၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာ လ (ပထမပတ်)တွင် ပဲစဉ်းငုံနီ ()တင်း လျှင် ကျပ်(၈၀၀၀၀)(ဒုတိယပတ်)တွင် ပဲစဉ်းငုံနီ () တင်းလျှင် ကျပ် (၈၁၀၀၀-၈၃၅၀၀) စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြပြီး ကုန်သည်ပွဲစားများမှာ လည်း ဝယ်ရ၊ ရောင်းရ၊ လွယ်ကူလျက်ရှိကြောင်းနှင့် ရန်ကုန်မြို့သို့ အဓိကထား တင်ပို့လျက်ရှိကြောင်း မကွေးမြို့၊ ကုန်သည်လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပြီး ပဲစဉ်းငုံသီးနှံများမှာလည်း ပြည်တွင်းစားသုံးမှု နည်းပါးပြီး ပြည်ပသို့တင်ပို့ရသော သီးနှံဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်ခြင်း၊ ရင်းနှီးငွေနည်းပါး၍ အကျိုးအမြတ်ရရှိခြင်း၊ လုပ်သားခ ကုန်ကျစရိတ်သက် သာခြင်းတို့ကြောင့် တောင်သူများ အဓိကထားစိုက်ပျိုးသင့်သည့် ပဲသီးနှံတစ်မျိုးဖြစ်သည်ဟု မေးမြန်း သိရှိရပါသည်။

DOCA(မကွေး)

လက်လုပ်မုန့်လုပ်ငန်းလုပ်ခြင်းဖြင့် အုန်းသီးခြောက်အရည် လုပ်ငန်းများလုပ်ကိုင်နိုင်

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဒေသထွက်ကုန်များ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်သည့် အပြင် သဘာဝအလျောက်ပေါက်ရောက်၍ ဒေသထွက်ကုန် ထုတ်လုပ်နိုင်သော အပင်များလည်း ရှိပေသည်။ စိုက်ပျိုးနိုင်သော သီးနှံများမှ အုန်းပင်သည် ဒေသတွင်း စီးပွားရေးဖြစ်လျက်ရှိပြီး နွေရာသီတွင် ထင် ပေါ်ကျော်ကြားသော အသီးတစ်မျိုးဖြစ်သည်။ အုန်းပင်မှ ထွက်ရှိသော အုန်းသီးကို အသုံးပြု၍ ဒေသတွင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပေသည်။ တစ်နိုင်တစ်ပိုင်စီးပွား ရေးလုပ်ငန်းဖြစ်သော ဒေသထွက်မုန့်လုပ်ငန်းများတွင် အုန်းသီးခြောက်အား အသုံးပြု၍ ပြုလုပ် ရောင်းချကြရပြီး ကျန်ရှိသော အုန်းသီးခြောက်ရည်များကို ယခင်က စျေးကွက်တွင်ပြန်လည်ရောင်း ချခြင်းမရှိသော်လည်း ယခုအခါ အုန်းသီးခြောက်ရည်များကို ပါကင်ပိတ်ထုတ်ပိုး၍  ပြန်လည်ရောင်းချ နေကြောင်းသိရှိရပါသည်။

     အုန်းသီးခြောက်အရည်ကိုသောက်သုံးခြင်းအားဖြင့်အဆီဓာတ်ကအစာချေစနစ်ကို အထောက် အကူပြုစေပြီး ဝမ်းတွင်းအပူငြိမ်းစေနိုင်သည့်အပြင် နှလုံးကျန်းမာရေးကို သက်သာစေနိုင်ကြောင်း  သိရှိရပါသည်။ လတ်ဆတ်မှုမရှိရင် ဝမ်းလျှော၊ ဝမ်းဗိုက်နာနိုင်ခြင်းကြောင့် လတ်ဆတ်သော အုန်း ခြောက်ရည်ကိုသာသုံးစွဲသင့်ကြောင်းသိရှိရပါသည်။ ဒေသတွင် အုန်းခြောက်ရည်ကို ၁လီတာဗူးများ ဖြင့် ရောင်းချလျက်ရှိပြီး စျေးနှုန်းအရ ၁၀၀၀-၁၅၀၀ ကျပ်ခန့်အထိစျေးပေါက်လျက်ရှိ ကြောင်းသိရှိရ ပါသည်။ ယခုအခါ မုန့်လုပ်ငန်းများမှ ထွက်ရှိလာသော အုန်းခြောက်ရည်အပိုသည် ဒေသတွင် စီးပွား ရေးအဖြစ် ထုတ်လုပ်လျက်ရှိပြီး အပိုဝင်ငွေများရရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ တို့ဟူးပြုလုပ်နည်းနှင့် ဒေသတွင်းဈေးကွက်

       မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ တို့ဟူးစိမ်းကိုပြုလုပ်ပြီး မိသားစု တစ်နိုင် တစ်ပိုင် စားဝတ်နေရေးအတွက် ဈေးများတွင် ပြုလုပ်ရောင်းချကြပါသည်။  တို့ဟူးစိမ်းများကို သရေ စာအဖြစ် အိမ်များတွင် ပြုလုပ်စားသုံးကြပါသည်။ တို့ဟူးကျိုရန်အတွက် ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ   မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက် ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုန့်၊ ဆား၊ ဆီအနည်းငယ်ထည့် ပြီး မီးအနေတော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေး တွေစဖြစ်လာပါက အဆက်မပြတ်မွှေ ပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ်ခန့်ကြာ လျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချ ရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း(သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့် ဇွန်း နှင့်ညှိပေးရကြောင်း၊ ပြီးနောက် သုံးနာရီအအေးခံ ထားပြီးပါက တို့ဟူးစိမ်းများရရှိကြောင်းသိရှိရပါသည်။ ဒေသထွက်တိုဟူးများကို ဈေးကွက်စျေးနှင့် ကျေးရွာများသို့ တင်ပို့ရောင်းချပြီး အိမ်တွင်းစားသုံးမှုအနေဖြင့်လည်းပြုလုပ်ကြကြောင်း သိရှိရပါ သည်။

    ၂၀၂‌၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် မြိတ်မြို့ ဈေးကြီးများတွင် ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀) ကျပ်နှင့် လက်ကား တစ်ပိဿာ လျှင်(၅၅၀၀)ကျပ်  ဖြင့် စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအဆင်ပြေ လျက်ရှိ ကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့၏MSME လုပ်ငန်းဖြစ်သောကြိတ်ခေါက်ဆွဲဈေးနှုန်းမြင့်တက်လာခြင်း

         မြင်းခြံမြို့အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး ရောင်းချလျက်ရှိသည့်အနက်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကြိတ်ခေါက်ဆွဲ ၂၅ ကျပ်သားလျှင် (၁၇၀၀) ကျပ်၊ တစ်ပိဿာလျှင်(၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကြိတ်ခေါက်ဆွဲ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်  ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက် ခြင်းခဲ့ခြင်းမှာ ကုန်ကြမ်းဂျုံမှုံဈေး အနည်းငယ်မြင့်တက်သဖြင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း၊ စားသုံးမှုများပြား၍ နေ့စဉ်ကုန်ချိန် (၃၀-၅၀) ပိဿာခန့်ရောင်းချရကြောင်း၊ ဈေးကွက် အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဝယ်ယူကြကြောင်း၊ ဆီချက်ခေါက်ဆွဲ၊ အုန်းနို့ခေါက် ဆွဲနှင့် နို့စိမ်း ခေါက်ဆွဲရောင်းချသူများ၊ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြကြောင်း၊ ထုတ်လုပ်ရာတွင် ခေါက်ဆွဲသားများနူးညံ့စေရန် အကောင်း ဆုံးဂျုံမှုံ့ကို အသုံးပြု ထားပြီး တာရှည်ခံဓါတုဆေးများ မပါဝင်သောကြောင့်ကလေးနှင့် လူကြီးများ အတွက် စားသုံးရာ တွင်အထူးသင့်လျော်ကြောင်း ကြိတ်ခေါက်ဆွဲ ထုတ်လုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

ဒီဇင်ဘာလ  အရောင်းအဝယ်ဖြစ်သော မြေပဲဖတ်ဈေးနှုန်း

    မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ် သည့်အပြင် ဆီကြိတ်စက်၊ ဆန်စက်များ၊ နို့ချက်လုပ်ငန်း၊ ပဲကြော်လုပ်ငန်းများ အများအပြားရှိပါ သည်။ ငါန်းဇွန်မြို့နှင့် မြို့သာမြို့ရှိ ဆီကြိတ်စက်များသို့ ကျေးရွာမှ မိမိတို့စားသုံးရန်အတွက် သော်လည်းကောင်း၊ မြေပဲဆီရောင်းချရန်အတွက်သော်လည်းကောင်း လာရောက်ကြိတ်ခွဲကြပါ ကြောင်း၊  ထိုသို့ကြိတ်ခွဲ၍ ရရှိလာသော မြေပဲဖတ်၊ နှမ်းဖတ်များကို အချို့က နွားစာအဖြစ် အသုံးပြုရန် ယူကြပြီး အချို့က ဆီကြိတ်ခွဲခ ရသည့်အပြင် အပိုဝင်ငွေရရှိရန် ရောင်းချခဲ့ကြကြောင်း၊ မြေပဲတစ်တင်းခွဲကြိတ်လျှင် ဆီ (၁၁)ပိဿာရရှိပြီး မြေပဲဖတ် (၁၃/၁၂.၅၀)ပိဿာ ထွက်ရှိကြောင်း၊ နှမ်းတစ်တင်းခွဲကြိတ်လျှင် ဆီ(၁၁)ပိဿာရရှိပြီး နှမ်းဖတ် (၁၀/၁၁)ပိဿာထွက်ရှိကြောင်း၊ သီးနှံ အရည်အသွေးပေါ်မူတည်၍ ဆီနှင့်နှမ်းဖတ် ထွက်ရှိကြောင်း  သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လတွင် မြေပဲဖတ် တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ်တွင် မြေပဲဖတ် တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဆီစက်များမှတစ်ဆင့်  မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင်  ဝါသီးနှံများ စတင်ခူးဆွတ်

    ငါန်းဇွန်မြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် ဝါသီးနှံလျာထားဧက (၉၀၈၄)ဧက၊ ဝါသီးနှံစိုက်ဧက (၉၀၄၄) ဧကရှိရာ ယခု ဒီဇင်ဘာလဆန်းတွင် (၃၉၅)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်း (၅၃၅.၃၂)ပိဿာထွက်ရှိပြီး အထွက်ပေါင်း (၁၆၇၃၆၉)ပိဿာ ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဝါကြီးမျိုး၊ မလှိုင်ဝါ နှင့် ချည်မျှင်ရှည်ဝါ မျိုးများကို စိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်တွင် ပေါ်စချိန် တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အချိန် (၅၀၀/၈၀၀) ပိဿာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝါအရောင်းအဝယ်ဖြစ်သော ညောင်ချင်းကျေးရွာမှ ပွဲစားထံမှ သိရသည်။ ယခင်က ယက်ကန်းယက်သူများသောကြောင့် ဒေသတွင်းအသုံးပြုကြကြောင်း ယခုအခါတွင် ဒေသတွင်း ဝါကြိတ်ခွဲစက်များ မရှိသောကြောင့် ဒေသတွင်း အသုံးပြုမှု မရှိတော့ပါကြောင်း၊ ဝယ်ယူသောဝါများကို အခြောက်လှန်းခြင်း ပြုလုပ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကြိတ်ခွဲခြင်း မရှိကြောင်း သိရသည်။

DOCA(မန္တလေး)

“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူ ၍  ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

              ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ရောင်းချဆိုင်များဖြစ်သည့် ဒေါ်အိအိချော ကုန် စုံဆိုင်၊ ဒေါ်မိုးစန္ဒာကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံဆိုင်တို့မှ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၃၅) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၀၀၀မှ ၁၆၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)ဆိုဒ်စုံ တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အိုင်အိုဒင်း ဆားတစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀မှ ၇၅၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

                   ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် စားအုန်းဆီနှင့် ကြက်သွန်နီ ဈေးနှုန်း အနည်းငယ်ကျဆင်းလျှက်ရှိပြီး အခြားသောစားသောက်ကုန်ဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိကြောင်းတွေ့ရှိရပြီးလုပ်ငန်းရှင်များသို့မေးမြန်းရာရန်ကုန်ဝယ်ယူတင်သွင်းရသည့် ဈေးနှုန်း ကျဆင်း၍ အနည်းငယ်ကျဆင်းရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ရာသီစာဇီးချဉ်သီးဈေးနှုန်း

    မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံများထွက်ရှိသည့်အပြင် သီးနှံ စိုက်ပျိုးသည့်လယ်ယာများ၏ လယ်ကန်သင်းများတွင်အလေ့ကျပေါက်သည့် ဇီးချဉ်သီးများမှ ဇီးချဉ် သီးရာသီချိန်တွင် တောင်သူများ တစ်လက်တလမ်းမှ အပိုဝင်ငွေရရှိလျက်ရှိပါသည်။ ဇီးချဉ်သီးမှာ ဆိတ်စားဇီးသီးနှင့် ရိုးရိုးအချဉ်သီးဟူ၍ (၂) မျိုးရှိပါသည်။ သာစည်မြို့နယ် ပေါက်တောရွာ၊ အင်းရွာ၊ ဆင်ဝင်ရွာ၊ အိုင်ကြီးလည်ရွာ အစရှိသောရွာများမှထွက်ရှိပြီး ဈေးကွက်အတွင်းဝင်ရောက် ရောင်းချနေကြောင်း တွေ့ရပါသည်။

        ဇီးသီးသည် ရာသီစာဖြစ်၍ တစ်ကြိမ်သာ စားသုံးခွင့်ရှိသော သီးနှံတစ်မျိုးဖြစ်ပြီး ဇီးချဉ် သီးကို ဒီဇင်ဘာလမှစ၍ ဖေဖော်ဝါရီလနှင့် မတ်လများအထိ ကောက်သိမ်းနိုင်ပြီး ဇီးချဉ်သီးမှ ရရှိသော ဇီးသီးအမှည့်ကို ဈေးကွက်သို့ အခြောက်ခံ၍ ရောင်းချခြင်း၊ ဇီးချဉ်သီးကို ဇီးယို၊ ဇီးထုပ်၊ ဇီးပြား၊ ဇီးထန်းလျက်နှင့် ဇီးဖျော်ရည်များအဖြစ် တန်ဖိုးမြင့်ထုတ်ကုန် တစ်ပိုင်တနိုင်ထုတ်လုပ် ရောင်းချကြပါသည်။ ဇီးချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါရှိသည့်အတွက် လူသား တို့၏ ကျန်းမာရေးကိုလည်း အကျိုးပြုစေပါသည်။ဆိတ်စားဇီးချဉ်သီးမှာ တောင်သူများ တစ်ပိုင် တစ်နိုင် မွေးမြူထားသော ဆိတ်များအား အစာအဖြစ်ကျွေးပြီးနောက် ရရှိလာသော ဇီးစေ့များ အား ဆိတ်စား ဇီးချဉ်သီးအဖြစ်လည်းကောင်း ရောင်းချကြပါသည်။ ဇီးချဉ်သီးနှင့် ဆိတ်စား ဇီးချဉ်သီးအစေ့များကို ရွာလာပွဲစားများသို့ ရောင်းချခြင်း၊ မိတ္ထီလာပွဲရုံများသို့ တင်ပို့ရောင်းချ ကြကြောင်း၊ ဇီးချဉ်သီးမှ တောင်သူများ တစ်ဘက်တစ်လမ်းမှ အပိုဝင်ငွေရရှိ၍ အကျိုးဖြစ်ထွန်း လျက်ရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ယခုနှစ် ဇီးချဉ်သီးရာသီ ပေါ်ချိန်တွင် ဇီးချဉ်သီးဈေးနှုန်းမှာ တစ်တင်းလျှင် (၅၀၀၀) ကျပ်ရှိပြီး ဆိတ်စားဇီးချဉ်အစေ့မှာ တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ရှိကြောင်း ယခုလိုကာလများတွင် လုပ်သားများအတွက် အကျိုး ဖြစ်ထွန်းကာ  အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။ အချို့ တောင်သူကြီးများတွင် ဇီးချဉ်သီးအမှည့်ခြောက် တင်း (၅၀) မှ (၈၀) အထိ ရရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

၁၆.၁၂.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးဈေးနှုန်းများ

          ဘုရင့်နောင်ပွဲရုံအတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ပွဲရုံဖြစ်ပေါ်ခဲ့သော ငရုတ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၈၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၈၀၀၀၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၄၀၀၀/၁၄၅၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၃၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၃၀၀၀၀ ၊ ဇီးပွ(ပု) ကျပ် ၂၁၅၀၀/၂၃၀၀၀၊ ရှမ်း(ရှည်) ကျပ် ၁၆၀၀၀/၁၇၀၀၀ တို့အသီးသီးဖြစ်ကြောင်း ယနေ့ ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ငရုတ်သီး (၂၅၀)အိတ်နှင့် (၅၀၀၀)ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၆.၁၂.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ နီနှင့် အာလူးဈေးနှုန်းများနှင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သည့်အရေအတွက်

      ၁၆.၁၂.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၆၅၀၀/၁၇၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၅၀၀အောင်ပန်းထူး-၄ ကျပ် ၅၅၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၂၅၀၀၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၆၅၀၊  ဆိပ်ဖြူ (သစ်) လတ်သန့် ကျပ် ၁၂၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၅၅၀၊ မြင်းခြံ(သစ်)ရှယ် ကျပ် ၂၁၀၀၊   မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၃၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၄၅၀၊ မုံရွာ (သစ်)ရှယ် ကျပ် ၂၅၀၀၊   မုံရွာ (သစ်) လတ်ကြီး ကျပ် ၁၆၅၀၊ မုံရွာ (သစ်) လတ်သန့် ကျပ် ၁၂၀၀၊ မုံရွာ (သစ်) လတ်ချော ကျပ် ၅၅၀၊ ပခုက္ကူ (သစ်)ရှယ် ကျပ် ၂၅၀၀၊   ပခုက္ကူ (သစ်) လတ်ကြီး ကျပ် ၁၆၅၀၊ ပခုက္ကူ (သစ်) လတ်သန့် ကျပ် ၁၂၀၀၊ ပခုက္ကူ (သစ်) လတ်ချော ကျပ် ၅၅၀ တို့ရှိကြောင်း၊ အာလူး တစ်ပိဿာလျှင် အောင်ပန်း A1 (သစ်)ကျပ် ၃၃၀၀၊ အောင်ပန်း OK (သစ်) ကျပ် ၃၇၀၀၊ အောင်ပန်း S1 (သစ်) ကျပ်၊ ၄၂၀၀၊ အောင်ပန်း S2 (သစ်) ကျပ် ၄၇၀၀၊ တရုတ်အာလူး ကျပ် ၅၅၀၀/၅၈၀၀ တို့ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၄၀၀ နှင့် ကျပ် ၁၅၀ ဈေးနှုန်းတက်ပါကြောင်း၊ ကြက်သွန်ဖြူ ကြူကုတ်မှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဈေးနှုန်းကျပါကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း